နယူးကာဆယ်နဲ့စပါးအသင်းတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲကစားနေ
တုန်း ပရိသတ်တစ်ဦး ရုတ်တရက်နှလုံးခုန်ရပ်သွားတာကြောင့် ဆေးအဖွဲ့က
အလျင်အမြန်ဆေးကုသပေးခဲ့ရပြီး ပွဲကို မိနစ်အတော်ကြာရပ်ဆိုင်းခဲ့ရပါတယ်။
စပါးအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရနေချိန်၊ ပထမပိုင်းပြီးဖို့(၂)မိနစ်လောက်အလိုမှာ
နယူးကာဆယ်ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ခြမ်းမှာ ပရိသတ်တစ်ဦး
ရုတ်တရက်သတိမေ့သွားတာကြောင့် ပရိသတ်တွေက ဆေးအဖွဲ့ကူညီပေးဖို့
အချက်ပြခဲ့ပြီး အဲဒီအဖြစ်အပျက်ကို သတိထားမိခဲ့တဲ့ စပါးနောက်ခံလူရယ်ဂီ
ယွန်က အသင်းဖော်ဒိုင်ယာကို အသိပေးခဲ့တဲ့အတွက် ဒီယာက အရန်ခုံဆီ
ချက်ချင်းပြေးပြီးတော့ ဆေးအဖွဲ့ကို နှလုံးခုန်စက်နဲ့အတူ ဆေးကုသပေးဖို့
အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကွင်းလုံခြုံရေးနဲ့ရဲတပ်ဖွဲ့ဝင်တွေက လိုအပ်တာတွေ
ဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့ပြီး သတိမေ့သွားတဲ့ပရိသတ်ကို ဆေးအဖွဲ့က
ဆေးကုသမံပေးနေချိန်မှာ ဒိုင်လူကြီးမာရင်နာက နှစ်ဖက်ကစားသမားတွေ
ကို အဝတ်လဲခန်းအတွင်းသွားဖို့အတွက် စေခိုင်းခဲ့သလို ပွဲကိုလည်း
ခဏရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မိနစ်(၂၀)လောက်ဆေးကုသမှုအပြီးမှာတော့ ဆေးအဖွဲ့ဝင်တွေဟာ
အဲဒီပရိသတ်ကို ဆေးရုံပို့ဆောင်ဖို့အတွက်လုပ်ဆောင်ခဲ့ရပြီး
နယူးကာဆယ်အသင်းက ဒီပရိသတ်ရဲ့အခြေအနေပြန်လည်တည်ငြိမ်
သွားပြီဖြစ်တယ်လို့ သူတို့ရဲ့ Twitter မှာ Post တင်ခဲ့ပါတယ်။
အခုအဖြစ်အပျက်မှာ စပါးအသင်းရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့
ရယ်ဂီယွန်နဲ့ဒိုင်ယာတို့ကို ချီးကျူးရမှာဖြစ်ပြီး သူတို့ရဲ့ကူညီပေးမှုကြောင့်
လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
Zawgyi
နယူးကာဆယ်နဲ့စပါးပွဲ မိနစ်အတော်ကြာရပ်ဆိုင်းခဲ့ရပြီး ရယ်ဂီယွန်နဲ့ဒိုင်ယာတို့ကြောင့် အသက်မဆုံးရှုံးခဲ့တဲ့ ပရိသတ်