
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးအော့ဆန်နီအက်ဒူယတ်နှင့်တိုက်မိမှုကြောင့် နဖူးကွဲခဲ့ပါတယ်။
အသက်၂၈နှစ်ရှိအင်္ဂလန်ဗဟိုနောက်ခံလူဟာပွဲပြီးခါနီးမှာခေါင်းတိုက်ရန်
ကြိုးပမ်းစဉ် အက်ဒူယတ်နှင့်ထိမိပြီးပုံကျခဲ့ပါတယ်။
ဆေးအဖွဲ့ကကွင်းအတွင်းပြေးဝင်လာပြီးမက်ဂွိုင်းယားကို
ဆေးကုသမှုပြုလုပ်ခဲ့ကြပါတယ်။မက်ဂွိုင်းယားဟာနဖူးကွဲသွားပြီး
သွေးတွေထွက်နေခဲ့တာတွေ့ရပါတယ်။
မက်ဂွိုင်းယားဟာနဖူးကွဲသွားပေမယ့်ပြန်ထနိုင်ခဲ့ပြီးခေါင်းပတ်ဖြင့်ပွဲပြီးတဲ့အထိ
ဆက်ကစားနိုင်ခဲ့ကာဂိုးလည်းမပေးခဲ့ရပါဘူး။
ယူနိုက်တက်ဟာ မနေ့ညတုန်းကပဲလေ့စ်ကို၁-ဝဂိုးဖြင့်အနိုင်ရရှိမှုနဲ့အတူ
ယခုရာသီမှာပထမဆုံးအကြိမ်အဖြစ်အိုးထရက်ဖို့ဒ်မှာပေးဂိုးမရှိခဲ့ပါဘူး။
ရန်နစ်ခ်ရဲ့ပထမဆုံးပွဲမှာယူနိုက်တက်အတွက်အနိုင်ဂိုးကို
ဒုတိယပိုင်းမှာဖရက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။
ရန်နစ်ခ်ဟာမနေ့ညကပွဲစဉ်မှာ၄-၂-၃-၁ နဲ့ပွဲထွက်လာမယ်လို့ယူဆခဲ့ရပေမယ့်
၄-၂-၂-၂ကစားကွက်ကိုအသုံးပြုသွားခဲ့ပါတယ်။
zawgyi
နဖူးကြဲ ဒူးၿပဲ ႀကိဳးစားခဲ့တဲ့ မက္ဂြိဳင္းယား
မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာ
ခရစၥတယ္ပဲေလ့စ္တိုက္စစ္မႉးေအာ့ဆန္နီအက္ဒူယတ္ႏွင့္တိုက္မိမႈေၾကာင့္ နဖူးကြဲခဲ့ပါတယ္။
အသက္၂၈ႏွစ္ရွိအဂၤလန္ဗဟိုေနာက္ခံလူဟာပြဲၿပီးခါနီးမွာေခါင္းတိုက္ရန္
ႀကိဳးပမ္းစဥ္ အက္ဒူယတ္ႏွင့္ထိမိၿပီးပုံက်ခဲ့ပါတယ္။
ေဆးအဖြဲ႕ကကြင္းအတြင္းေျပးဝင္လာၿပီးမက္ဂြိဳင္းယားကို
ေဆးကုသမႈျပဳလုပ္ခဲ့ၾကပါတယ္။မက္ဂြိဳင္းယားဟာနဖူးကြဲသြားၿပီး
ေသြးေတြထြက္ေနခဲ့တာေတြ႕ရပါတယ္။
မက္ဂြိဳင္းယားဟာနဖူးကြဲသြားေပမယ့္ျပန္ထႏိုင္ခဲ့ၿပီးေခါင္းပတ္ျဖင့္ပြဲၿပီးတဲ့အထိ
ဆက္ကစားႏိုင္ခဲ့ကာဂိုးလည္းမေပးခဲ့ရပါဘူး။ယူႏိုက္တက္ဟာ
မေန႔ညတုန္းကပဲေလ့စ္ကို၁-ဝဂိုးျဖင့္အႏိုင္ရရွိမႈနဲ႔အတူ
ယခုရာသီမွာပထမဆုံးအႀကိမ္အျဖစ္အိုးထရက္ဖို႔ဒ္မွာေပးဂိုးမရွိခဲ့ပါဘူး။
ရန္နစ္ခ္ရဲ႕ပထမဆုံးပြဲမွာယူႏိုက္တက္အတြက္အႏိုင္ဂိုးကို
ဒုတိယပိုင္းမွာဖရက္ကသြင္းယူခဲ့တာျဖစ္ပါတယ္။
ရန္နစ္ခ္ဟာမေန႔ညကပြဲစဥ္မွာ၄-၂-၃-၁ နဲ႔ပြဲထြက္လာမယ္လို႔ယူဆခဲ့ရေပမယ့္
၄-၂-၂-၂ကစားကြက္ကိုအသုံးျပဳသြားခဲ့ပါတယ္။