နည်းပြဂုရုတွေရဲ့ အသင်းတွေကိုမှ ဂိုးပြတ်သွင်းပြီးနိုင်ပွဲဆက်တိုက်ယူပြနေတဲ့ ဆိုလ်ရှားရဲ့ ယူနိုက်တက်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုလ်ရှားရဲ့ ယူနိုက်တက်အသင်း ကတော့ အဲဗာတန်အသင်းကို (၂)ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် အင်္ဂလန် ပြည်တွင်းပြိုင်ပွဲတွေမှာ အဝေးကွင်း ၁၃ ပွဲဆက်အနိုင်ရရှိသွားခဲ့ပြီး ဆီမီးဖိုင်နယ်ကိုအဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ ပထမပိုင်း(၁၇) မိနစ်မှာ အဲလက်စ်တဲလက်စ်က ဘယ်တောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကာဗာနီ(၂)ကြိမ်ဆက်ကန်သွင်းခဲ့ပေမယ့် အဲဗာတန်ဂိုးသမား အိုလ်ဆန် လက်စွမ်းပြကာကွယ်သွားခဲ့တာကြောင့် ဂိုးမရရှိခဲ့ပါဘူး။

နောက်ထပ် (၇)မိနစ်အကြာမှာလဲ အဲလက်စ်ကနောက်ထပ် ဘယ်တောင်ပံကနေ ဖြတ်တင်ဘောကို ဂိုးဧရိယာထဲ ဂရင်းဝုဒ် ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာလည်း ဂိုးပေါက်နဲ့ကပ်လွဲသွားခဲ့တာကြောင့် ယူနိုက်တက်အသင်းဦးဆောင်ဂိုးရရှိမယ့်အခွင့်အရေးတွေလွဲချော်သွားခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ဟန်ဒါဆန်ကလည်းတည်ငြိမ်တဲ့လက်စွမ်းကိုပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် (၃၅)မိနစ်မှာ အဲဗာတန်က ကဲလ်ဘက်လီဝင်ရဲ့ ခေါင်းတိုက်သွင်းယူမှုကိုလည်း ကာကွယ်သွားနိုင်ခဲ့သလို (၃၇)မိနစ်မှာ ဂိုးဧရီယာထိပ်က အဲဗာတန်ရဲ့ ဖရီးကစ် ကန်ချက်ကိုလည်း ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။ သည့်နောက်မှာတော့ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ကြတော့ပဲ ပထမပိုင်းမှာ နှစ်သင်းလုံးဟာ သွင်းဂိုးတွေမရှိခဲ့ကြပါဘူး။

ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံးဟာ သွင်းဂိုးတွေရရှိအောင်ကြိုးစားခဲ့ကြပေမယ့် ထိရောက်တဲ့ ဂိုးကန်သွင်းချက်တွေမရှိခဲ့ကြပါဘူး။ ဒါပေမယ့် ယူနိုက်တက်အသင်း ကတော့ အဲဗာတန် အသင်းထက်စာရင်ဂိုးကန်သွင်းချက်တွေပိုမိုတော့ရရှိခဲ့ပါတယ်။

(၄၉)မိနစ်မှာ ကာဗာနီရဲ့ ဂိုးကန်သွင်းချက်ဟာ အပြင်ဘက်က ဂိုးပိုက်နဲ့သာထိသွားခဲ့သလို (၆၂)မိနစ်မှာလည်း ဘရူနိုရဲ့ ကန်ချက်ဟာလည်း ဂိုးဘားတန်းကျော်သွားခဲ့တာကလွဲရင် ဒုတိယပိုင်းဟာ ကစားကွက်မြိုင်ဆိုင်တဲ့ ပွဲတစ်ပွဲအဖြစ်သာရှိခဲ့ပြီး သွင်းဂိုးတွေမရရှိခဲ့ကြပါဘူး။

ပွဲပြီးခါနီး (၈၈)မိနစ်မှာ မာရှယ်က ကာဗာနီဆီကို ဘောလုံးထိုးပေးလိုက်ချိန်မှာ သူအားမသန်တဲ့ ဘယ်ခြေနဲ့သွင်းခဲ့ပေမယ့် ကာဗာနီရဲ့ဂိုးဟာ အရမ်းကိုကောင်းမွန်ခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ရဲ့ အရည်အချင်းကို တွေ့မြင်ခဲ့ရပါတယ်။

နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုတော့ ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုမှာ မာရှယ်ကသွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဖန်တီးပေးခဲ့သူက ရက်ဖိုဒ်ဖြစ်ပါတယ်။ ရက်ဖိုဒ်ဟာ မာရှယ်ရဲ့ ပြေးလမ်းကြောင်းထဲကို မျှောထိုးပေးခဲ့ပြီး ဒီတစ်ခါမှာတော့ မာရှယ်ဟာ ခြေမချော်တော့ဘဲ ဂိုးသမားရဲ့ ဘယ်ဘက်ခြမ်းကို ကန်သွင်းပြီး ယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးကိုရယူပေးခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိခဲ့လည်းဆိုတာကိုလည်း utdreport ကဖော်ပြပေးလိုက်ပါတယ်။

ကဲလ်ဘက်လီဝင်တို့ အဲဗာတန်တိုက်စစ်မှူးတွေကို ဂိုးသွင်းခွင့်မရရှိအောင် စွမ်းဆောင်နိုင်ကြတဲ့ ဟန်ဒါဆန်၊ တွန်ဇီဘီ၊ မက်ဂွိုင်းယား၊ အဲလက်စ်တဲလက်စ်တို့ ခံစစ်မှူးတွေက – စွမ်းဆောင်ရည်(၇)ရရှိခဲ့ပြီး အဲရစ်ဘိုင်လီကတော့ စွမ်းဆောင်ရည်(၈)ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆိုလ်ရှားရဲ့စမ်းသပ်မှုတစ်ခုဖြစ်တဲ့ ကွင်းလယ်အတွဲနေရာမှာ မာတစ်က စွမ်းဆောင်ရည်(၈)အထိရရှိခဲ့ပါတယ်။ ပေါ့ဘာ နဲ့ ဖာနန်ဒက်တို့က စွမ်းဆောင်ရည်(၇)သာရရှိခဲ့ပြီး ဗန်ဒီဘိကတော့ စွမ်းဆောင်ရည်(၆)သာရရှိခဲ့ပါတယ်။ ပွဲချိန် (၆၇)မိနစ်မှာတော့ ဗန်ဒီဘိကို မာရှယ်နဲ့ လူစားလဲခဲ့ပါတယ်။

တိုက်စစ်မှာ လည်း မေဆင်ဂရင်းဝုဒ်ဟာ ခြေစွမ်းမပြသနိုင်ခဲ့ပဲ စွမ်းဆောင်ရည်(၆) သာရရှိခဲ့ပြီး (၆၇)မိနစ်မှာ ရက်ဖိုဒ်နဲ့ လူစားလဲခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နောက်ဆုံးမိနစ်မှ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ ကာဗာနီကတော့ စွမ်းဆောင်ရည်(၈) အဖြစ်သတ်မှတ်ခံရပါတယ်။

ဒီပွဲမှာ ထူးခြားတဲ့ ကစားသမားတစ်ဦးကတော့ ဇာတ်လိုက်ကျော် မာရှယ်ပဲဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် (၃၀)အတွင်းမှာ ဂိုးသွင်းဖို့ကြိုးစားချိန်မှာ ခြေချော်ပြီးလဲကျခဲ့တာတွေရှိခဲ့သလို အဝါကဒ် ပြသခံခဲ့ရတာတွေရှိပေမယ့် ကာဗာနီရဲ့ သွင်းဂိုးကိုဖန်တီးပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တာကြောင့် စွမ်းဆောင်ရည်(၈) အဖြစ်သတ်မှတ်ပေးခဲ့ကြပါတယ်။

ရက်ဖိုဒ်ကလည်း စွမ်းဆောင်ရည်(၇)ရရှိခဲ့ပြီး ဆိုလ်ရှားရဲ့ လူစားလဲမှုတွေဟာ မှန်ကန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပဂုရုေတြရဲ႕ အသင္းေတြကိုမွ ဂိုးျပတ္သြင္းၿပီးႏိုင္ပြဲဆက္တိုက္ယူျပေနတဲ့ ဆိုလ္ရွားရဲ႕ ယူႏိုက္တက္အသင္း

ဆိုလ္ရွားရဲ႕ ယူႏိုက္တက္အသင္း ကေတာ့ အဲဗာတန္အသင္းကို (၂)ဂိုးဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္မွာ အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ အဂၤလန္ ျပည္တြင္းၿပိဳင္ပြဲေတြမွာ အေဝးကြင္း ၁၃ ပြဲဆက္အႏိုင္ရရွိသြားခဲ့ၿပီး ဆီမီးဖိုင္နယ္ကိုအဆင့္ကိုတက္ေရာက္သြားခဲ့ပါတယ္။ ပထမပိုင္း(၁၇) မိနစ္မွာ အဲလက္စ္တဲလက္စ္က ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ကာဗာနီ(၂)ႀကိမ္ဆက္ကန္သြင္းခဲ့ေပမယ့္ အဲဗာတန္ဂိုးသမား အိုလ္ဆန္ လက္စြမ္းျပကာကြယ္သြားခဲ့တာေၾကာင့္ ဂိုးမရရွိခဲ့ပါဘူး။ ေနာက္ထပ္ (၇)မိနစ္အၾကာမွာလဲ အဲလက္စ္ကေနာက္ထပ္ ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာကို ဂိုးဧရိယာထဲ ဂရင္းဝုဒ္ ေျပးဝင္ၿပီး ေခါင္းတိုက္သြင္းယူခဲ့ရာမွာလည္း ဂိုးေပါက္နဲ႔ကပ္လြဲသြားခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းဦးေဆာင္ဂိုးရရွိမယ့္အခြင့္အေရးေတြလြဲေခ်ာ္သြားခဲ့ရပါတယ္။ ဒီေန႔ပြဲမွာ ဟန္ဒါဆန္ကလည္းတည္ၿငိမ္တဲ့လက္စြမ္းကိုျပသႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ (၃၅)မိနစ္မွာ အဲဗာတန္က ကဲလ္ဘက္လီဝင္ရဲ႕ ေခါင္းတိုက္သြင္းယူမႈကိုလည္း ကာကြယ္သြားႏိုင္ခဲ့သလို (၃၇)မိနစ္မွာ ဂိုးဧရီယာထိပ္က အဲဗာတန္ရဲ႕ ဖရီးကစ္ ကန္ခ်က္ကိုလည္း ပုတ္ထုတ္ကာကြယ္သြားခဲ့ပါတယ္။ သည့္ေနာက္မွာေတာ့ ဂိုးရရွိႏိုင္တဲ့ အခြင့္အေရးေတြမဖန္တီးႏိုင္ခဲ့ၾကေတာ့ပဲ ပထမပိုင္းမွာ ႏွစ္သင္းလုံးဟာ သြင္းဂိုးေတြမရွိခဲ့ၾကပါဘူး။ ဒုတိယပိုင္းမွာလည္း ႏွစ္သင္းလုံးဟာ သြင္းဂိုးေတြရရွိေအာင္ႀကိဳးစားခဲ့ၾကေပမယ့္ ထိေရာက္တဲ့ ဂိုးကန္သြင္းခ်က္ေတြမရွိခဲ့ၾကပါဘူး။ ဒါေပမယ့္ ယူႏိုက္တက္အသင္း ကေတာ့ အဲဗာတန္ အသင္းထက္စာရင္ဂိုးကန္သြင္းခ်က္ေတြပိုမိုေတာ့ရရွိခဲ့ပါတယ္။

(၄၉)မိနစ္မွာ ကာဗာနီရဲ႕ ဂိုးကန္သြင္းခ်က္ဟာ အျပင္ဘက္က ဂိုးပိုက္နဲ႔သာထိသြားခဲ့သလို (၆၂)မိနစ္မွာလည္း ဘ႐ူႏိုရဲ႕ ကန္ခ်က္ဟာလည္း ဂိုးဘားတန္းေက်ာ္သြားခဲ့တာကလြဲရင္ ဒုတိယပိုင္းဟာ ကစားကြက္ၿမိဳင္ဆိုင္တဲ့ ပြဲတစ္ပြဲအျဖစ္သာရွိခဲ့ၿပီး သြင္းဂိုးေတြမရရွိခဲ့ၾကပါဘူး။ ပြဲၿပီးခါနီး (၈၈)မိနစ္မွာ မာရွယ္က ကာဗာနီဆီကို ေဘာလုံးထိုးေပးလိုက္ခ်ိန္မွာ သူအားမသန္တဲ့ ဘယ္ေျခနဲ႔သြင္းခဲ့ေပမယ့္ ကာဗာနီရဲ႕ဂိုးဟာ အရမ္းကိုေကာင္းမြန္ခဲ့ၿပီး ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ ရဲ႕ အရည္အခ်င္းကို ေတြ႕ျမင္ခဲ့ရပါတယ္။

ေနာက္ထပ္သြင္းဂိုးတစ္ဂိုးကိုေတာ့ ပြဲၿပီးခါနီးစကၠန႔္ပိုင္းအလိုမွာ မာရွယ္ကသြင္းယူသြားခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ဖန္တီးေပးခဲ့သူက ရက္ဖိုဒ္ျဖစ္ပါတယ္။ ရက္ဖိုဒ္ဟာ မာရွယ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို ေမွ်ာထိုးေပးခဲ့ၿပီး ဒီတစ္ခါမွာေတာ့ မာရွယ္ဟာ ေျခမေခ်ာ္ေတာ့ဘဲ ဂိုးသမားရဲ႕ ဘယ္ဘက္ျခမ္းကို ကန္သြင္းၿပီး ယူႏိုက္တက္အသင္းအတြက္ ဒုတိယဂိုးကိုရယူေပးခဲ့ပါတယ္။

ဒီေန႔ႏိုင္ပြဲမွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ ဘယ္ေလာက္ရွိခဲ့လည္းဆိုတာကိုလည္း utdreport ကေဖာ္ျပေပးလိုက္ပါတယ္။ ကဲလ္ဘက္လီဝင္တို႔ အဲဗာတန္တိုက္စစ္မႉးေတြကို ဂိုးသြင္းခြင့္မရရွိေအာင္ စြမ္းေဆာင္ႏိုင္ၾကတဲ့ ဟန္ဒါဆန္၊ တြန္ဇီဘီ၊ မက္ဂြိဳင္းယား၊ အဲလက္စ္တဲလက္စ္တို႔ ခံစစ္မႉးေတြက – စြမ္းေဆာင္ရည္(၇)ရရွိခဲ့ၿပီး အဲရစ္ဘိုင္လီကေတာ့ စြမ္းေဆာင္ရည္(၈)ရရွိခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ဆိုလ္ရွားရဲ႕စမ္းသပ္မႈတစ္ခုျဖစ္တဲ့ ကြင္းလယ္အတြဲေနရာမွာ မာတစ္က စြမ္းေဆာင္ရည္(၈)အထိရရွိခဲ့ပါတယ္။ ေပါ့ဘာ နဲ႔ ဖာနန္ဒက္တို႔က စြမ္းေဆာင္ရည္(၇)သာရရွိခဲ့ၿပီး ဗန္ဒီဘိကေတာ့ စြမ္းေဆာင္ရည္(၆)သာရရွိခဲ့ပါတယ္။ ပြဲခ်ိန္ (၆၇)မိနစ္မွာေတာ့ ဗန္ဒီဘိကို မာရွယ္နဲ႔ လူစားလဲခဲ့ပါတယ္။

တိုက္စစ္မွာ လည္း ေမဆင္ဂရင္းဝုဒ္ဟာ ေျခစြမ္းမျပသႏိုင္ခဲ့ပဲ စြမ္းေဆာင္ရည္(၆) သာရရွိခဲ့ၿပီး (၆၇)မိနစ္မွာ ရက္ဖိုဒ္နဲ႔ လူစားလဲခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ေနာက္ဆုံးမိနစ္မွ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ပြဲစဥ္တစ္ေလွ်ာက္လုံး အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ ကာဗာနီကေတာ့ စြမ္းေဆာင္ရည္(၈) အျဖစ္သတ္မွတ္ခံရပါတယ္။ ဒီပြဲမွာ ထူးျခားတဲ့ ကစားသမားတစ္ဦးကေတာ့ ဇာတ္လိုက္ေက်ာ္ မာရွယ္ပဲျဖစ္ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ (၃၀)အတြင္းမွာ ဂိုးသြင္းဖို႔ႀကိဳးစားခ်ိန္မွာ ေျခေခ်ာ္ၿပီးလဲက်ခဲ့တာေတြရွိခဲ့သလို အဝါကဒ္ ျပသခံခဲ့ရတာေတြရွိေပမယ့္ ကာဗာနီရဲ႕ သြင္းဂိုးကိုဖန္တီးေပးႏိုင္ခဲ့ၿပီး သူကိုယ္တိုင္လည္း သြင္းဂိုးတစ္ဂိုးရယူႏိုင္ခဲ့တာေၾကာင့္ စြမ္းေဆာင္ရည္(၈) အျဖစ္သတ္မွတ္ေပးခဲ့ၾကပါတယ္။ ရက္ဖိုဒ္ကလည္း စြမ္းေဆာင္ရည္(၇)ရရွိခဲ့ၿပီး ဆိုလ္ရွားရဲ႕ လူစားလဲမႈေတြဟာ မွန္ကန္ခဲ့ပါတယ္။