
တူရကီကလပ် ဖီနာဘာချီဟာ အသင်းရဲ့ နာမည်ကျော် ကစားသမား အိုဇေးလ်ကို
လူစာရင်းကနေ ထုတ်ပယ်လိုက်တယ်လို့ သိရှိရပါတယ်။ အိုဇေးလ်နဲ့အတူ
တူရကီကစားသမားတစ်ယောက်ဖြစ်တဲ့ အိုဇန်တူဖန်ကိုပါ
ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
အိုဇေးလ်ကို ထုတ်ပယ်ရတဲ့ အကြောင်းအရင်းကတော့
နည်းပြချုပ် အစ္စမေးလ်ကာတယ်လ်နဲ့ စကားများခဲ့တာကြောင့်လို့ သိရပါတယ်။
ဖီနာဘာချီအသင်းဘက်က “အသင်းရဲ့ဆုံးဖြတ်ချက်အရ
ကျွန်တော်တို့ရဲ့ အသင်းကြီးက အိုဇေးလ်နဲ့ တူဖန်တို့နှစ်ယောက်ကို
အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။
ဒါကိုလည်း လူသိရှင်ကြား ကြေညာချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အိုဇေးလ်ဟာ အာဆင်နယ်နည်းပြ အာတီတာလက်ထက်မှာ
ရုန်းကန်ခဲ့ရတဲ့နောက် စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
အဲ့ဒီနောက် ဖီနာဘာချီကို အပြီးသတ်ရောက်ရှိလာခဲ့တာပါ။
အိုဇေးလ်နဲ့ ဖီနာဘာချီ တို့ဟာ (၃)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး
အခုမှ (၁၄)လသာ ရှိသေးတာပါ။အသက်(၃၃)နှစ်အရွယ်ရှိ
အိုဇေးလ် ဟာ ဒီရာသီမှာ ဖီနာဘာချီ အသင်းအတွက် လိဂ်ဂိုး(၈)ဂိုးသွင်းယူထားပြီး
အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။
အိုဇေးလ် ဟာ နောက်ဆုံးကစားခဲ့တဲ့ အသင်းအနိုင်ရတဲ့ (၂)ပွဲလုံးမှာ
ပွဲစတည်းက ပါဝင်ခဲ့တာဖြစ်ပါတယ်။
အိုဇေးလ် ဟာ နောက်ဆုံးကစားခဲ့တဲ့ ကွန်ယာစပေါ်နဲ့ ပွဲမှာ
ပထမပိုင်း(၄၅)မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။
ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အလန်ယာစပေါ်နဲ့ ပွဲမှာတော့ အိုဇေးလ် ဟာ
အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
zawgyi
နည္းျပခ်ဳပ္နဲ႔ စကားမ်ားခဲ့တာေၾကာင့္ လူစာရင္းက အထုတ္ခံရတဲ့ အိုေဇးလ္
တူရကီကလပ္ ဖီနာဘာခ်ီဟာ အသင္းရဲ႕ နာမည္ေက်ာ္ ကစားသမား အိုေဇးလ္ကို
လူစာရင္းကေန ထုတ္ပယ္လိုက္တယ္လို႔ သိရွိရပါတယ္။ အိုေဇးလ္နဲ႔အတူ
တူရကီကစားသမားတစ္ေယာက္ျဖစ္တဲ့ အိုဇန္တူဖန္ကိုပါ
ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။
အိုေဇးလ္ကို ထုတ္ပယ္ရတဲ့ အေၾကာင္းအရင္းကေတာ့
နည္းျပခ်ဳပ္ အစၥေမးလ္ကာတယ္လ္နဲ႔ စကားမ်ားခဲ့တာေၾကာင့္လို႔ သိရပါတယ္။
ဖီနာဘာခ်ီအသင္းဘက္က “အသင္းရဲ႕ဆုံးျဖတ္ခ်က္အရ
ကြၽန္ေတာ္တို႔ရဲ႕ အသင္းႀကီးက အိုေဇးလ္နဲ႔ တူဖန္တို႔ႏွစ္ေယာက္ကို
အသင္းလူစာရင္းကေန ထုတ္ပယ္လိုက္ပါတယ္။
ဒါကိုလည္း လူသိရွင္ၾကား ေၾကညာခ်င္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
အိုေဇးလ္ဟာ အာဆင္နယ္နည္းျပ အာတီတာလက္ထက္မွာ
႐ုန္းကန္ခဲ့ရတဲ့ေနာက္ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။
အဲ့ဒီေနာက္ ဖီနာဘာခ်ီကို အၿပီးသတ္ေရာက္ရွိလာခဲ့တာပါ။
အိုေဇးလ္နဲ႔ ဖီနာဘာခ်ီ တို႔ဟာ (၃)ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး
အခုမွ (၁၄)လသာ ရွိေသးတာပါ။အသက္(၃၃)ႏွစ္အ႐ြယ္ရွိ
အိုေဇးလ္ ဟာ ဒီရာသီမွာ ဖီနာဘာခ်ီ အသင္းအတြက္ လိဂ္ဂိုး(၈)ဂိုးသြင္းယူထားၿပီး
အသင္းေခါင္းေဆာင္အျဖစ္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။
အိုေဇးလ္ ဟာ ေနာက္ဆုံးကစားခဲ့တဲ့ အသင္းအႏိုင္ရတဲ့ (၂)ပြဲလုံးမွာ
ပြဲစတည္းက ပါဝင္ခဲ့တာျဖစ္ပါတယ္။
အိုေဇးလ္ ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ကြန္ယာစေပၚနဲ႔ ပြဲမွာ
ပထမပိုင္း(၄၅)မိနစ္သာ ပါဝင္ကစားခဲ့ရတာပါ။
ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ အလန္ယာစေပၚနဲ႔ ပြဲမွာေတာ့ အိုေဇးလ္ ဟာ
အသင္းအတြက္ တစ္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။