နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး လီဗာပူးကို ချန်ပီယံလိဂ်မျှော်လင့်ချက်ပိုမိုရှင်သန်စေခဲ့တဲ့ အဲလစ်ဆန်

လီဗာပူးဂိုးသမား အဲလစ်ဆန်ဟာ ယနေ့ညက ကစားခဲ့တဲ့ဝက်စ်ဘရွန်းနဲ့ပွဲမှာ အသင်းအတွက် နာကျင်အချိန်ပိုမှာ နောက်ကျအနိုင်ဂိုးသွင်းယူကာ သူရဲကောင်းဖြစ်လာပါတယ်။

လီဗာပူးဟာ နောက်ကနေ လိုက်ကစားခဲ့ရပြီးနောက် အဲလစ်ဆန်ရဲ့ခေါင်းတိုက်သွင်းဂိုးကြောင့် အဖိုးတန်နိုင်ပွဲရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုမိုရှင်သန်လာပါတယ်။

မဖြစ်မနေအနိုင်ကစားရမယ့်ပွဲမှာ လီဗာပူးဟာ စနစ်တကျပိတ်ဆို့ကစားလာတဲ့ ဝက်စ်ဘရွန်းကြောင့် အခက်တွေ့ခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ပြည့်တဲ့အထိ ၁-၁ ဂိုးသရေကျနေခဲ့ရပါတယ်။

ဒီလိုနဲ့ နာကျင်အချိန်ပို ၅မိနစ်အရောက်မှာ လီဗာပူးအတွက် နောက်ဆုံးအခွင့်အရေးရလာပါတယ်။

ဒါကတော့ ထောင့်ကန်ဘောရရှိတာဖြစ်ပြီး ညာနောက်ခံလူ အာနိုးလ်က ဂိုးရှေ့ကန်တင်လိုက်ပါတယ်။

ဒီအချိန်မှာ ကိုယ်အပိုင်စားရတဲ့ကိုယ့်ပင်နယ်တီဧရိယာကနေ သူများပင်နယ်တီဧရိယာထဲအထိ ရောက်နေတဲ့ အဲလစ်ဆန်က

အဝေးတိုင်ထောင့်ဆီ ခေါင်းချိုးတိုက်လိုက်တာ ဂိုးထဲတန်းတန်းမတ်မတ် ဝင်သွားပါတယ်။

လီဗာပူးအတွက်တော့ တကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီး အဲလစ်ဆန်ကလည်း ၁၈၉၂ နောက်ပိုင်း ပြိုင်ပွဲအသွင်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးလီဗာပူးဂိုးသမားဖြစ်လာပါတယ်။

လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄နေရာက ချဲလ်ဆီးနဲ့၁မှတ်၊ အဆင့် ၃ နေရာက လက်စတာနဲ့ ၃ မှတ်အကွာ ရောက်လာပြီး

ချဲလ်ဆီးနဲ့လက်စတာတို့ ကစားရဦးမယ့်အချက်ကြောင့် လီဗာပူးအနေနဲ့ အခွင့်အရေးကောင်းတွေ ရလာနိုင်ပါတယ်။

လီဗာပူးအတွက် တကယ့်ကိုခက်ခဲတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ဝက်စ်ဘရွန်းတိုက်စစ်မှူး ရော့ဘ်ဆင်ကနူးက ပွဲချိန် ၁၅ မိနစ်မှာ စောစောစီးစီး ဦးဆောင်ဂိုးသွင်းသွားပါတယ်။

အဲဒီနောက် ပွဲချိန် ၃၃ မိနစ်မှာ မာနေးရဲ့ပေးပို့မှုကနေ ဆာလာက အဝေးတိုင်ထောင့်ထဲကန်သွင်းကာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လီဗာပူးအသင်း ရုန်းကန်ခဲ့ရပါတယ်။

တိုက်စစ်မှူး ဖာမီနိုရဲ့အပြင်းကန်သွင်းချက် တိုင်ထိထွက်သွားသလို မာနေးလည်း အပိုင်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ဂိုးသမား အဲလစ်ဆန်က အနိုင်ဂိုးသွင်းယူသွားပြီး အဲဒီဂိုးက မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ သူ့ဖခင်ဖြစ်သူအတွက် ရည်စူးကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။

Zawgyi

နာက်င္အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းၿပီး လီဗာပူးကို ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ပိုမိုရွင္သန္ေစခဲ့တဲ့ အဲလစ္ဆန္

လီဗာပူးဂိုးသမား အဲလစ္ဆန္ဟာ ယေန႔ညက ကစားခဲ့တဲ့၀က္စ္ဘရြန္းနဲ႔ပြဲမွာ အသင္းအတြက္ နာက်င္အခ်ိန္ပိုမွာ ေနာက္က်အႏိုင္ဂုိးသြင္းယူကာ သူရဲေကာင္းျဖစ္လာပါတယ္။

လီဗာပူးဟာ ေနာက္ကေန လုိက္ကစားခဲ့ရၿပီးေနာက္ အဲလစ္ဆန္ရဲ႕ေခါင္းတုိက္သြင္းဂိုးေၾကာင့္ အဖိုးတန္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ ပိုမုိရွင္သန္လာပါတယ္။

မျဖစ္မေနအႏိုင္ကစားရမယ့္ပြဲမွာ လီဗာပူးဟာ စနစ္တက်ပိတ္ဆုိ႔ကစားလာတဲ့ ၀က္စ္ဘရြန္းေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး သာမန္ပြဲကစားခ်ိန္ မိနစ္ ၉၀ျပည့္တဲ့အထိ ၁-၁ ဂိုးသေရက်ေနခဲ့ရပါတယ္။

ဒီလိုနဲ႔ နာက်င္အခ်ိန္ပို ၅မိနစ္အေရာက္မွာ လီဗာပူးအတြက္ ေနာက္ဆုံးအခြင့္အေရးရလာပါတယ္။ ဒါကေတာ့ ေထာင့္ကန္ေဘာရရွိတာျဖစ္ၿပီး ညာေနာက္ခံလူ အာႏိုးလ္က ဂိုးေရွ႕ကန္တင္လုိက္ပါတယ္။

ဒီအခ်ိန္မွာ ကိုယ္အပိုင္စားရတဲ့ကုိယ့္ပင္နယ္တီဧရိယာကေန သူမ်ားပင္နယ္တီဧရိယာထဲအထိ ေရာက္ေနတဲ့ အဲလစ္ဆန္က အေ၀းတုိင္ေထာင့္ဆီ ေခါင္းခ်ိဳးတုိက္လုိက္တာ ဂိုးထဲတန္းတန္းမတ္မတ္ ၀င္သြားပါတယ္။

လီဗာပူးအတြက္ေတာ့ တကယ့္ကိုအံ့အားသင့္စရာေကာင္းတဲ့ျဖစ္ရပ္ျဖစ္ခဲ့ၿပီး အဲလစ္ဆန္ကလည္း ၁၈၉၂ ေနာက္ပိုင္း ၿပိဳင္ပြဲအသြင္မွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးလီဗာပူးဂိုးသမားျဖစ္လာပါတယ္။

လီဗာပူးဟာ ဒီႏိုင္ပြဲေၾကာင့္ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔၁မွတ္၊ အဆင့္ ၃ ေနရာက လက္စတာနဲ႔ ၃ မွတ္အကြာ ေရာက္လာၿပီး ခ်ဲလ္ဆီးနဲ႔လက္စတာတုိ႔ ကစားရဦးမယ့္အခ်က္ေၾကာင့္ လီဗာပူးအေနနဲ႔ အခြင့္အေရးေကာင္းေတြ ရလာႏိုင္ပါတယ္။

လီဗာပူးအတြက္ တကယ့္ကိုခက္ခဲတဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး ၂၀၁၇ ဒီဇင္ဘာေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပထမဆုံးပြဲထြက္ခြင့္ရခဲ့တဲ့ ၀က္စ္ဘရြန္းတိုက္စစ္မွဴး ေရာ့ဘ္ဆင္ကႏူးက ပြဲခ်ိန္ ၁၅ မိနစ္မွာ ေစာေစာစီးစီး ဦးေဆာင္ဂိုးသြင္းသြားပါတယ္။

အဲဒီေနာက္ ပြဲခ်ိန္ ၃၃ မိနစ္မွာ မာေနးရဲ႕ေပးပို႔မႈကေန ဆာလာက အေ၀းတုိင္ေထာင့္ထဲကန္သြင္းကာ ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ လီဗာပူးအသင္း ႐ုန္းကန္ခဲ့ရပါတယ္။

တုိက္စစ္မွဴး ဖာမီႏိုရဲ႕အျပင္းကန္သြင္းခ်က္ တိုင္ထိထြက္သြားသလုိ မာေနးလည္း အပိုင္အခြင့္အေရးေတြ ဆုံး႐ံႈးခဲ့ရပါတယ္။

ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာ ဂုိးသမား အဲလစ္ဆန္က အႏိုင္ဂိုးသြင္းယူသြားၿပီး အဲဒီဂိုးက မၾကာေသးခင္က ကြယ္လြန္ခဲ့တဲ့ သူ႕ဖခင္ျဖစ္သူအတြက္ ရည္စူးေၾကာင္း ပြဲအၿပီးမွာ ေျပာသြားပါတယ္။