
မန်ချက်စတာယူနိုက်တက်ဟာမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့အား မားကပ်စ်ရပ်ရှ်ဖို့ဒ် ချီးမြှင့်ခြင်းခံခဲ့ရပြီးနောက်
Dr Rashford MBE ဂျာစီတစ်ထည်ကို ပြသလာပါတယ်။
အသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့အပတ်တုန်းကမန်ချက်စတာ
တက္ကသိုလ်ရဲ့ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပြီး
တက္ကသိုလ်သမိုင်းတွင်အသက်အငယ်ဆုံးဂုဏ်ထူးဆောင်ဒေါက်တာ
ဘွဲ့ချီးမြှင့်ခံရသူဖြစ်လာပါတယ်။
မားကပ်စပ်ရပ်ဖို့ဒ်ဟာကိုဗစ်ကာလနှင့်
ကိုဗစ်ကာလအလွန်တို့တွင်နွမ်းပါးတဲ့ကလေးငယ်များအဟရပြည့်
အစားအစာများအခမဲ့စားသောက်ခွင့်ရရှိရန်ရှေ့တန်းမှလုပ်ဆောင်မှုကြောင့်
မန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခံခဲ့ရတာပါ။
သူဟာလွန်ခဲ့တဲ့ ၁၂ လ တုန်းက ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ဒါကြောင့်လည်း မန်ယူဟာမားကပ်စ်ရပ်ရှ်ဖို့ဒ် ကျောနံပါတ် ၁၀ နှင့်
Dr Rashford MBE အမည်ပါဂျာစီကို ဖန်တီးလာခဲ့တာဖြစ်ပါတယ်။
မန်ယူဟာယင်းအင်္ကျီကိုရပ်ရှ်ဖို့ဒ်အတွက် သီးသန့်အထူးထုတ်အဖြစ်
ထုတ်လုပ်လာတာလည်း ရပ်ရှ်ဖို့ဒ်ပရိသတ်များဝယ်ယူနိုင်အောင်
ရောင်းချလာမလားဆိုတာကိုတော့အတိအကျမပြောနိုင်သေးပါဘူး။
zawgyi
ဒေါက်တာဘွဲ့အား ချီးမြှင့်ခြင်းခံခဲ့ရပြီးနောက် Dr Rashford MBE ဂျာစီတစ်ထည်ကို ပြသတဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်