နည်းဗျူဟာပိုင်းထက် လူထုတ်ပုံမှာ ဆရာကျတဲ့ ဆိုးလ်ရှားရဲ့ ပွဲထွက်လူစာရင်းကို အားလုံးက စောင့်ကြည့်နေကြပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲကျပ်ကာလတွေရှိနေတဲ့အချိန်မှာ လိုက်ဇစ်နဲ့ပွဲအတွက် လူစာရင်းထွက်လာတော့ နည်းပြဆိုးလ်ရှားကို ဝေဖန်မယ့်လေသံတွေ ထွက်ခဲ့ပါသေးတယ်။

ပွဲကျပ်ကာလစ တဲ့ နယူးကာဆယ်နဲ့ပွဲကတည်းက ဆိုးလ်ရှားဟာ လူထုတ်ပုံကိုသတိထားပြီး ပြင်ဆင်ခဲ့တာတွေ့ရပါတယ်။

ကွင်းလယ်မှာ ဖရက်ဒ်နဲ့ တွန်မီနေးအတွဲကို တောက်လျှောက်သုံးခဲ့ပြီး လိုက်ဇစ်နဲ့ပွဲမှာတော့ ကွင်းလယ်မှာသမ္ဘာရှိတဲ့ မာတစ် ကို ပြန်သုံးခဲ့သလို ပရိသတ်တွေတောင်းဆိုနေတဲ့ ဗန်ဒီဘိခ်ကိုလည်း ပွဲထုတ်ခဲ့ပါတယ်။

၄-၁-၃-၂ ပုံစံနဲ့ပွဲထွက်လာခဲ့ပြီး သူ့ရဲ့စိတ်ကြိုက်နောက်တန်းအထိုင် ၄ ယောက်ဖြစ်တဲ့ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှောတို့ကိုတော့ အပြောင်းအလဲမလုပ်ခဲ့ပါဘူး။

နောက်တန်း ၄ ယောက်ရဲ့ရှေ့မှာ မာတစ်ကို ကွင်း လယ်အဖျက်(Defensive Midfield) အဖြစ် ထားကစားခဲ့ပြီး ဖရက်ဒ်၊ ဗန်ဒီဘိခ်၊ ပေါ့ဂ်ဘာတို့က ကွင်းလယ်မှာကစားခဲ့ပါတယ်။

ပရိသတ်တွေ ထင်မှတ်မထားတာ ကတော့ တိုက်စစ်လူထုတ်ပုံပါပဲ။ ဆယ်ကျော်သက် ဂရင်းဝုဒ်ကို မာရှယ်နဲ့တွဲပြီး ပွဲထုတ်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံထားရတဲ့ မာရှယ်က အားပြည့်နေတာ ကြောင့် ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာလည်း ပွဲထုတ်တာ ကို လက်သင့်ခံလို့ရပေမယ့် ဂရင်းဝုဒ်နဲ့တွဲပြီး ၂ ယောက်တည်းလွှတ်ပေးလိုက်တာ ဟာ ဆိုးလ်ရှားရဲ့မထင်မှတ်ထားတဲ့ အိုင်ဒီယာပါပဲ။

ပရီးမီးယားလိဂ်လိုမဟုတ်ဘဲ လူစားလဲခွင့် ၅ ဦးအထိရှိနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆိုးလ်ရှားဟာ ပွဲချိန်ကြာ လာပြီး ဂိုးမရခဲ့ရင် တိုက်စစ်သမားတွေ ကွင်းထဲအကုန်ပစ်ထည့်မယ့်ပုံစံ ကြံစည် ထားခဲ့ပုံရပါတယ်။

မန်ယူအသင်းရဲ့အရန်ခုံမှာလည်း ဘရူနိုဖာနန်ဒက်စ်၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတာ၊ ကာဗာနီ၊ အစ်ဂါလို၊ ရက်ရှ်ဖို့ဒ်တိ့ု ၆ ဦးစလုံးရှိနေပြီး အဆင်သင့်ဖြစ်နေပါတယ်။

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ရှိသေးတဲ့အတွက် တောက်လျှောက် ပွဲဆက်များနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်ကို အရန်မှာ ခဏအနားပေးခဲ့တဲ့ လုပ်ရပ်မှန်ကန်သွားခဲ့ပြီး ဂရင်းဝုဒ်ရဲ့ စောစောစီးစီးဂိုးကြောင့် ပွဲကိုထိန်းချုပ်နိုင်ခဲ့ ပါတယ်။

ဒါတောင် ဆိုးလ်ရှားဟာ ဒုတိယပိုင်း မိနစ် ၇၀ ကျော်ချိန်မှာ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဖာနန်ဒက်စ် တို့ ၃ ဦးကိုထည့်သွင်းပြီး တိုက်စစ်အားထပ်မြှင့်ခဲ့တာပါ။

တစ်ဂိုးအနိုင်က စိတ်မချရသေးတဲ့အချိန်မှာ တိုက်စစ်အားမြှင့်လိုက်တဲ့ ဆိုးလ်ရှား ရဲ့ဗျူဟာအလုပ်ဖြစ်သွားပြီး နောက်ထပ် ၄ ဂိုး ထပ်ရခဲ့ပါတယ်။

အခုဆိုရင် ဆိုးလ်ရှားဟာ ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ ပွဲထွက်လူစာရင်းအပေါ်ကိုပဲ အပြည့်အ၀ အာရုံစိုက်ခဲ့ပြီး နယူးကာဆယ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ လိုက်ဇစ်တို့ကို ၃ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ဖြတ်ကျော်လာခဲ့ပါပြီး ရှုံးပွဲမရှိခဲ့ဘဲ ဒီ ၄ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးရခဲ့ပြီး ၂ ဂိုးသာ ပြန်ပေးခဲ့ ရတာပါ။

အခုဆိုရင် ပရိသတ်တွေသာမကဘဲ မီဒီယာတွေကပါ ဆိုးလ်ရှား ဘယ်လူစာရင်းပွဲထွက်မလဲဆိုတာ စောင့်ကြည့်နေကြပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းဗ်ဴဟာပိုင္းထက္ လူထုတ္ပံုမွာ ဆရာက်တဲ့ ဆိုးလ္ရွားရဲ႕ ပြဲထြက္လူစာရင္းကို အားလံုးက ေစာင့္ၾကည့္ေနၾကၿပီ

ပြဲက်ပ္ကာလေတြရွိေနတဲ့အခ်ိန္မွာ လိုက္ဇစ္နဲ႔ပြဲအတြက္ လူစာရင္းထြက္လာေတာ့ နည္းျပဆိုးလ္ရွားကို ေ၀ဖန္မယ့္ေလသံေတြ ထြက္ခဲ့ပါေသးတယ္။
ပြဲက်ပ္ကာလစ တဲ့ နယူးကာဆယ္နဲ႔ပြဲကတည္းက ဆိုးလ္ရွားဟာ လူထုတ္ပံုကိုသတိထားၿပီး ျပင္ဆင္ခဲ့တာေတြ႕ရပါတယ္။

ကြင္းလယ္မွာ ဖရက္ဒ္နဲ႔ တြန္မီေနးအတြဲကို ေတာက္ေလွ်ာက္သံုးခဲ့ၿပီး လိုက္ဇစ္နဲ႔ပြဲမွာေတာ့ ကြင္းလယ္မွာသမၻာရွိတဲ့ မာတစ္ ကို ျပန္သံုးခဲ့သလို ပရိသတ္ေတြေတာင္းဆိုေနတဲ့ ဗန္ဒီဘိခ္ကိုလည္း ပြဲထုတ္ခဲ့ပါတယ္။

၄-၁-၃-၂ ပံုစံနဲ႔ပြဲထြက္လာခဲ့ၿပီး သူ႕ရဲ႕စိတ္ႀကိဳက္ေနာက္တန္းအထုိင္ ၄ ေယာက္ျဖစ္တဲ့ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ လုခ္ေရွာတို႔ကိုေတာ့ အေျပာင္းအလဲမလုပ္ခဲ့ပါဘူး။

ေနာက္တန္း ၄ ေယာက္ရဲ႕ေရွ႕မွာ မာတစ္ကို ကြင္း လယ္အဖ်က္(Defensive Midfield) အျဖစ္ ထားကစားခဲ့ၿပီး ဖရက္ဒ္၊ ဗန္ဒီဘိခ္၊ ေပါ့ဂ္ဘာတို႔က ကြင္းလယ္မွာကစားခဲ့ပါတယ္။
ပရိသတ္ေတြ ထင္မွတ္မထားတာ ကေတာ့ တုိက္စစ္လူထုတ္ပံုပါပဲ။ ဆယ္ေက်ာ္သက္ ဂရင္း၀ုဒ္ကို မာရွယ္နဲ႔တြဲၿပီး ပြဲထုတ္ခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ ပြဲပယ္ခံထားရတဲ့ မာရွယ္က အားျပည့္ေနတာ ေၾကာင့္ ခ်န္ပီယံလိဂ္ ၂ ပြဲဆက္တုိက္ျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ပြဲမွာလည္း ပြဲထုတ္တာ ကို လက္သင့္ခံလို႔ရေပမယ့္ ဂရင္း၀ုဒ္နဲ႔တြဲၿပီး ၂ ေယာက္တည္းလႊတ္ေပးလိုက္တာ ဟာ ဆိုးလ္ရွားရဲ႕မထင္မွတ္ထားတဲ့ အိုင္ဒီယာပါပဲ။

ပရီးမီးယားလိဂ္လိုမဟုတ္ဘဲ လူစားလဲခြင့္ ၅ ဦးအထိရွိေနတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆိုးလ္ရွားဟာ ပြဲခ်ိန္ၾကာ လာၿပီး ဂိုးမရခဲ့ရင္ တုိက္စစ္သမားေတြ ကြင္းထဲအကုန္ပစ္ထည့္မယ့္ပံုစံ ႀကံစည္ ထားခဲ့ပံုရပါတယ္။

မန္ယူအသင္းရဲ႕အရန္ခံုမွာလည္း ဘရူႏိုဖာနန္ဒက္စ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာတာ၊ ကာဗာနီ၊ အစ္ဂါလို၊ ရက္ရွ္ဖို႔ဒ္တိ႔ု ၆ ဦးစလံုးရွိေနၿပီး အဆင္သင့္ျဖစ္ေနပါတယ္။

အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲက်ပ္ရွိေသးတဲ့အတြက္ ေတာက္ေလွ်ာက္ ပြဲဆက္မ်ားေနတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဖာနန္ဒက္စ္ကို အရန္မွာ ခဏအနားေပးခဲ့တဲ့ လုပ္ရပ္မွန္ကန္သြားခဲ့ၿပီး ဂရင္း၀ုဒ္ရဲ႕ ေစာေစာစီးစီးဂိုးေၾကာင့္ ပြဲကိုထိန္းခ်ဳပ္ႏိုင္ခဲ့ ပါတယ္။

ဒါေတာင္ ဆိုးလ္ရွားဟာ ဒုတိယပိုင္း မိနစ္ ၇၀ ေက်ာ္ခ်ိန္မွာ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီ၊ ဖာနန္ဒက္စ္ တို႔ ၃ ဦးကိုထည့္သြင္းၿပီး တိုက္စစ္အားထပ္ျမွင့္ခဲ့တာပါ။

တစ္ဂိုးအႏိုင္က စိတ္မခ်ရေသးတဲ့အခ်ိန္မွာ တိုက္စစ္အားျမွင့္လိုက္တဲ့ ဆိုးလ္ရွား ရဲ႕ဗ်ဴဟာအလုပ္ျဖစ္သြားၿပီး ေနာက္ထပ္ ၄ ဂိုး ထပ္ရခဲ့ပါတယ္။

အခုဆိုရင္ ဆိုးလ္ရွားဟာ ေ၀ဖန္မႈေတြကိုဂရုမစိုက္ဘဲ ပြဲထြက္လူစာရင္းအေပၚကိုပဲ အျပည့္အ၀ အာရုံစိုက္ခဲ့ၿပီး နယူးကာဆယ္၊ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီး၊ လိုက္ဇစ္တို႔ကို ၃ ပြဲႏိုင္၊ ၁ ပြဲ သေရနဲ႔ ျဖတ္ေက်ာ္လာခဲ့ပါၿပီး ရႈံးပြဲမရွိခဲ့ဘဲ ဒီ ၄ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးရခဲ့ၿပီး ၂ ဂိုးသာ ျပန္ေပးခဲ့ ရတာပါ။

အခုဆိုရင္ ပရိသတ္ေတြသာမကဘဲ မီဒီယာေတြကပါ ဆုိးလ္ရွား ဘယ္လူစာရင္းပြဲထြက္မလဲဆိုတာ ေစာင့္ၾကည့္ေနၾကပါၿပီ။