နည်းပြ ဖာဗရီကို ဒေါ့မန်အသင်း ရာထူးကနေထုတ်ပယ်ပြီး ပိုချက်တီနို အစားဝင်ဖို့ရေပန်းစားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မန်အသင်းဟာ မနေ့ညက တန်းတက် စတုဂတ်ကိုအိမ်ကွင်းမှာ ၅-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ နည်းပြ လူစီယန်ဖာဗရီကို ရာထူးကနေထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒေါ့မန်ရဲ့အခုအရှုံးဟာ အရှက်တကွဲဖြစ်ရတယ်လို့လည်း ဂျာမန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒေါ့မန်ဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကိုတက်သွားပေမယ့်လည်း ဘွန်ဒက်စ်လီဂါမှာတော့ အိမ်ကွင်းမှာ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့တာပါ။ သူတို့ဟာ ဘိုင်ယန်မြူးနစ်၊ ကိုလုံးနဲ့ စတုဂတ်တို့ကို ဆက်တိုက်ရှုံးခဲ့တာဖြစ်ပြီး အခုလိုမျိုး အိမ်ကွင်း ၃ ပွဲဆက်ရှုံးတာဟာ ၂၀၁၃-၁၄ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ပြည်တွင်းမှာ ဖိအားတွေရှိလာခဲ့ပြီး ဝါရင့်နောက်ခံလူ ဟမ်မဲလ်ကိုယ်တိုင်က ဖာဗရီရဲ့နည်းစနစ်တွေကို ဝေဖန်ခဲ့ပြီးနောက် သိပ်မကြာခင်မှာဘဲ ရာထူးကနေထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ စတုဂတ်နဲ့ပွဲအပြီးမှာ ဖာဗရီက အခုအရှုံးဟာ တကယ့်ကိုဆိုးရွားလှပါတယ်လို့ ဝန်ခံသွားခဲ့သေးတာပါ။

ဒေါ့မန်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ ၄ ပွဲအထိရှုံးနိမ့်ခဲ့ပြီးဖြစ်လို့ ချန်ပီယံမျှော်လင့်ချက်က အရမ်းကိုအားနည်းသွားခဲ့တာပါ။ စတုဂတ်ကိုရှံးနိမ့်မှုဟာ ဒေါ့မန်အတွက် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲမြောက်ရှုံးနိမ့်မှုလည်းဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ၅ မှတ်ကွာဟပြီး အဆင့် ၅ နေရာကိုရောက်နေတဲ့ ဒေါ့မန်ဟာ နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနိုကို တာဝန်ပေးလိမ့်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ပိုချက်တီနိုဟာ ကလပ် လက်မဲ့ဖြစ်နေတဲ့အပြင် လူသိများထင်ရှားတဲ့အတွက်လည်း ဥရောပရဲ့ထိပ်တန်းကလပ်အတော်များများက သူ့ကိုချိတ်ဆက်နေတယ် ဆိုပြီးနာမည်ကြီးနေသူဖြစ်ပါတယ်။

ဒါ့အပြင် ဂလတ်ဘတ်နည်းပြ မာကိုရို့စ်နဲ့ ဆဲဘတ်အသင်းနည်းပြ ဂျက်ဆီမာ့ချ်တို့ဟာလည်း ဒေါ့မန်နည်းပြဖြစ်လာနိုင်သူတွေလို့ ရေပန်းစားနေပါတယ်။

လောလောဆယ်မှာတော့ အသင်းရဲ့လက်ထောက်နည်းပြ အီဒင်တာဇစ်က ဆောင်းရာသီနားရက် ရောက်လာတဲ့အထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါဟာလာမယ့် ဒီဇင်ဘာ ၂၁ ကနေစပြီးဆောင်းခိုမှာ ဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီ ၂ ရက်ရောက်မှ ပြန်လည်စတင်မှာဖြစ်ပါတယ်။ ဒေါ့မန်အသင်း အခုလိုရလဒ်ဆိုးနေမှုဟာ ဟာလန်းဒဏ်ရာရမှုနဲ့လည်းသက်ဆိုင်နေတာပါ။

အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ကတည်းက အနားယူနေရသူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပ ဖာဗရီကို ေဒါ့မန္အသင္း ရာထူးကေနထုတ္ပယ္ၿပီး ပိုခ်က္တီႏို အစားဝင္ဖို႔ေရပန္းစားေန

ေဒါ့မန္အသင္းဟာ မေန႔ညက တန္းတက္ စတုဂတ္ကိုအိမ္ကြင္းမွာ ၅-၁ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ နည္းျပ လူစီယန္ဖာဗရီကို ရာထူးကေနထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ေဒါ့မန္ရဲ႕အခုအရႈံးဟာ အရွက္တကြဲျဖစ္ရတယ္လို႔လည္း ဂ်ာမန္မီဒီယာေတြက ေဖာ္ျပၾကပါတယ္။ ေဒါ့မန္ဟာ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ကိုတက္သြားေပမယ့္လည္း ဘြန္ဒက္စ္လီဂါမွာေတာ့ အိမ္ကြင္းမွာ ၃ ပြဲဆက္ရႈံးနိမ့္ခဲ့တာပါ။ သူတို႔ဟာ ဘိုင္ယန္ျမဴးနစ္၊ ကိုလုံးနဲ႔ စတုဂတ္တို႔ကို ဆက္တိုက္ရႈံးခဲ့တာျဖစ္ၿပီး အခုလိုမ်ိဳး အိမ္ကြင္း ၃ ပြဲဆက္ရႈံးတာဟာ ၂၀၁၃-၁၄ ေဘာလုံးရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္လည္းျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ျပည္တြင္းမွာ ဖိအားေတြရွိလာခဲ့ၿပီး ဝါရင့္ေနာက္ခံလူ ဟမ္မဲလ္ကိုယ္တိုင္က ဖာဗရီရဲ႕နည္းစနစ္ေတြကို ေဝဖန္ခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာဘဲ ရာထူးကေနထုတ္ပယ္ခံလိုက္ရတာ ျဖစ္ပါတယ္။ စတုဂတ္နဲ႔ပြဲအၿပီးမွာ ဖာဗရီက အခုအရႈံးဟာ တကယ့္ကိုဆိုး႐ြားလွပါတယ္လို႔ ဝန္ခံသြားခဲ့ေသးတာပါ။ ေဒါ့မန္ဟာ ဒီရာသီဘြန္ဒက္စ္လီဂါမွာ ၄ ပြဲအထိရႈံးနိမ့္ခဲ့ၿပီးျဖစ္လို႔ ခ်န္ပီယံေမွ်ာ္လင့္ခ်က္က အရမ္းကိုအားနည္းသြားခဲ့တာပါ။ စတုဂတ္ကိုရွံးနိမ့္မႈဟာ ေဒါ့မန္အတြက္ ေနာက္ဆုံး ၅ ပြဲမွာ ၃ ပြဲေျမာက္ရႈံးနိမ့္မႈလည္းျဖစ္ခဲ့ပါတယ္။

လက္ရွိမွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ၅ မွတ္ကြာဟၿပီး အဆင့္ ၅ ေနရာကိုေရာက္ေနတဲ့ ေဒါ့မန္ဟာ နည္းျပသစ္အျဖစ္ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို တာဝန္ေပးလိမ့္မယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ ပိုခ်က္တီႏိုဟာ ကလပ္ လက္မဲ့ျဖစ္ေနတဲ့အျပင္ လူသိမ်ားထင္ရွားတဲ့အတြက္လည္း ဥေရာပရဲ႕ထိပ္တန္းကလပ္အေတာ္မ်ားမ်ားက သူ႔ကိုခ်ိတ္ဆက္ေနတယ္ ဆိုၿပီးနာမည္ႀကီးေနသူျဖစ္ပါတယ္။ ဒါ့အျပင္ ဂလတ္ဘတ္နည္းျပ မာကို႐ို႕စ္နဲ႔ ဆဲဘတ္အသင္းနည္းျပ ဂ်က္ဆီမာ့ခ်္တို႔ဟာလည္း ေဒါ့မန္နည္းျပျဖစ္လာႏိုင္သူေတြလို႔ ေရပန္းစားေနပါတယ္။ ေလာေလာဆယ္မွာေတာ့ အသင္းရဲ႕လက္ေထာက္နည္းျပ အီဒင္တာဇစ္က ေဆာင္းရာသီနားရက္ ေရာက္လာတဲ့အထိ တာဝန္ယူသြားမွာျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါဟာလာမယ့္ ဒီဇင္ဘာ ၂၁ ကေနစၿပီးေဆာင္းခိုမွာ ျဖစ္ၿပီး ၂၀၂၁ ဇန္နဝါရီ ၂ ရက္ေရာက္မွ ျပန္လည္စတင္မွာျဖစ္ပါတယ္။ ေဒါ့မန္အသင္း အခုလိုရလဒ္ဆိုးေနမႈဟာ ဟာလန္းဒဏ္ရာရမႈနဲ႔လည္းသက္ဆိုင္ေနတာပါ။ အသင္းရဲ႕အဓိကတိုက္စစ္မႉးျဖစ္တဲ့ ဟာလန္းဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂ ကတည္းက အနားယူေနရသူျဖစ္ပါတယ္။