တနင်္ဂနွေနေ့တုန်းကနော်ဝေမှာကြည့်ရဆိုးတဲ့အဖြစ်အပျက်တစ်ခု
ဖြစ်ပျက်ခဲ့ပါတယ်။ပွဲကိုဦးဆောင်ထားနိုင်ပေမယ့်လည်းကစားဖော်နှစ်ဦးတို့ဟာ
နာကျင်အချိန်ပိုမှာအချင်းများခဲ့ကြပါတယ်။
Viking FK ဟာခရစ်တင်ဆန်မှာနောက်ကျဂိုး၂ဂိုးဖြင့် ပြိုင်ဘက်ကို၃-၂ဂိုးဖြင့်
အဝေးကွင်းမှာအနိုင်ရရှိခဲ့ပါတယ်။
ယင်းပွဲမှာဗီတွန်ဘီရီရှာက၈၈မိနစ်မှာပင်နယ်တီကနေချေပဂိုးသွင်းယူခဲ့ပြီး
ဆွန်ဒရီဘော်ရှိုလ်က၉၃မိနစ်မှာအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ဒါပေမယ့်ပွဲပြီးရန်
နီးကပ်နေတဲ့အချိန်မှာဒေးဗစ်ဘရီကာလိုနှင့်ပါထရစ်ဂန်နာဆင်တို့အချင်းများခဲ့ကြပါတယ်။
ဘရီကာလိုဟာကစားဖော်ဂန်နာဆင်ကိုနှစ်ကြိမ်တိုင်တိုင်တွန်းခဲ့တာဖြစ်ပြီး
ဒုတိယအကြိမ်တွန်းလိုက်မှုကြောင့်ဂိုးသမားများ မြက်ခင်းပြင်သို့လဲကျသွားခဲ့ပါတယ်။
ဂန်နာဆင်ဟာမြင်ခင်းပြင်လှဲကျပြီးနောက်ထလာချိန်တွင်
မျက်နှာမှာဒဏ်ရာပါတွေ့ခဲ့ရပြီးအထိုးခံခဲ့ရသေးတယ်လို့ယူဆရပါတယ်။
ချက်ချင်းပင်ကွင်းလယ်ဒိုင်လူကြီးရောက်လာပြီးဒေါသအိုးဘရီကာလိုဟာ
အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။Viking ဟာရမှတ်သုံးမှတ်ရယူနိုင်ခဲ့ပြီး
နော်ဝေအဆင့်မြင့်တန်းလိဂ်ရဲ့အမှတ်ပေးဇယားအဆင့်၃နေရာမှာရပ်တည်လာနိုင်ပါတယ်။
အထက်ပါအဖြစ်အပျက်မျိုးကို၂၀၀၅ခုနှစ်တုန်းကနယူးကာဆယ်
ကစားသမားများဖြစ်ကြတဲ့လီဘောင်ယာနှင့်ကီရွန်ဒိုင်ယာတို့လည်း
ဖြစ်ပျက်ခဲ့ပါတယ်။ယင်းပွဲမှာနယူးကာဆယ်က၃-ဝဂိုးဖြင့်ရှုံးနိမ့်ကာ
ကစားသမားနှစ်ဦးလုံးတို့လည်းအထုတ်ခံခဲ့ရပါတယ်။
zawgyi
ဒေါသအိုး ဘရီကာလို အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရ