
ရာပေါင်းများစွာသောလက်စတာပရိသတ်များဟာရဲတပ်ဖွဲ့လိုက်ပါစောင့်ကြပ်ပေးနေတဲ့
သူတို့ရဲ့ဘတ်စ်ကားမှာလမ်းမှားမောင်းနှင်ခဲ့မှုနဲ့အတူ နာပိုလီနှင့်ယူရိုပါလိဂ်ပွဲစဉ်ကို
မိနစ်၂၀နောက်ကျပြီးမှကြည့်ခဲ့ရပါတယ်။
လက်စတာဟာမနေ့ညတုန်းကနာပိုလီကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ကာ
ယူရိုပါလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးယူရိုပါကွန်ဖရင့်လိဂ်သို့ဆင်းခဲ့ရပါတယ်။
နာပိုလီဟာနေပယ်မှာကစားရတဲ့ပွဲစဉ်ရဲ့အစပိုင်းကို
ပရိသတ်များစွာမပါဝင်ဘဲကစားခဲ့ရပါတယ်။
ပြောရမယ်ဆိုရင်နယ်မြေခံရဲတပ်ဖွဲ့ကရာပေါင်းများစွာသော
လက်စတာပရိသတ်ကိုလမ်းမှားမှားပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
လက်စတာပရိသတ်ခြောက်ရာနီးပါးတို့ဟာလမ်းကြောင်းမှားပို့ဆောင်မှုကြောင့်
နာပိုလီနှင့်ပွဲကိုမိနစ်၂၀နောက်ကျပြီးမှကြည့်ခဲ့ရပါတယ်။
လက်စတာပရိသတ်တစ်ဦးက “ကွင်းသို့ဘတ်စ်ကား၂နာရီလောက်စီးနေခဲ့တာတောင်
မရောက်သေးဘူး။နောက်ထပ်နာရီဝက်ထပ်စီးရသေးတယ်။၂-ဝဖြစ်နေတဲ့ချိန်ကျမှ
ရောက်တယ်”လို့ပြောကြားခဲ့ပါတယ်။
နာပိုလီဟာပွဲအစ၄မိနစ်မှာတင်အူနက်စ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၂၄မိနစ်မှ
ာအယ်မက်စ်ကဒုတိယဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။လက်စတာကပထမပိုင်းမပြီးခင်မှာ
အီဗန့်၊ဟေးလ်တို့ရဲ့ဂိုးနဲ့ပြန်လည်ချေပခဲ့လို့ပထမပိုင်းမှာ
နှစ်ဂိုးစီသရေဖြစ်နေပါတယ်။ဒါပေမဲ့ပွဲချိန်၅၅မိနစ်မှာ
အယ်မက်စ်ကနာပိုလီအတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
zawgyi
နာပိုလီႏွင့္ပြဲကို ရာေပါင္းမ်ားစြာေသာ လက္စတာပရိသတ္ကိုလမ္းမွား မွား ပို႔ေဆာင္ခဲ့တဲ့ နယ္ေျမခံရဲတပ္ဖြဲ႕က
ရာေပါင္းမ်ားစြာေသာလက္စတာပရိသတ္မ်ားဟာရဲတပ္ဖြဲ႕လိုက္ပါေစာင့္ၾကပ္ေပးေနတဲ့
သူတို႔ရဲ႕ဘတ္စ္ကားမွာလမ္းမွားေမာင္းႏွင္ခဲ့မႈနဲ႔အတူ နာပိုလီႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္ကို
မိနစ္၂၀ေနာက္က်ၿပီးမွၾကည့္ခဲ့ရပါတယ္။
လက္စတာဟာမေန႔ညတုန္းကနာပိုလီကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ကာ
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးယူ႐ိုပါကြန္ဖရင့္လိဂ္သို႔ဆင္းခဲ့ရပါတယ္။
နာပိုလီဟာေနပယ္မွာကစားရတဲ့ပြဲစဥ္ရဲ႕အစပိုင္းကို
ပရိသတ္မ်ားစြာမပါဝင္ဘဲကစားခဲ့ရပါတယ္။
ေျပာရမယ္ဆိုရင္နယ္ေျမခံရဲတပ္ဖြဲ႕ကရာေပါင္းမ်ားစြာေသာ
လက္စတာပရိသတ္ကိုလမ္းမွားမွားပို႔ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။
လက္စတာပရိသတ္ေျခာက္ရာနီးပါးတို႔ဟာလမ္းေၾကာင္းမွားပို႔ေဆာင္မႈေၾကာင့္
နာပိုလီႏွင့္ပြဲကိုမိနစ္၂၀ေနာက္က်ၿပီးမွၾကည့္ခဲ့ရပါတယ္။
လက္စတာပရိသတ္တစ္ဦးက “ကြင္းသို႔ဘတ္စ္ကား၂နာရီေလာက္စီးေနခဲ့တာေတာင္
မေရာက္ေသးဘူး။ေနာက္ထပ္နာရီဝက္ထပ္စီးရေသးတယ္။၂-ဝျဖစ္ေနတဲ့ခ်ိန္က်မွ
ေရာက္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။
နာပိုလီဟာပြဲအစ၄မိနစ္မွာတင္အူနက္စ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၂၄မိနစ္မွ
ာအယ္မက္စ္ကဒုတိယဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။လက္စတာကပထမပိုင္းမၿပီးခင္မွာ
အီဗန႔္၊ေဟးလ္တို႔ရဲ႕ဂိုးနဲ႔ျပန္လည္ေခ်ပခဲ့လို႔ပထမပိုင္းမွာ
ႏွစ္ဂိုးစီသေရျဖစ္ေနပါတယ္။ဒါေပမဲ့ပြဲခ်ိန္၅၅မိနစ္မွာ
အယ္မက္စ္ကနာပိုလီအတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။