
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်ဟာ
လာမယ့်ဇန်နဝါရီလမှစတင်ကာ ပေါင်သန်း၂၀၀တန် မြို့လယ်ခေါင်
မြို့မျှော်အဆောက်အဦကို တည်ဆောက်ရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
ဂယ်ရီနဗီးလ်ဟာ၂၀၁၆ခုနှစ်ကတည်းကစိန့်မိုက်ကယ်အဆောက်အဦကို
တည်ဆောက်ရန်အစီအစဉ်ရေးဆွဲလာခဲ့ပေမယ့် ဒေသခံများရဲ့
ဝေဖန်မှုများကြောင့်ကြန့်ကြာလာခဲ့ရပါတယ်။
အသက်၄၆နှစ်ရှိဂယ်ရီနဗီးလ်ဟာကစားသမားဘဝမှအနားယူပြီးနောက်
စီးပွားရေးလုပ်ငန်းများစွာလုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။
ယခုအခါအင်္ဂလန်လက်ရွေးစင်ဟောင်းကမန်ချက်စတာရဲ့
ကောင်းကင်မြင်ကွင်းကိုပြောင်းလဲစေမယ့်အဆောက်အဦကြီးအား
တည်ဆောက်ခွင့်ရရှိလာပြီဖြစ်ကြောင်းကြေညာလာပါတယ်။
ယင်းအဆောက်အဦတွင် ရုံးခန်းများ၊လူထုအတွက်ဧရိယာ၊
လူ၉၀၀ ဆန့် မြို့တခွင်ကြည့်ရှုနိုင်မယ့် Rooftop စားသောက်ဆိုင်ပါဝင်ပါမယ်။
ယင်းအဆောက်အဦကို Bowmer & Kirkland ကတာဝန်ယူ
တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၄ခုနှစ်တွင်အပြီးသတ်သွားဖို့ရှိပါတယ်။
zawgyi
ေဒသခံမ်ားရဲ႕ ေဝဖန္မႈမ်ားေၾကာင့္ၾကန႔္ၾကာေနတဲ့ အေဆာက္အဦႀကီး တည္ေဆာက္ခြင့္ ရရွိသြားၿပီျဖစ္တဲ့ ဂယ္ရီနဗီးလ္
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္ဟာ
လာမယ့္ဇန္နဝါရီလမွစတင္ကာ ေပါင္သန္း၂၀၀တန္ ၿမိဳ႕လယ္ေခါင္
ၿမိဳ႕ေမွ်ာ္အေဆာက္အဦကို တည္ေဆာက္ရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။
ဂယ္ရီနဗီးလ္ဟာ၂၀၁၆ခုႏွစ္ကတည္းကစိန႔္မိုက္ကယ္အေဆာက္အဦကို
တည္ေဆာက္ရန္အစီအစဥ္ေရးဆြဲလာခဲ့ေပမယ့္ ေဒသခံမ်ားရဲ႕
ေဝဖန္မႈမ်ားေၾကာင့္ၾကန႔္ၾကာလာခဲ့ရပါတယ္။
အသက္၄၆ႏွစ္ရွိဂယ္ရီနဗီးလ္ဟာကစားသမားဘဝမွအနားယူၿပီးေနာက္
စီးပြားေရးလုပ္ငန္းမ်ားစြာလုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။
ယခုအခါအဂၤလန္လက္ေ႐ြးစင္ေဟာင္းကမန္ခ်က္စတာရဲ႕
ေကာင္းကင္ျမင္ကြင္းကိုေျပာင္းလဲေစမယ့္အေဆာက္အဦႀကီးအား
တည္ေဆာက္ခြင့္ရရွိလာၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။
ယင္းအေဆာက္အဦတြင္ ႐ုံးခန္းမ်ား၊လူထုအတြက္ဧရိယာ၊
လူ၉၀၀ ဆန႔္ ၿမိဳ႕တခြင္ၾကည့္ရႈႏိုင္မယ့္ Rooftop စားေသာက္ဆိုင္ပါဝင္ပါမယ္။
ယင္းအေဆာက္အဦကို Bowmer & Kirkland ကတာဝန္ယူ
တည္ေဆာက္သြားမွာျဖစ္ၿပီး ၂၀၂၄ခုႏွစ္တြင္အၿပီးသတ္သြားဖို႔ရွိပါတယ္။