နာကျင်အချိန်ပိုနဲ့ပတ်သက်ပြီး စတုတ္ထဒိုင်နဲ့ အရူးမီးဝိုင်းသလိုဖြစ်ခဲ့တဲ့ ဂွါဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက အီတီဟတ်ကွင်းမှာ အချိန်တွေတရွေ့ရွေ့ကုန်လာလေ မန်စီးတီးနည်းပြဂွါဒီယိုလာတစ်ယောက် ပိုပြီးဂဏာမငြိမ်ဖြစ်လာလေဖြစ်ပြီး အဲဒါဟာ စတုတ္ထဒိုင်က နာကျင်အချိန်ပိုမိနစ်အတွက် ဘုတ်ပြားထောင်တော့မယ့်အချိန်မှာ ထင်တာထက်ကို ပိုဆိုးသွားပါတယ်။

အဲဒီပွဲမှာ မန်စီးတီးဟာ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ပြန်လည်ချေပခံခဲ့ရပြီး ဒုတိယပိုင်းမှာတော့ သူတို့ဟာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာက ဝက်စ်ဘရွန်းကို ကျော်ဖြတ်ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

သာမန်ပွဲချိန်မိနစ် ၉၀ ပြည့်သွားရင် နာကျင်အချိန်ပိုဘယ်လောက်ရနိုင်မလဲဆိုတာကို သိချင်တဲ့အခါကျတော့ ဂွါဒီယိုလာဟာ စတုတ္ထဒိုင်အန်တိုနီတေလာဆီ ချဉ်းကပ်ပါတော့တယ်။

နာကျင်အချိန်ပိုက ၄ မိနစ်ပဲဆိုတာကို သိလိုက်တဲ့အချိန်မှာတော့ ဂွါဒီယိုလာတစ်ယောက်အချိန်ပိုထပ်ပေးဖို့ အသနားခံခဲ့ပြီး အဲဒါက မဖြစ်နိုင်မှန်းသဘောပေါက်သွားတဲ့အခါမှာ သူ့အမူအယာဟာ အရူးမီးဝိုင်းသလိုဖြစ်သွားပါတယ်။

ဘယ်လောက်ထိဖြစ်သွားသလဲဆိုရင်  စတုတ္ထဒိုင်လက်ထဲက နံပါတ်ပြဘုတ်ပြားကို လုယူမယ့်ပုံစံတောင် ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တစ်ယောက်ကဆို မော်ရင်ဟိုသာ အဲဒီလိုလုပ်မယ်ဆိုရင် တစ်သက်သာပိတ်ပင်ခံရနိုင်တယ်လို့ ရွဲ့စောင်းပြောဆိုလိုက်ပါတယ်။

အဲဒီပွဲရလဒ်ကြောင့် မန်စီးတီးဟာ သရေပွဲဆက်သွားခဲ့ရပြီး ပရီးမီးယားလိဂ်က နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာအနိုင်ရခဲ့ပါတယ်။

ဒါကြောင့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာရပ်တည်နေရပြီး ထိပ်ဆုံးက အသင်းနဲ့ ၅ မှတ်ကွာဟနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နာက်င္အခ်ိန္ပိုနဲ႔ပတ္သက္ၿပီး စတုတၳဒိုင္နဲ႔ အရူးမီး၀ုိင္းသလိုျဖစ္ခဲ့တဲ့ ဂြါဒီယိုလာ

မေန႔ညက အီတီဟတ္ကြင္းမွာ အခ်ိန္ေတြတေရြ႕ေရြ႕ကုန္လာေလ မန္စီးတီးနည္းျပဂြါဒီယိုလာတစ္ေယာက္ ပိုၿပီးဂဏာမၿငိမ္ျဖစ္လာေလျဖစ္ၿပီး အဲဒါဟာ စတုတၳဒိုင္က နာက်င္အခ်ိန္ပိုမိနစ္အတြက္ ဘုတ္ျပားေထာင္ေတာ့မယ့္အခ်ိန္မွာ ထင္တာထက္ကို ပိုဆုိးသြားပါတယ္။ အဲဒီပြဲမွာ မန္စီးတီးဟာ ဦးေဆာင္ဂုိးစသြင္းႏိုင္ခဲ့ေပမယ့္ ပထမပိုင္းအတြင္းမွာပဲ ျပန္လည္ေခ်ပခံခဲ့ရၿပီး ဒုတိယပိုင္းမွာေတာ့ သူတို႔ဟာ အမွတ္ေပးဇယားအဆင့္ ၁၉ ေနရာက ၀က္စ္ဘရြန္းကို ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။

သာမန္ပြဲခ်ိန္မိနစ္ ၉၀ ျပည့္သြားရင္ နာက်င္အခ်ိန္ပိုဘယ္ေလာက္ရႏိုင္မလဲဆုိတာကို သိခ်င္တဲ့အခါက်ေတာ့ ဂြါဒီယိုလာဟာ စတုတၳဒိုင္အန္တုိနီေတလာဆီ ခ်ဥ္းကပ္ပါေတာ့တယ္။ နာက်င္အခ်ိန္ပိုက ၄ မိနစ္ပဲဆုိတာကို သိလိုက္တဲ့အခ်ိန္မွာေတာ့ ဂြါဒီယုိလာတစ္ေယာက္အခ်ိန္ပိုထပ္ေပးဖို႔ အသနားခံခဲ့ၿပီး အဲဒါက မျဖစ္ႏိုင္မွန္းသေဘာေပါက္သြားတဲ့အခါမွာ သူ႔အမူအယာဟာ အရူးမီး၀ိုင္းသလိုျဖစ္သြားပါတယ္။

ဘယ္ေလာက္ထိျဖစ္သြားသလဲဆုိရင္  စတုတၳဒိုင္လက္ထဲက နံပါတ္ျပဘုတ္ျပားကို လုယူမယ့္ပုံစံေတာင္ ရွိခဲ့တာ ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚက ပရိသတ္တစ္ေယာက္ကဆို ေမာ္ရင္ဟိုသာ အဲဒီလိုလုပ္မယ္ဆုိရင္ တစ္သက္သာပိတ္ပင္ခံရႏိုင္တယ္လုိ႔ ရြဲ႕ေစာင္းေျပာဆုိလိုက္ပါတယ္။ အဲဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးဟာ သေရပြဲဆက္သြားခဲ့ရၿပီး ပရီးမီးယားလိဂ္က ေနာက္ဆုံး ၆ ပြဲမွာ ၂ ပြဲသာအႏိုင္ရခဲ့ပါတယ္။ဒါေၾကာင့္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာရပ္တည္ေနရၿပီး ထိပ္ဆုံးက အသင္းနဲ႔ ၅ မွတ္ကြာဟေနပါတယ္။