ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင် ယူနိုက်တက်တစ်သင်းလုံးနီးပါးဟာ
ကာရင်တန်လေ့ကျင့်ရေးကွင်းပြန်လည်ဖွင့်လှစ်ပြီးနောက်
လေ့ကျင့်ခန်းပြန်ဆင်းနိုင်ကြပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းတွင်ကစားသမားများနှင့်ဝန်ထမ်းများအကြား
ကိုဗစ်ကူးစက်ပျံ့နှံ့မှုများဖြစ်ခဲ့ပြီး
ဘရိုက်တန်၊ဘရက်ဖို့ဒ်ကို ရွှေ့ဆိုင်းခဲ့ရတဲ့အပြင် လေ့ကျင့်ရေးကွင်းကိုလည်း
ပိတ်ခဲ့ရပါတယ်။ယခုအခါမှာတော့ ယူနိုက်တက်တွင်ကိုဗစ်လုံးဝနီးပါးကင်းစင်လာမှုနဲ့အတူ
တစ်သင်းလုံးနီးပါးလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်က “ကစားသမားတွေ
လေ့ကျင့်ခန်းပြန်ဆင်းပါပြီ။ဒီနေ့တစ်လုံးနီးပါးဆင်းနိုင်ခဲ့တယ်။
ကျန်တဲ့သူတချို့လည်း မနက်ဖြန်ဆင်းနိုင်ပါမယ်။တစ်သင်းလုံးနီးပါး
ဒီအပတ်ကို အပြုသဘောနဲ့ကျော်ဖြတ်နိုင်ပါမယ်”လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်တွင်ကစားသမားများနှင့်ဝန်ထမ်းများ ၁၉ဦးအထိ
ကိုဗစ်ကူးစက်မှုရှိနေခဲ့တာပါ။ဒါပေမဲ့ယခုအခါရန်းနစ်ခ်ရဲ့ယူနိုက်တက်ဟာ
တနင်္လာနေ့ နယူးကာဆယ်နှင့်ပွဲကိုကစားဖို့သေချာနေပြီဖြစ်ပါတယ်။
zawgyi
နယူးကာဆယ်အတွက် သတင်းဆိုး