
အာဆင်နယ်နောက်ခံလူ တီယာနေးဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု လိုအပ်တာကြောင့်
ရာသီကုန်ထိ အနားယူရတော့မယ်လို့ အာဆင်နယ်က အတည်ပြုခဲ့ပါတယ်။
ဒါကြောင့် တီယာနေးတစ်ယောက် အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေအပြင်
စကော့တလန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲရှုံးထွက်
ပွဲစဉ်တွေကိုပါ လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဆဲလ်တစ်စတားဟောင်းဟာပိုလန်၊ဩစတြီးယားတို့နှင့်ရင်ဆိုင်ကစားခဲ့တဲ့
စကော့တလန်ရဲ့နိုင်ငံတကာခြေစမ်းပွဲများတွင်ပွဲချိန်ပြည့်ကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ တနင်္လာနေ့က အာဆင်နယ်အသင်း ပဲလေ့စ်ကို
(၃-ဝ) နဲ့ ရှုံးခဲ့တဲ့ ပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
အဆင့် (၄) နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်အသင်းဟာ
(၉) ပွဲကစားရန် ကျန်ရှိနေသေးတာဖြစ်ပြီး တီယာနေးကို လက်လွှတ်ရမှာက
အသင်းအတွက် ထိုးနှက်ချက် တစ်ခုဖြစ်နေပါတယ်။
အာဆင်နယ်နည်းပြအာတီတာက “နိုင်ငံတကာပွဲကစားပြီးပြန်ရောက်လာတော့
သူ့ဒူးတစ်ခုခုမှားနေခဲ့တယ်။ပျက်စီးနေတာတချို့ရှိနေပါတယ်။”လို့ပြောကြားထားပါတယ်။
zawgyi
ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈ လိုအပ္တာေၾကာင့္ ရာသီကုန္ထိ အနားယူရေတာ့မယ့္ တီယာေနး
အာဆင္နယ္ေနာက္ခံလူ တီယာေနးဟာ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈ လိုအပ္တာေၾကာင့္
ရာသီကုန္ထိ အနားယူရေတာ့မယ္လို႔ အာဆင္နယ္က အတည္ျပဳခဲ့ပါတယ္။
ဒါေၾကာင့္ တီယာေနးတစ္ေယာက္ အာဆင္နယ္ရဲ႕ လက္က်န္ပြဲစဥ္ေတြအျပင္
စေကာ့တလန္ရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲရႈံးထြက္
ပြဲစဥ္ေတြကိုပါ လြဲေခ်ာ္ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
ဆဲလ္တစ္စတားေဟာင္းဟာပိုလန္၊ဩစႀတီးယားတို႔ႏွင့္ရင္ဆိုင္ကစားခဲ့တဲ့
စေကာ့တလန္ရဲ႕ႏိုင္ငံတကာေျခစမ္းပြဲမ်ားတြင္ပြဲခ်ိန္ျပည့္ကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာ တနလၤာေန႔က အာဆင္နယ္အသင္း ပဲေလ့စ္ကို
(၃-ဝ) နဲ႔ ရႈံးခဲ့တဲ့ ပြဲမွာလည္း ပါဝင္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။
အဆင့္ (၄) ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ အာဆင္နယ္အသင္းဟာ
(၉) ပြဲကစားရန္ က်န္ရွိေနေသးတာျဖစ္ၿပီး တီယာေနးကို လက္လႊတ္ရမွာက
အသင္းအတြက္ ထိုးႏွက္ခ်က္ တစ္ခုျဖစ္ေနပါတယ္။
အာဆင္နယ္နည္းျပအာတီတာက “ႏိုင္ငံတကာပြဲကစားၿပီးျပန္ေရာက္လာေတာ့
သူ႔ဒူးတစ္ခုခုမွားေနခဲ့တယ္။ပ်က္စီးေနတာတခ်ိဳ႕ရွိေနပါတယ္။”လို႔ေျပာၾကားထားပါတယ္။