နယူးကာဆယ်သို့ ပထမဆုံးပြောင်းရွှေ့တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ထရစ်ပီယာ

နယူးကာဆယ်ဟာအသင်းပိုင်ရှင်သစ်လက်အောက်တွင်ပထမဆုံးခေါ်ယူမှုအဖြစ်

အက်သလက်တီကိုမက်ဒရစ်မှကီရန်ထရစ်ပီယာကိုပြောင်းရွှေ့ကြေး

ပေါင်၁၂သန်းဖြင့် ခေါ်ယူလိုက်ပါတယ်။နယူးကာဆယ်ဟာ

ကီရန်ထရစ်ပီယာကို၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

နယူးကာဆယ်နည်းပြအက်ဒီဟိုဝီဟာတန်းမဆင်းရရေးတိုက်ပွဲဝင်ရန်အတွက်

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

အပြောင်းအရွှေ့အသုံးစရိတ်အလုံအလောက်ရရှိထားပါတယ်။

နယူးကာဆယ်သို့ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်ထရစ်ပီယာက

“စိတ်လှုပ်ရှားဖို့ကောင်းတဲ့ကလပ်သို့ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက်

အရမ်းပျော်ပါတယ်။မက်ဒရစ်ကာလတွေမှာလည်းပျော်ခဲ့ရတယ်။

ဒါပေမဲ့နယူးကာဆယ်ဆီကစိတ်ဝင်စားမှုခံရတာတော့

စိတ်လှုပ်ရှားခဲ့ရတယ်။အက်ဒီဟိုဝီနဲ့အရင်ကတည်းအလုပ်တွဲလုပ်ဖူးတယ်။

ကျွန်တော်ဖြစ်ချင်တာကဒါမျိုးပါ။ရှေ့မှာအလုပ်လုပ်စရာတွေအများကြီးပါ။

ပရီးမီးယားလိဂ်ရဲ့တောင်းဆိုမှုကိုလည်းသိထားပြီးသားပါ။

ဒီကလပ်ကအံ့ဩစရာကောင်းတဲ့ပါရမီရှင်တွေနဲ့စုဖွဲ့ထားတဲ့

ကလပ်ဆိုတာလည်းသိပါတယ်။စတင်ဖို့မစောင့်နိုင်အောင်ဖြစ်နေပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်သို့ နယူးကာဆယ်ကစားသမားအဖြစ်ခြေချချိန်မှာ

အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ဟာဒီဇင်ဘာလကတည်းက ထရစ်ပီယာကိုခေါ်ယူနိုင်ရေး

စတင်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။

ထရစ်ပီယာဟာမိသားစုနှင့်နီးနီးကပ်ကပ်နေထိုင်နိုင်ရန်

အင်္ဂလန်သို့ပြန်လိုနေသူဖြစ်ပြီး ဒီယေဂိုဆီမြွန်နီထံသို့

အသင်းပြောင်းခွင့်တောင်းခဲ့ပါတယ်။

နယူးကာဆယ်နည်းပြဟိုဝီဟာလွန်ခဲ့တဲ့ဆယ်နှစ်တုန်းက

ဘန်လေကိုကိုင်တွယ်စဉ်တုန်းက ထရစ်ပီယာကို ဘန်လေအတွက်

ပထမဆုံးခေါ်ယူမှုအဖြစ်ခေါ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ထရစ်ပီယာဟာ၂၀၁၀ခုနှစ်တုန်းက အင်ဒီကာရိုးလ်ပြီးနောက်

နယူးကာဆယ်သို့ပြောင်းရွှေ့တဲ့ပထမဆုံးအင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ပါတယ်။

ထရစ်ပီယာဟာအင်္ဂလန်အတွက်၃၅ပွဲကစားထားသူဖြစ်ပြီး

ယူရို၂၀၂၀တုန်းကအဓိကကစားသမားအဖြစ်ကစားခဲ့သူလည်းဖြစ်ပါတယ်။

zawgyi

နယူးကာဆယ္သို႔ ပထမဆုံးေျပာင္းေ႐ႊ႕တဲ့ အဂၤလန္လက္ေ႐ြးစင္ကစားသမား ထရစ္ပီယာ

နယူးကာဆယ္ဟာအသင္းပိုင္ရွင္သစ္လက္ေအာက္တြင္ပထမဆုံးေခၚယူမႈအျဖစ္

အက္သလက္တီကိုမက္ဒရစ္မွကီရန္ထရစ္ပီယာကိုေျပာင္းေ႐ႊ႕ေၾကး

ေပါင္၁၂သန္းျဖင့္ ေခၚယူလိုက္ပါတယ္။နယူးကာဆယ္ဟာ

ကီရန္ထရစ္ပီယာကို၂ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

နယူးကာဆယ္နည္းျပအက္ဒီဟိုဝီဟာတန္းမဆင္းရေရးတိုက္ပြဲဝင္ရန္အတြက္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

အေျပာင္းအေ႐ႊ႕အသုံးစရိတ္အလုံအေလာက္ရရွိထားပါတယ္။

နယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီးေနာက္ထရစ္ပီယာက

“စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ကလပ္သို႔ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တဲ့အတြက္

အရမ္းေပ်ာ္ပါတယ္။မက္ဒရစ္ကာလေတြမွာလည္းေပ်ာ္ခဲ့ရတယ္။

ဒါေပမဲ့နယူးကာဆယ္ဆီကစိတ္ဝင္စားမႈခံရတာေတာ့

စိတ္လႈပ္ရွားခဲ့ရတယ္။အက္ဒီဟိုဝီနဲ႔အရင္ကတည္းအလုပ္တြဲလုပ္ဖူးတယ္။

ကြၽန္ေတာ္ျဖစ္ခ်င္တာကဒါမ်ိဳးပါ။ေရွ႕မွာအလုပ္လုပ္စရာေတြအမ်ားႀကီးပါ။

ပရီးမီးယားလိဂ္ရဲ႕ေတာင္းဆိုမႈကိုလည္းသိထားၿပီးသားပါ။

ဒီကလပ္ကအံ့ဩစရာေကာင္းတဲ့ပါရမီရွင္ေတြနဲ႔စုဖြဲ႕ထားတဲ့

ကလပ္ဆိုတာလည္းသိပါတယ္။စတင္ဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္။

စိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔ နယူးကာဆယ္ကစားသမားအျဖစ္ေျခခ်ခ်ိန္မွာ

အရမ္းစိတ္လႈပ္ရွားခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ဟာဒီဇင္ဘာလကတည္းက ထရစ္ပီယာကိုေခၚယူႏိုင္ေရး

စတင္ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။

ထရစ္ပီယာဟာမိသားစုႏွင့္နီးနီးကပ္ကပ္ေနထိုင္ႏိုင္ရန္

အဂၤလန္သို႔ျပန္လိုေနသူျဖစ္ၿပီး ဒီေယဂိုဆီႁမြန္နီထံသို႔

အသင္းေျပာင္းခြင့္ေတာင္းခဲ့ပါတယ္။

နယူးကာဆယ္နည္းျပဟိုဝီဟာလြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းက

ဘန္ေလကိုကိုင္တြယ္စဥ္တုန္းက ထရစ္ပီယာကို ဘန္ေလအတြက္

ပထမဆုံးေခၚယူမႈအျဖစ္ေခၚေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

ထရစ္ပီယာဟာ၂၀၁၀ခုႏွစ္တုန္းက အင္ဒီကာ႐ိုးလ္ၿပီးေနာက္

နယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕တဲ့ပထမဆုံးအဂၤလန္လက္ေ႐ြးစင္ကစားသမားျဖစ္ပါတယ္။

ထရစ္ပီယာဟာအဂၤလန္အတြက္၃၅ပြဲကစားထားသူျဖစ္ၿပီး

ယူ႐ို၂၀၂၀တုန္းကအဓိကကစားသမားအျဖစ္ကစားခဲ့သူလည္းျဖစ္ပါတယ္။