ကက်ဂလီယာရီ 🆚 ဆမ်ဒိုးရီးယား
ဒီရာသီစီးရီးအေမှာ နိုင်ပွဲမရသေးတာဆိုလို့ ကက်ဂလီယာရီပဲကျန်တော့တယ်။
ဒါကြောင့်လည်း ဇယားအောက်ဆုံးရောက်နေတာမဆန်းဘူး။ ဆမ်ဒိုးရီးယား
ကလည်းသိပ်တော့မထူးဘဲ နိုင်ပွဲ ၁ပွဲသာရသေးတာပါ။ ဒါကြောင့် ဘော်ဒီ
မစဉ်းစားဘဲ ဂိုးပေါင်းကိုဦးစားပေးစေချင်တယ်။ ကက်ဂလီယာရီက အိမ်ကွင်း
၄ပွဲမှာ ၃ပွဲဂိုးသွင်းခဲ့ပြီး ဆမ်ဒိုးရီးယားကလည်း နောက်ဆုံး ၅ပွဲဆက် ဂိုးအပေါ်
ကစားထားပါတယ်။ ဂိုးပေါင်းဈေး ၃+၅၀ အရလည်း ဂိုးပေါ်မယ့်ပွဲလို့ဆိုရမှာပါ။
ရွေးချယ်မှု – ဂိုးအပေါ်
အမ်ပိုလီ 🆚 အတ္တလန္တာ
စီးရီးဘီချန်ပီယံအမ်ပိုလီက ထင်မထားတဲ့ Upsets အချို့လုပ်ပြထားပါတယ်။
ဂျူဗင်တပ်ကွင်းမှာနိုင်၊ ကက်ဂလီယာရီနဲ့ ဘိုလော့ဂ်နာကို ဂိုးပြတ်နိုင်ခဲ့သလို
မျိုးပေါ့။ အတ္တလန္တာကတော့ ယမန်နှစ်ခြေစွမ်းနဲ့ ဂိုးသွင်းအားကို လုံးဝမမီ
သေးဘူး။ ချန်ပီယံလိဂ်နဲ့ဗျာများနေရတာလည်း ပါတာပေါ့။ ဒီရာသီနိုင်ပွဲ
၃ပွဲလုံးကလည်း တစ်ပွဲမှဂိုးမပြတ်ခဲ့ဘူး။ အမ်ပိုလီကွင်းမှာလည်း အတ္တလန္တာ
ဂိုးရဖို့ရုန်းကန်ရတတ်တယ်။ ကပ်ရှုံးရင်တောင်မထိခိုက်တဲ့ အမ်ပိုလီနဲ့
စွန့်စားရမှာပါ။
ရွေးချယ်မှု – အမ်ပိုလီ
ဂျီနိုအာ 🆚 ဆက်ဆူအိုလို
ပြီးခဲ့တဲ့လကပိုင်ရှင်အပြောင်းအလဲဖြစ်ထားတဲ့ ဂျီနိုအာမှာ နည်းပြဘယ်လာဒီနီရဲ့
အနာဂတ် မရေရာတော့ဘူး။ ဒီပွဲမှာမှရလဒ်မကောင်းရင် ဂတ်တူဆိုနဲ့အစား
ထိုးခံရနိုင်တယ်လို့ သတင်းထွက်နေတယ်။ ဒါကြောင့်လည်း ဧည့်သည်
ဆက်ဆူအိုလိုက =၄၀ပြန်ပေးထားရတာပေါ့။ ဒါပေမဲ့ နောက်ဆုံး ၅ပွဲမှာ
၄ပွဲရှုံးခဲ့တဲ့ ဆက်ဆူအိုလိုခြေစွမ်းကလည်း နည်းနည်းလေးမှ ယုံချင်စရာ
မရှိဘူး။ ခန့်မှန်းရခက်တာမို့ ဒီပွဲကိုရှောင်သင့်ပြီး မဖြစ်မနေရွေးရ
မယ်ဆိုရင် အိမ်ရှင်ဂျီနိုအာကိုပဲရွေးပေးချင်တယ်။
ရွေးချယ်မှု – ဂျီနိုအာ
အူဒီးနီးစ် 🆚 ဘိုလော့ဂ်နာ
နောက်ဆုံး ၄ပွဲမှာ ၁မှတ်ပဲရခဲ့တဲ့ အူဒီးနီးစ် နိုးထချိန်တန်ပါပြီ။ အူဒီးနီးစ်ဟာ
နာပိုလီကို ၄ဂိုးပြတ်ရှုံးတဲ့ပွဲမှာပဲ ကစားပုံညံ့ခဲ့တာဖြစ်ပြီး ရိုးမားနဲ့ ဖီအိုကို
ကပ်ရှုံးခဲ့တဲ့ပွဲတွေမှာတော့ ကစားပုံကောင်းခဲ့ပါတယ်။ အူဒီးနီးစ်ဟာ
ဘိုလော့ဂ်နာကိုဧည့်ခံခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာလည်း ၅ပွဲနိုင်ထားတာပါ။
ဘိုလော့ဂ်နာက အေစီမီလန်၊ ရိုးမားနဲ့ လာဇီယိုတို့ပြီးရင် ဒီရာသီအိမ်ကွင်း
အကောင်းဆုံးဖြစ်ပေမယ့် ဆလာနီတာနာပြီးရင် အဝေးကွင်းအညံ့ဆုံးပါပဲ။
ပြား ၅၀ ရင်းပြီး အူဒီးနီးစ်နဲ့ အရဲစွန့်သင့်တယ်။
ရွေးချယ်မှု – အူဒီးနီးစ်
နာပိုလီ 🆚 တိုရီနို
ဒီရာသီစီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲရထားတာဆိုလို့နာပိုလီတစ်သင်းပဲရှိပါတယ်။
နာပိုလီဟာ ဝါရင့်နည်းပြ စပယ်လက်တီရဲ့ဦးဆောင်မှုနဲ့အတူ စီးရီးအေချန်
ပီယံဖြစ်ဖို့ရည်မှန်းနေပြီး ယူရိုပါလိဂ်ကိုတောင် အာရုံသိပ်မစိုက်ပါဘူး။ နာပိုလီရဲ့
ဒီရာသီတိုက်စစ်နဲ့ခံစစ်ကအပြစ်ပြောစရာမရှိသလောက်ပါပဲ။ တိုရီနိုက နောက်
ဆုံး ၅ပွဲမှာ ၁ပွဲသာရှုံးခဲ့ပေမယ့် မာရာဒိုနာကွင်းမှာ နာပိုလီခံစစ်ကို ပွဲချိန်ပြည့်တောင့်
ခံနိုင်ဖို့ခက်ပါတယ်။ နာပိုလီအနိုင် ၂ဂိုးနဲ့အထက်ရှိမှာပါ။
ရွေးချယ်မှု – နာပိုလီ
ဂျူဗင်တပ် 🆚 ရိုးမား
အယ်လီဂရီနဲ့ မော်ရင်ညိုတို့ရဲ့ ၉ကြိမ်မြောက်အားပြိုင်မှုပါ။ ယခင် ၈ကြိမ်မှာ
မော်ရင်ညိုက အသာရထားပြီး၄ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ပွဲသာရှုံးခဲ့တယ်။ ရော်နယ်ဒို
ထွက်ခါစမတည်မငြိမ်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ် ခြေမှန်ပြန်ရ
လာပြီး ပြိုင်ပွဲစုံ ၆ပွဲဆက်ရှုံးပွဲမရှိ ၅ပွဲနိုင်ခဲ့တယ်။ ဒါတောင် ဒိုင်ဘာလာနဲ့ မိုရာတာ
မကစားနိုင်တာ ၂ပွဲရှိပါပြီ။ ရိုးမားက မော်ရင်ဟိုလက်ထက်တိုးတက်လာပေမယ့်
ပြီးပြည့်စုံတဲ့အဆင့်မရောက်သေးဘူးဆိုတာ လာဇီယိုနဲ့ ဗီရိုနာကွင်းမှာရှုံးခဲ့တာကို
ကြည့်ရင်ထင်ရှားတယ်။ ဂျူဗင်တပ်ကွင်းကလည်း ရိုးမားအတွက်ကျိန်စာဆိုးလို
ဖြစ်နေပြီး နောက်ဆုံး ၁၂ပွဲမှာ ၁၁ပွဲရှုံးခဲ့တယ်။ ဂျူဗင်တပ်ရဲ့အကျောပေးမှု
=၁၀၀ ကလည်းပြင်းတယ်လို့ဆိုနိုင်တာမို့ အိမ်ကွင်းနိုင်ပွဲဆက်ဦးမှာပါ။
ရွေးချယ်မှု – ဂျူဗင်တပ်
Zawgyi
နာပိုလီ အနိုင်ပြတ်သားမယ့် အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
၎ပွဲမှာ ၃ပွဲဂိုးသွင်းခဲ့ပြီး ဆမ်ဒိုးရီးယားကလည်း နောက်ဆုံး ၅ပွဲဆက် ဂိုးအပေါ်
အမ်ပိုလီ 🆚 အတ္တလန္တာ
စွန့်စားရမှာပါ။
ရွေးချယ်မှု – အမ်ပိုလီ
ဂျီနိုအာ 🆚 ဆက်ဆူအိုလို
၎ပွဲရှုံးခဲ့တဲ့ ဆက်ဆူအိုလိုခြေစွမ်းကလည်း နည်းနည်းလေးမှ ယုံချင်စရာ
ရွေးချယ်မှု – ဂျီနိုအာ
နာပိုလီ 🆚 တိုရီနို
ရွေးချယ်မှု – နာပိုလီ
ဂျူဗင်တပ် 🆚 ရိုးမား
မော်ရင်ညိုက အသာရထားပြီး၎ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ပွဲသာရှုံးခဲ့တယ်။ ရော်နယ်ဒို