ဒေါ့မွန်အသင်းမှာနောက်ထပ် ဘယ်လင်ဂမ်တစ်ဦးကစားလာတာမြင်တွေ့လာရဖို့ရှိနေ

ဒေါ့မွန်အသင်းမှာနောက်ထပ် ဘယ်လင်ဂမ်တစ်ဦးကစားလာတာ

မြင်တွေ့လာရဖို့ရှိနေပြီဖြစ်ပါတယ်။အသက်၁၈နှစ်အရွယ်ရှိဂျူ့ဟာ

၂၀၂၀ခုနှစ်၊ဇူလိုင်လတုန်းကဘာမင်ဂမ်ကနေဒေါ့မွန်သို့ပေါင်သန်း၃၀ဖြင့်ပြောင်းခဲ့ပါတယ်။

ယခုအခါဒေါ့မွန်ဟာမကြာသေးမီတုန်းကမှအသက်၁၆နှစ်ပြည့်ခဲ့တဲ့

ဂျော့ဘ်ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ကြိုးပမ်းလာပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂျူ့ဘယ်လင်ဂမ်ရဲ့ညီဖြစ်သူဂျော့ဘ်ဘယ်လင်ဂမ်ဟာ

စိန့်အင်ဒရူးမှာအလားအလာကောင်းများပိုင်ဆိုင်တဲ့လူငယ်ကစားသမားတစ်ဦးဖြစ်နေပါတယ်။

ဒေါ့မွန်အသင်းဟာဂျော့ဘ်ဘယ်လင်ဂမ်ကိုအသက်၁၄နှစ်အရွယ်ကတည်းက

စောင့်ကြည့်လာခဲ့တာလည်းဖြစ်ပါတယ်။ အသက်၁၅နှစ်အရွယ်ရှိဂျော့ဘ်ဟာ

ဩဂုတ်လတုန်းက ကိုလ်ချက်စတာ၊ဖူလ်ဟမ်တို့နှင့် EFL Cup ပွဲမှာ

အရန်စာရင်းမှာထည့်သွင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူဟာအသက်အရွယ်ကြောင့်မိဘနှင့်အတူဘာမင်ဂမ်တွင်သာနေထိုင်လိုနေသော်လည်း

ဒေါ့မွန်ကသူ့အစ်ကိုရှိရာသူတို့ဆီသို့ညီဖြစ်သူကိုလည်းခေါ်ယူရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

zawgyi

ေဒါ့မြန္အသင္းမွာေနာက္ထပ္ ဘယ္လင္ဂမ္တစ္ဦးကစားလာတာျမင္ေတြ႕လာရဖို႔ရွိေန

ေဒါ့မြန္အသင္းမွာေနာက္ထပ္ ဘယ္လင္ဂမ္တစ္ဦးကစားလာတာ

ျမင္ေတြ႕လာရဖို႔ရွိေနၿပီျဖစ္ပါတယ္။အသက္၁၈ႏွစ္အ႐ြယ္ရွိဂ်ဴ႕ဟာ

၂၀၂၀ခုႏွစ္၊ဇူလိုင္လတုန္းကဘာမင္ဂမ္ကေနေဒါ့မြန္သို႔ေပါင္သန္း၃၀ျဖင့္ေျပာင္းခဲ့ပါတယ္။

ယခုအခါေဒါ့မြန္ဟာမၾကာေသးမီတုန္းကမွအသက္၁၆ႏွစ္ျပည့္ခဲ့တဲ့

ေဂ်ာ့ဘ္ဘယ္လင္ဂမ္ကိုေခၚယူဖို႔ႀကိဳးပမ္းလာပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂ်ဴ႕ဘယ္လင္ဂမ္ရဲ႕ညီျဖစ္သူေဂ်ာ့ဘ္ဘယ္လင္ဂမ္ဟာ

စိန႔္အင္ဒ႐ူးမွာအလားအလာေကာင္းမ်ားပိုင္ဆိုင္တဲ့လူငယ္ကစားသမားတစ္ဦးျဖစ္ေနပါတယ္။

ေဒါ့မြန္အသင္းဟာေဂ်ာ့ဘ္ဘယ္လင္ဂမ္ကိုအသက္၁၄ႏွစ္အ႐ြယ္ကတည္းက

ေစာင့္ၾကည့္လာခဲ့တာလည္းျဖစ္ပါတယ္။ အသက္၁၅ႏွစ္အ႐ြယ္ရွိေဂ်ာ့ဘ္ဟာ

ဩဂုတ္လတုန္းက ကိုလ္ခ်က္စတာ၊ဖူလ္ဟမ္တို႔ႏွင့္ EFL Cup ပြဲမွာ

အရန္စာရင္းမွာထည့္သြင္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။

သူဟာအသက္အ႐ြယ္ေၾကာင့္မိဘႏွင့္အတူဘာမင္ဂမ္တြင္သာေနထိုင္လိုေနေသာ္လည္း

ေဒါ့မြန္ကသူ႔အစ္ကိုရွိရာသူတို႔ဆီသို႔ညီျဖစ္သူကိုလည္းေခၚယူရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။