နယူးကာဆယ်သို့ ပြောင်းလာရန် ရော်နယ်ဒိုကို ပရိသတ်တစ်ဦး ဆိုင်းဘုတ်ကိုင် တောင်းဆို

နယူးကာဆယ်ပရိသတ်တစ်ဦးဟာမနေ့ညတုန်းကစိန့်ဂျိမ်းစ်ပါ့ခ်ပွဲစဉ်တွင်

လာမယ့်နွေရာသီတွင်နယူးကာဆယ်သို့ပြောင်းရွှေ့ကစားရန်

ခရစ္စတီယာနိုရော်နယ်ဒိုအားဆိုင်းဘုတ်ကိုင်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

နယူးကာဆယ်ဟာဆော်ဒီပိုင်ရှင်သစ်များကပေါင်သန်း၃၀၀ဖြင့်

ဝယ်ယူလိုက်ပြီးနောက် လာမယ့်အပြောင်းအရွှေ့ဈေးကွက်တွင်

ထိပ်တန်းကစားသမားအချို့ခေါ်ယူရန်စီစဉ်နေပါတယ်။

နယူးကာဆယ်ပရိသတ်တစ်ဦးဟာမနေ့ညတုန်းကပွဲစဉ်မှာတော့

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားကိုအသင်းသို့

ပြောင်းလာရေး ကြိုးပမ်းမှုပြုလုပ်လာပါတယ်။

သူဟာနယူးကာဆယ်ဂျာစီဝတ်ဆင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပုံကို

အသုံးပြုပြီး “it’s nearly 2022 NUFC is the club for you”ဆိုပြီး

ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုကိုင်ဆောင်ခဲ့တာပါ။

မနေ့ညတုန်းကနယူးကာဆယ်နှင့်ယူနိုက်တက်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ

ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ယင်းပွဲတွင်နယူးကာဆယ်ဟာ

စိန့်မက်ဆီမန်ရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီး ကာဗာနီကယူနိုက်တက်အတွက်

ချေပဂိုးသွင်းယူခဲ့ပါတယ်။

zawgyi
















