
ဟိုဆေးမော်ရင်ဟိုဟာတနင်္ဂနွေနေ့တုန်းကနာပိုလီနှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင်
အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်အခြေအနေမှာဆိုးရွားတဲ့
ရက်သတ္တပတ်နဲ့ကြုံခဲ့ရပါတယ်။
စပါယ်ရှယ်ဝမ်းဟာကြာသပတေးနေ့တုန်းကနော်ဝေအသင်းငယ်လေး
ဘိုဒိုဂလမ့်ကိုယူရိုပါကွန်ဖရင့်လိဂ်မှာ၆-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းအရှုံးဟာ
မော်ရင်ဟိုရဲ့နည်းပြဘဝမှာအဆိုးရွားဆုံးအရှုံးလည်းဖြစ်ပါတယ်။
ယင်းနောက်သုံးရက်အကြာတွင်မော်ရင်ဟိုဟာနာပိုလီနှင့်ဂိုးမရှိသရေကျတဲ့ပွဲမှာ
နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပြန်ပါတယ်။
မန်ယူနှင့်ချဲလ်ဆီးနည်းပြဟောင်းဟာပထမပိုင်းတွင်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဖြင့်
စောဒကတက်မှုဖြင့်အဝါကတ်ပြသတိပေးခံခဲ့ရပြီးနောက်ဒုတိယပိုင်းတွင်လည်း
ယင်းသို့သောအပြုအမူကြောင့်ပင်အဝါကတ်ထပ်မံပြသခံခဲ့ရကာအထုတ်ခံခဲ့ရပါတယ်။
မော်ရင်ဟိုဟာအထုတ်ခံရပြီးနောက်ဒိုင်လူကြီးကလက်မထောင်ပြခဲ့သေးတဲ့အပြင်
ပွဲကြည့်စင်သို့တက်ရောက်လာစဉ်ရိုးမားပရိသတ်များရဲ့လက်ခုပ်တီးကြိုဆိုခြင်း
ခံခဲ့ရပါတယ်။
မော်ရင်ဟိုထုတ်ပယ်ခံရပြီးမကြာမီအချိန်တွင်ပင်နာပိုလီအသင်းနည်းပြလူစီယာ
စပယ်လက်တီမှာလည်းအထုတ်ခံခဲ့ရပါတယ်။
မော်ရင်ဟိုဟာနာပိုလီနှင့်သရေကျပြီးနောက်သုံးပွဲဆက်နိုင်ပွဲပျောက်နေပြီဖြစ်ပါတယ်။
Zawgyi
နာပိုလီႏွင့္ပြဲတြင္ အထုတ္ခံရတဲ့ ေမာ္ရင္ဟို
ဟိုေဆးေမာ္ရင္ဟိုဟာတနဂၤေႏြေန႔တုန္းကနာပိုလီႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္တြင္
အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္အေျခအေနမွာဆိုး႐ြားတဲ့
ရက္သတၱပတ္နဲ႔ႀကဳံခဲ့ရပါတယ္။
စပါယ္ရွယ္ဝမ္းဟာၾကာသပေတးေန႔တုန္းကေနာ္ေဝအသင္းငယ္ေလး
ဘိုဒိုဂလမ့္ကိုယူ႐ိုပါကြန္ဖရင့္လိဂ္မွာ၆-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းအရႈံးဟာ
ေမာ္ရင္ဟိုရဲ႕နည္းျပဘဝမွာအဆိုး႐ြားဆုံးအရႈံးလည္းျဖစ္ပါတယ္။
ယင္းေနာက္သုံးရက္အၾကာတြင္ေမာ္ရင္ဟိုဟာနာပိုလီႏွင့္ဂိုးမရွိသေရက်တဲ့ပြဲမွာ
ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရျပန္ပါတယ္။
မန္ယူႏွင့္ခ်ဲလ္ဆီးနည္းျပေဟာင္းဟာပထမပိုင္းတြင္ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ျဖင့္
ေစာဒကတက္မႈျဖင့္အဝါကတ္ျပသတိေပးခံခဲ့ရၿပီးေနာက္ဒုတိယပိုင္းတြင္လည္း
ယင္းသို႔ေသာအျပဳအမူေၾကာင့္ပင္အဝါကတ္ထပ္မံျပသခံခဲ့ရကာအထုတ္ခံခဲ့ရပါတယ္။
ေမာ္ရင္ဟိုဟာအထုတ္ခံရၿပီးေနာက္ဒိုင္လူႀကီးကလက္မေထာင္ျပခဲ့ေသးတဲ့အျပင္
ပြဲၾကည့္စင္သို႔တက္ေရာက္လာစဥ္႐ိုးမားပရိသတ္မ်ားရဲ႕လက္ခုပ္တီးႀကိဳဆိုျခင္း
ခံခဲ့ရပါတယ္။
ေမာ္ရင္ဟိုထုတ္ပယ္ခံရၿပီးမၾကာမီအခ်ိန္တြင္ပင္နာပိုလီအသင္းနည္းျပလူစီယာ
စပယ္လက္တီမွာလည္းအထုတ္ခံခဲ့ရပါတယ္။
ေမာ္ရင္ဟိုဟာနာပိုလီႏွင့္သေရက်ၿပီးေနာက္သုံးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီျဖစ္ပါတယ္။