ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမယ့် ကော်တင်ညို လပေါင်းများစွာ နားရဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းကွင်းလယ်ဖန်တီးရှင် ကော်တင်ညိုဟာ ဘယ်ဘက်ဒူးဒဏ်ရာရဲ့ပြင်းထန်မှုအခြေအနေကို သိနိုင်ရေးအတွက် ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ကြောင်း သိရပါတယ်။
ဘရာဇီးလက်ရွေးစင် ကော်တင်ညိုဟာ အင်္ဂါညက အီဘာနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပွဲချိန် ၆၆ မိနစ်အရောက် လူစားဝင်ကစားခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ အဆိုပါဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။


အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ လီဗာပူးကွင်းလယ်လူဟောင်းဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေတယ်လို့ သိရပြီး ယခုအခါ ဘာစီလိုနာအသင်းက ခွဲစိတ်ကုသမှုခံယူရမယ်လို့ အတည်ပြုပါတယ်။
”ကော်တင်ညိုဟာ ဘယ်ဘက်ဒူးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကုသမှုခံယူရမှာဖြစ်သလို လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ်”လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ကော်တင်ညိုကို ကာလရှည်ဆုံးရှုံးရတော့မှာဖြစ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး လက်ရှိအချိန်မှာ အဓိကကစားသမားတွေဖြစ်တဲ့ အန်ဆူဖာတီ၊ ဆာဂျီရောဘတ်တိုနဲ့ ပီကေးတု့ိလည်း ဒဏ်ရာပြဿာနာတွေကြောင့် ကာလရှည်အနားယူနေရပါတယ်။


ကော်တင်ညိုဟာ ယခုရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၄ပွဲကစားပေးထားတဲ့အနက် ၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပါတယ်။


လာလီဂါချန်ပီယံဟောင်း ဘာစီလိုနာဟာ အီဘာနဲ့ သရေကျခဲ့ပြီးနောက် အဆင့် ၆နေရာ ရောက်သွားပြီး အမှတ်ပေးဇယားထိပ်ဆုံးက ပူးတွဲဦးဆောင်သူ အက်သလက်တီကို၊ ရီးရဲလ်တို့နဲ့ ၇ မှတ်ကွာဟသွားပါတယ်။

ဘာစီလိုနာဟာ ၂၀၀၃ နောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပြီး ပွဲစဉ် ၁၅အပြီးမှာ ၇ပွဲသာအနိုင်ရထားသလို အဲဒီ ၂၀၀၃ ခုနှစ်က ချန်ပီယံဖြစ်သွားတဲ့ ဗလန်စီယာအသင်းရဲ့နောက် ၅ မှတ်အကွာနဲ့ ဒုတိယနေရာရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူရမယ့္ ေကာ္တင္ညိဳ လေပါင္းမ်ားစြာ နားရဖြယ္ရွိ
ဘာစီလုိနာအသင္းကြင္းလယ္ဖန္တီးရွင္ ေကာ္တင္ညိဳဟာ ဘယ္ဘက္ဒူးဒဏ္ရာရဲ႕ျပင္းထန္မႈအေျခအေနကို သိႏိုင္ေရးအတြက္ ခြဲစိတ္ကုသမႈခံယူရမွာျဖစ္ေၾကာင္း သိရပါတယ္။
ဘရာဇီးလက္ေရြးစင္ ေကာ္တင္ညိဳဟာ အဂၤါညက အီဘာနဲ႔ ၁-၁ ဂုိးသေရက်ခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၆၆ မိနစ္အေရာက္ လူစား၀င္ကစားခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာ အဆုိပါဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းကထြက္ေပၚခဲ့တဲ့သတင္းေတြအရ လီဗာပူးကြင္းလယ္လူေဟာင္းဟာ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရဖြယ္ရွိေနတယ္လုိ႔ သိရၿပီး ယခုအခါ ဘာစီလုိနာအသင္းက ခြဲစိတ္ကုသမႈခံယူရမယ္လုိ႔ အတည္ျပဳပါတယ္။
”ေကာ္တင္ညိဳဟာ ဘယ္ဘက္ဒူးမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကုသမႈခံယူရမွာျဖစ္သလုိ လာမယ့္ရက္ပိုင္းအတြင္း ခြဲစိတ္ကုသမႈခံယူရမွာျဖစ္ပါတယ္”လုိ႔ ဘာစီလုိနာအသင္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေကာ္တင္ညိဳကို ကာလရွည္ဆုံး႐ံႈးရေတာ့မွာျဖစ္လုိ႔ ဘာစီလုိနာနည္းျပ ေရာ္နယ္ကိုးမန္းအတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္ျဖစ္လာႏိုင္ၿပီး လက္ရွိအခ်ိန္မွာ အဓိကကစားသမားေတြျဖစ္တဲ့ အန္ဆူဖာတီ၊ ဆာဂ်ီေရာဘတ္တုိနဲ႔ ပီေကးတု႔ိလည္း ဒဏ္ရာျပႆာနာေတြေၾကာင့္ ကာလရွည္အနားယူေနရပါတယ္။
ေကာ္တင္ညိဳဟာ ယခုရာသီမွာ ဘာစီလုိနာအတြက္ ၿပိဳင္ပြဲစုံ ၁၄ပြဲကစားေပးထားတဲ့အနက္ ၃ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
လာလီဂါခ်န္ပီယံေဟာင္း ဘာစီလုိနာဟာ အီဘာနဲ႔ သေရက်ခဲ့ၿပီးေနာက္ အဆင့္ ၆ေနရာ ေရာက္သြားၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ပူးတြဲဦးေဆာင္သူ အက္သလက္တီကို၊ ရီးရဲလ္တုိ႔နဲ႔ ၇ မွတ္ကြာဟသြားပါတယ္။

ဘာစီလိုနာဟာ ၂၀၀၃ ေနာက္ပိုင္း အဆုိးရြားဆုံးရာသီအစနဲ႔ ရင္ဆုိင္ေနရၿပီး ပြဲစဥ္ ၁၅အၿပီးမွာ ၇ပြဲသာအႏုိင္ရထားသလုိ အဲဒီ ၂၀၀၃ ခုႏွစ္က ခ်န္ပီယံျဖစ္သြားတဲ့ ဗလန္စီယာအသင္းရဲ႕ေနာက္ ၅ မွတ္အကြာနဲ႔ ဒုတိယေနရာရရွိခဲ့ပါတယ္။