
ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ
ရုန်းကန်နေရတဲ့ နယ်သာလန်ကွင်းလယ်လူဗန်ဒီဘိခ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
၂၀၂၀၊ နွေရာသီမှာ ယူနိုက်တက်အသင်းကိုရောက်လာခဲ့တဲ့ ဗန်ဒီဘိခ်အတွက်
‘သေချင်တဲ့ကျား၊ တောပြောင်း’ဆိုသလိုအဖြစ်နဲ့ရင်ဆိုင်နေရပြီး အခုအချိန်အထိ
နေရာတစ်ခု,ခိုင်ခိုင်မာမာမရသေးပါဘူး။
ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကိုထုတ်ပြီးတော့
ရန်နစ်ခ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ပြီး နည်းပြအပြောင်းအလဲဖြစ်ခဲ့ပေမယ့်
ဗန်ဒီဘိခ်ရဲ့အနေအထားကတော့ အပြောင်းအလဲမရှိဘဲ
ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရဆဲပါပဲ။
အဲဒါကြောင့် ဗန်ဒီဘိခ်ကိုယ်တိုင်က ဒီနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်နဲ့လမ်းခွဲဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အေဂျက်စ်အသင်းမှာတုန်းက
ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပြသခဲ့တဲ့ ဗန်ဒီဘိခ်ကို
ကွင်းလယ်ပိုင်းအားဖြည့်ဖို့အတွက် ခေါ်ယူလိုနေတာဖြစ်ပြီး
အသင်းရဲ့ကစားပုံအရလည်း ဗန်ဒီဘိခ်အတွက် အဆင်ပြေလောက်တဲ့အနေအထားမျိုးပါ။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်နည်းပြနာဂယ်လ်စမန်းကလည်း
ဗန်ဒီဘိခ်ရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်သူဖြစ်သလို ယူနိုက်တက်အသင်းအနေနဲ့
ဗန်ဒီဘိခ်အတွက် သင့်တော်တဲ့ကြေးရရင်ရောင်းချဖို့ရှိနေပါတယ်။
zawgyi
နည္းျပအေျပာင္းအလဲျဖစ္ခဲ့ေပမယ့္ အေနအထား အေျပာင္းလဲမရွိတဲ့ ဗန္ဒီဘိခ္ ဘိုင္ယန္ကို ေျပာင္းသင့္တယ္
ဘြန္ဒစ္လီဂါထိပ္သီး ဘိုင္ယန္ျမဴးနစ္အသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ
႐ုန္းကန္ေနရတဲ့ နယ္သာလန္ကြင္းလယ္လူဗန္ဒီဘိခ္ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။
၂၀၂၀၊ ေႏြရာသီမွာ ယူႏိုက္တက္အသင္းကိုေရာက္လာခဲ့တဲ့ ဗန္ဒီဘိခ္အတြက္
‘ေသခ်င္တဲ့က်ား၊ ေတာေျပာင္း’ဆိုသလိုအျဖစ္နဲ႔ရင္ဆိုင္ေနရၿပီး အခုအခ်ိန္အထိ
ေနရာတစ္ခု,ခိုင္ခိုင္မာမာမရေသးပါဘူး။
ယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားကိုထုတ္ၿပီးေတာ့
ရန္နစ္ခ္ကို ယာယီနည္းျပအျဖစ္ခန႔္အပ္ၿပီး နည္းျပအေျပာင္းအလဲျဖစ္ခဲ့ေပမယ့္
ဗန္ဒီဘိခ္ရဲ႕အေနအထားကေတာ့ အေျပာင္းအလဲမရွိဘဲ
ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရဆဲပါပဲ။
အဲဒါေၾကာင့္ ဗန္ဒီဘိခ္ကိုယ္တိုင္က ဒီေန႔စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္တဲ့
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေအဂ်က္စ္အသင္းမွာတုန္းက
ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳးျပသခဲ့တဲ့ ဗန္ဒီဘိခ္ကို
ကြင္းလယ္ပိုင္းအားျဖည့္ဖို႔အတြက္ ေခၚယူလိုေနတာျဖစ္ၿပီး
အသင္းရဲ႕ကစားပုံအရလည္း ဗန္ဒီဘိခ္အတြက္ အဆင္ေျပေလာက္တဲ့အေနအထားမ်ိဳးပါ။
ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္နည္းျပနာဂယ္လ္စမန္းကလည္း
ဗန္ဒီဘိခ္ရဲ႕ေျခစြမ္းကို ႀကိဳက္ႏွစ္သက္သူျဖစ္သလို ယူႏိုက္တက္အသင္းအေနနဲ႔
ဗန္ဒီဘိခ္အတြက္ သင့္ေတာ္တဲ့ေၾကးရရင္ေရာင္းခ်ဖို႔ရွိေနပါတယ္။