
မန်ယူအသင်းဟာ နည်းပြအပြောင်းအလဲလုပ်ဖို့ မရှိဘူးလို့ အခိုင်အမာဆိုခဲ့တာကြောင့်
လက်ရှိနည်းပြဆိုးလ်ရှားကို ထောက်ခံထားဆဲဆိုတဲ့အဓိပ္ပါတယ်ဖြစ်ကြောင်း
အင်္ဂလန်က သတင်းတစ်ရပ်က ဆိုပါတယ်။ သူ့အသင်းက နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ
၁ မှတ်သာရရှိခဲ့မှုနဲ့အတူ အဲဒီနော်ဝေသားနည်းပြဟာ မကြာသေးခင်
ရက်သတ္တပတ်တွေမှာ ဖိအားတွေပိုတိုးလာခဲ့တာပါ။
ဒီလိုပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့်လည်း မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ
ကစားမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာဆင်းပေးလိုက်ရပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာတောင် မန်ယူဟာ ဆိုးရွားတဲ့ပထမပိုင်း
ခြေစွမ်းနဲ့အတူ အတ္တလန္တာကို ၂-၀ နဲ့ရှုံးနေခဲ့ပြီးမှ ဒုတိယပိုင်း ၃ ဂိုးပြန်လိုက်သွင်းပြီး အနိုင်ရခဲ့တာပါ။
ဒါကြောင့်လည်း ဆိုးလ်ရှားရဲ့အနာဂါတ်နဲ့ပတ်သက်လို့ မရေရာသတင်းတွေ
ထွက်ပေါ်လာခဲ့ပေမယ့် အင်္ဂလန်က The Sun သတင်းစာကတော့
ယူနိုက်တက်ဟာ ၄၈ နှစ်အရွယ် အဲဒီနော်ဝေသားနည်းပြအပေါ်မှာ
ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
လိုအပ်လို့ရှိရင် အစားထိုးလို့ရမယ့်နည်းပြတစ်ယောက်ရှာပေးဖို့အတွက်
စိတ်ဝင်စားကြောင်း အေးဂျင့်တွေက ကမ်းလှမ်းမှုလုပ်လာပေမယ့်
လောလောဆယ် မရှိကြောင်း မန်ယူက ပြောခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာပါ။
ဒါပေမဲ့လည်း မန်ယူဟာ ပွဲကျပ်ကာလကို ဖြတ်သန်းနေတာဖြစ်လို့ ဆိုးလ်ရှားရဲ့
လက်ရှိအခြေအနေဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ပြောင်းလဲသွားနိုင်ပါတယ်။
မန်ယူဟာ လီဗာပူးနဲ့ကစားအပြီး နောက်တစ်ပတ်ပရီးမီးယားလိဂ်မှာ စပါးနဲ့
အဝေးကွင်းရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက် အတ္တလန္တာနဲ့ဒုတိယအကျော့ကစားရဖို့
အီတလီကို သွားရမှာဖြစ်ကာ အီတလီကပြန်လာပြီး ၄ ရက်အကြာ
အိုးလ်ထရက်ဖို့ဒ်မှာ မန်စီးတီးကို ဧည့်ခံရမှာပါ။
သူတို့ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စီရော်နယ်ဒို၊ ဗာရာနီနဲ့ ဆန်ချိုတို့အတွက်
သုံးစွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ချန်ပီယံဆုစိန်ခေါ်နိုင်မယ်လို့ မျှော်လင့်ခြင်းခံခဲ့ရတာပါ။
ဒါပေမဲ့လည်း မန်ယူဟာ အခုတော့ ထိပ်ဆုံးကဦးဆောင်နေတဲ့ချဲလ်ဆီးနဲ့ လက်ကျန်တစ်ပွဲရှိ
အနေအထားမှာ ၈ မှတ်ကွာသွားပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ တစ်ပွဲပဲပေးဂိုးမရှိထားတာပါ။
zawgyi
နည္းျပတစ္ေယာက္ရွာေပးဖို႔အတြက္ ေအးဂ်င့္ေတြက ကမ္းလွမ္းလာမႈကိုေလာေလာဆယ္ မရွိေၾကာင္း မန္ယူက ေျပာခဲ့
မန္ယူအသင္းဟာ နည္းျပအေျပာင္းအလဲလုပ္ဖို႔ မရွိဘူးလို႔ အခိုင္အမာဆိုခဲ့တာေၾကာင့္
လက္ရွိနည္းျပဆိုးလ္ရွားကို ေထာက္ခံထားဆဲဆိုတဲ့အဓိပၸါတယ္ျဖစ္ေၾကာင္း
အဂၤလန္က သတင္းတစ္ရပ္က ဆိုပါတယ္။ သူ႔အသင္းက ေနာက္ဆုံးပရီးမီးယားလိဂ္ ၃ ပြဲမွာ
၁ မွတ္သာရရွိခဲ့မႈနဲ႔အတူ အဲဒီေနာ္ေဝသားနည္းျပဟာ မၾကာေသးခင္
ရက္သတၱပတ္ေတြမွာ ဖိအားေတြပိုတိုးလာခဲ့တာပါ။
ဒီလိုပရီးမီးယားလိဂ္ ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈေၾကာင့္လည္း မန္ယူဟာ အိုးလ္ထရက္ဖို႔ဒ္မွာ
ကစားမယ့္ လီဗာပူးနဲ႔ပြဲမတိုင္ခင္ အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာဆင္းေပးလိုက္ရပါတယ္။
ေနာက္ဆုံးကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာေတာင္ မန္ယူဟာ ဆိုး႐ြားတဲ့ပထမပိုင္း
ေျခစြမ္းနဲ႔အတူ အတၱလႏၲာကို ၂-၀ နဲ႔ရႈံးေနခဲ့ၿပီးမွ ဒုတိယပိုင္း ၃ ဂိုးျပန္လိုက္သြင္းၿပီး အႏိုင္ရခဲ့တာပါ။
ဒါေၾကာင့္လည္း ဆိုးလ္ရွားရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ မေရရာသတင္းေတြ
ထြက္ေပၚလာခဲ့ေပမယ့္ အဂၤလန္က The Sun သတင္းစာကေတာ့
ယူႏိုက္တက္ဟာ ၄၈ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝသားနည္းျပအေပၚမွာ
ယုံၾကည္မႈရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
လိုအပ္လု႔ိရွိရင္ အစားထိုးလို႔ရမယ့္နည္းျပတစ္ေယာက္ရွာေပးဖို႔အတြက္
စိတ္ဝင္စားေၾကာင္း ေအးဂ်င့္ေတြက ကမ္းလွမ္းမႈလုပ္လာေပမယ့္
ေလာေလာဆယ္ မရွိေၾကာင္း မန္ယူက ေျပာခဲ့တယ္လို႔ The Sun က ေဖာ္ျပခဲ့တာပါ။
ဒါေပမဲ့လည္း မန္ယူဟာ ပြဲက်ပ္ကာလကို ျဖတ္သန္းေနတာျဖစ္လို႔ ဆိုးလ္ရွားရဲ႕
လက္ရွိအေျခအေနဟာ လာမယ့္ရက္သတၱပတ္ေတြမွာ ေျပာင္းလဲသြားႏိုင္ပါတယ္။
မန္ယူဟာ လီဗာပူးနဲ႔ကစားအၿပီး ေနာက္တစ္ပတ္ပရီးမီးယားလိဂ္မွာ စပါးနဲ႔
အေဝးကြင္းရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီေနာက္ အတၱလႏၲာနဲ႔ဒုတိယအေက်ာ့ကစားရဖို႔
အီတလီကို သြားရမွာျဖစ္ကာ အီတလီကျပန္လာၿပီး ၄ ရက္အၾကာ
အိုးလ္ထရက္ဖို႔ဒ္မွာ မန္စီးတီးကို ဧည့္ခံရမွာပါ။
သူတို႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ စီေရာ္နယ္ဒို၊ ဗာရာနီနဲ႔ ဆန္ခ်ိဳတို႔အတြက္
သုံးစြဲမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ခ်န္ပီယံဆုစိန္ေခၚႏိုင္မယ္လို႔ ေမွ်ာ္လင့္ျခင္းခံခဲ့ရတာပါ။
ဒါေပမဲ့လည္း မန္ယူဟာ အခုေတာ့ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ခ်ဲလ္ဆီးနဲ႔ လက္က်န္တစ္ပြဲရွိ
အေနအထားမွာ ၈ မွတ္ကြာသြားၿပီး ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ တစ္ပြဲပဲေပးဂိုးမရွိထားတာပါ။