
မန်ချက်စတာယူနိုက်တက်ရဲ့နီမင်ဂျာမာတစ်ကအသင်းရှိကစားသမားများဟာ
ပွဲမကစားဘဲ၁၆ရက်ကြာနေခဲ့ရမှုနဲ့အတူ တနင်္လာနေ့နယူးကာဆယ်နှင့်ပွဲအား
ကစားရန်မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေကြောင်းပြောကြားလိုက်ပါတယ်။
ယူနိုက်တက်တွင်ကိုဗစ်ကူးစက်ပျံ့နှံ့မှုများဖြစ်နေခဲ့မှုကြောင့်ဘရန့်ဖို့ဒ်၊
ဘန်လေပွဲတို့ကိုရွှေ့ဆိုင်းခဲ့ရပါတယ်။ဒါပေမဲ့၎င်းတို့ဟာကိုဗစ်ကင်းစင်လာမှုနဲ့အတူ
လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီးတနင်္လာနေ့မှာနယူးကာဆယ်နှင့်ရင်ဆိုင်ရပါမယ်။
မာတစ်က “ကျွန်တော်တို့အားလုံးပွဲအရမ်းကစားချင်နေကြတယ်။
ခင်ဗျားတို့လည်းသိတဲ့အတိုင်းကိုဗစ်ပြဿနာကြုံခဲ့ရကြရတယ်။
အခုတော့အားလုံးပြန်လာကြပါပြီ။ကျွန်တော်တို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။
တခါတလေအခုနားလိုက်ရတာလည်းကောင်းတယ်။ဒါပေမဲ့ကိုဗစ်ကြောင့်ဆိုတော့
လုံးဝမကောင်းပါဘူး။ကျွန်တော်တို့ကပွဲကစားရတာကြိုက်တယ်”လို့
ပြောကြားသွားပါတယ်။နည်းပြသစ်ရေးဖ်ရန်နစ်ခ်ရဲ့လက်အောက်မှာ
ယူနိုက်တက်ဟာခရစ္စတယ်ပဲလေ့စ်၊ယန်းဘွိုင်း၊နော့ဝှစ်ချ်တို့နှင့်ရင်ဆိုင်ခဲ့ရာမှာ
နှစ်ပွဲနိုင်၊တစ်ပွဲသရေကျပြီးရှုံးပွဲမရှိပါဘူး။
ယူနိုက်တက်ဟာယင်းသုံးပွဲမှာတစ်ဂိုးတည်းသာပေးခဲ့ရပါတယ်။
ဆက်လက်ပြီးရန်းနစ်ခ်နှင့်ပတ်သက်ပြီးမာတစ်က “သူ့စိတ်ကူးတွေကို
ကျွန်တော်တို့နားလည်ပါတယ်။သူဘယ်လိုကစားချင်တယ်ဆိုတာနားလည်ပါတယ်။
ဖိအားရုံသာမက အားလုံးပါဝင်ပါတယ်။ကြံ့ခိုင်မှုပိုင်းအသင့်ဖြစ်နေရမယ်။
နည်းစနစ်ပိုင်းကောင်းရမယ်။ကျွန်တော်တို့မှာလည်း
သူဘယ်လိုကစားချင်တာဆိုတာချက်ချင်းနားလည်နိုင်တဲ့ပါရမီရှင်တွေ
လုံလောက်စွာရှိပါတယ်”လို့ပြောကြားသွားပါတယ်။
နယူးကာဆယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းမှာ
ရပ်တည်နေပြီးယခုရာသီမှာနိုင်ပွဲတစ်ပွဲတည်းသာရရှိထားပါတယ်။
zawgyi
နယူးကာဆယ္ကို အပီဖဲ့မယ့္ သရဲနီတပ္သားမ်ား
မန္ခ်က္စတာယူႏိုက္တက္ရဲ႕နီမင္ဂ်ာမာတစ္ကအသင္းရွိကစားသမားမ်ားဟာ
ပြဲမကစားဘဲ၁၆ရက္ၾကာေနခဲ့ရမႈနဲ႔အတူ တနလၤာေန႔နယူးကာဆယ္ႏွင့္ပြဲအား
ကစားရန္မေစာင့္ဆိုင္းႏိုင္ေအာင္ျဖစ္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။
ယူႏိုက္တက္တြင္ကိုဗစ္ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားျဖစ္ေနခဲ့မႈေၾကာင့္ဘရန႔္ဖို႔ဒ္၊
ဘန္ေလပြဲတို႔ကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ဒါေပမဲ့၎တို႔ဟာကိုဗစ္ကင္းစင္လာမႈနဲ႔အတူ
ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီးတနလၤာေန႔မွာနယူးကာဆယ္ႏွင့္ရင္ဆိုင္ရပါမယ္။
မာတစ္က “ကြၽန္ေတာ္တို႔အားလုံးပြဲအရမ္းကစားခ်င္ေနၾကတယ္။
ခင္ဗ်ားတို႔လည္းသိတဲ့အတိုင္းကိုဗစ္ျပႆနာႀကဳံခဲ့ရၾကရတယ္။
အခုေတာ့အားလုံးျပန္လာၾကပါၿပီ။ကြၽန္ေတာ္တို႔အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။
တခါတေလအခုနားလိုက္ရတာလည္းေကာင္းတယ္။ဒါေပမဲ့ကိုဗစ္ေၾကာင့္ဆိုေတာ့
လုံးဝမေကာင္းပါဘူး။ကြၽန္ေတာ္တို႔ကပြဲကစားရတာႀကိဳက္တယ္”လို႔
ေျပာၾကားသြားပါတယ္။
နည္းျပသစ္ေရးဖ္ရန္နစ္ခ္ရဲ႕လက္ေအာက္မွာယူႏိုက္တက္ဟာခရစၥတယ္ပဲေလ့စ္၊
ယန္းဘြိဳင္း၊ေနာ့ဝွစ္ခ်္တို႔ႏွင့္ရင္ဆိုင္ခဲ့ရာမွာႏွစ္ပြဲႏိုင္၊တစ္ပြဲသေရက်ၿပီးရႈံးပြဲမရွိပါဘူး။
ယူႏိုက္တက္ဟာယင္းသုံးပြဲမွာတစ္ဂိုးတည္းသာေပးခဲ့ရပါတယ္။
ဆက္လက္ၿပီးရန္းနစ္ခ္ႏွင့္ပတ္သက္ၿပီးမာတစ္က “သူ႔စိတ္ကူးေတြကို
ကြၽန္ေတာ္တို႔နားလည္ပါတယ္။သူဘယ္လိုကစားခ်င္တယ္ဆိုတာနားလည္ပါတယ္။
ဖိအား႐ုံသာမက အားလုံးပါဝင္ပါတယ္။ႀကံ့ခိုင္မႈပိုင္းအသင့္ျဖစ္ေနရမယ္။
နည္းစနစ္ပိုင္းေကာင္းရမယ္။ကြၽန္ေတာ္တို႔မွာလည္း
သူဘယ္လိုကစားခ်င္တာဆိုတာခ်က္ခ်င္းနားလည္ႏိုင္တဲ့ပါရမီရွင္ေတြ
လုံေလာက္စြာရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။
နယူးကာဆယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားၾကမ္းခင္းမွာ
ရပ္တည္ေနၿပီးယခုရာသီမွာႏိုင္ပြဲတစ္ပြဲတည္းသာရရွိထားပါတယ္။