နာမည်ကျော်နည်းပြဟောင်းတွေ မစွမ်းဆောင်နိုင်ခဲ့တဲ့မှတ်တမ်းကို ဆိုးလ်ရှား ရယူနိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခါးသီးဆုံးပြိုင်ဘက်တစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ အပြိုင်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူး မနက် ၂:၃၀)အချိန်မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။ အခုလောလောဆယ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းထက် တစ်ပွဲလျော့ (၃၃)မှတ်တူညီနေတဲ့အနေအထားကြောင့် ဘန်လေကို အနိုင်ကစားခဲ့ရင် လီဗာပူးလ်ကို (၃)မှတ်အသာနဲ့ အဆင့်(၁)နေရာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီရာသီအစပိုင်းမှာ ပဲလေ့စ်၊ စပါးတို့ကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ဆိုးရွားတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ အကောင်းဆုံးပုံစံပြန်ရခဲ့သလို လက်ရှိအခြေအနေအရ နှစ်အတော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုတောင် မျှော်လင့်လို့ရနေပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၀၊ ဇန်နဝါရီလတုန်းက ဘန်လေအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ကိုယ့်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆိုးလ်ရှားဟာ (၁)နှစ်တာကာလအတွင်းမှာပဲ မယုံနိုင်လောက်အောင် ပြောင်းလဲမှုတွေလုပ်ပြခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်ပရိသတ်တွေရဲ့ လက်ခုပ်သံကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။

တကယ်လို့ ဆိုးလ်ရှားအနေနဲ့ ဒီညပွဲစဉ်မှာသာ အနိုင်ယူပြီး ယူနိုက်တက်အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးရောက်အောင် ပို့ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်နာမည်ကျော်နည်းပြဟောင်းတွေတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ အဲဒါကတော့ (၁၇)ပွဲကစားအပြီး အသင်းကို အဆင့်(၁)နေရာ ရအောင်စွမ်းဆောင်နိုင်တဲ့ မှတ်တမ်းပါပဲ။

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃မှာ (၁၇)ပွဲအပြီး အဆင့်(၁)နေရာရခဲ့တဲ့နောက်ပိုင်း ဒေးဗစ်မွိုက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို စတဲ့ နာမည်ကျော်တွေဟာ ယူနိုက်တက်အသင်းကို အဆင့်(၁)ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ဒေးဗစ်မွိုက်စ် လက်ထက်မှာ အဆင့်(၈/၂၀၁၃-၁၄)၊ ဗန်ဟားလ်ကိုင်တွယ်ခဲ့တဲ့ (၂)ရာသီမှာတော့ အဆင့်(၃/၂၀၁၄-၁၅)၊ အဆင့်(၅/၂၀၁၅-၁၆)နဲ့ မော်ရင်ဟိုရဲ့ (၃)ရာသီအတွင်းမှာ အဆင့်(၆/၂၀၁၆-၁၇)၊ အဆင့်(၂ /၂၀၁၇-၁၈)၊ အဆင့်(၆/၂၀၁၈-၁၉)နေရာတွေမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားလက်ထက်မှာတော့ ပြီးခဲ့တဲ့ရာသီ (၁၇)ပွဲအပြီးမှာ အဆင့်(၆)နေရာသာ ရရှိခဲ့ပြီး ဒီရာသီအဆင့်(၂)နေရာ ရပ်တည်နိုင်ခဲ့တာက မော်ရင်ဟို (၂၀၁၇-၁၈)နောက်ပိုင်း အကောင်းဆုံး ရပ်တည်မှုပါပဲ။ တကယ်လို့ အဆင့်(၁)နေရာကိုသာ ပို့ဆောင်နိုင်ခဲ့ရင်တော့ ဆိုးလ်ရှားဟာ (၈)ရာသီအတွင်း အသင်းကို အမြင့်မားဆုံးအဆင့်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပြအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ လက်ရှိအသင်းရဲ့ ပုံစံကောင်းကို ဆက်ထိန်းပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာရအောင် စွမ်းဆောင်ပြနိုင်မလား၊ (၈)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား ပြန်ရအောင် ဦးဆောင်နိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အခါးသီးဆုံးၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ လီဗာပူးလ္နဲ႔ အၿပိဳင္ျဖစ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔ည(ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူး မနက္ ၂:၃၀)အခ်ိန္မွာ ဘန္ေလအသင္းနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ ယွဥ္ၿပိဳင္ကစားရမွာပါ။ အခုေလာေလာဆယ္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းထက္ တစ္ပြဲေလ်ာ့ (၃၃)မွတ္တူညီေနတဲ့အေနအထားေၾကာင့္ ဘန္ေလကို အႏိုင္ကစားခဲ့ရင္ လီဗာပူးလ္ကို (၃)မွတ္အသာနဲ႔ အဆင့္(၁)ေနရာကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ဒီရာသီအစပိုင္းမွာ ပဲေလ့စ္၊ စပါးတို႔ကို အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး ဆိုး႐ြားတဲ့ရာသီအစနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ယူႏိုက္တက္အသင္းဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ အေကာင္းဆုံးပုံစံျပန္ရခဲ့သလို လက္ရွိအေျခအေနအရ ႏွစ္အေတာ္ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကိုေတာင္ ေမွ်ာ္လင့္လို႔ရေနပါၿပီ။

ၿပီးခဲ့တဲ့ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ဘန္ေလအသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီး ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဆိုးလ္ရွားဟာ (၁)ႏွစ္တာကာလအတြင္းမွာပဲ မယုံႏိုင္ေလာက္ေအာင္ ေျပာင္းလဲမႈေတြလုပ္ျပခဲ့တာေၾကာင့္ အခုဆိုရင္ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ လက္ခုပ္သံကို ျပန္လည္ပိုင္ဆိုင္ခဲ့ပါတယ္။ တကယ္လို႔ ဆိုးလ္ရွားအေနနဲ႔ ဒီညပြဲစဥ္မွာသာ အႏိုင္ယူၿပီး ယူႏိုက္တက္အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးေရာက္ေအာင္ ပို႔ေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ယူႏိုက္တက္နာမည္ေက်ာ္နည္းျပေဟာင္းေတြေတာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္မွာပါ။ အဲဒါကေတာ့ (၁၇)ပြဲကစားအၿပီး အသင္းကို အဆင့္(၁)ေနရာ ရေအာင္စြမ္းေဆာင္ႏိုင္တဲ့ မွတ္တမ္းပါပဲ။

ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ရဲ႕ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃မွာ (၁၇)ပြဲအၿပီး အဆင့္(၁)ေနရာရခဲ့တဲ့ေနာက္ပိုင္း ေဒးဗစ္မြိဳက္စ္၊ ဗန္ဟားလ္၊ ေမာ္ရင္ဟို စတဲ့ နာမည္ေက်ာ္ေတြဟာ ယူႏိုက္တက္အသင္းကို အဆင့္(၁)ေရာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ၾကပါဘူး။ ေဒးဗစ္မြိဳက္စ္ လက္ထက္မွာ အဆင့္(၈/၂၀၁၃-၁၄)၊ ဗန္ဟားလ္ကိုင္တြယ္ခဲ့တဲ့ (၂)ရာသီမွာေတာ့ အဆင့္(၃/၂၀၁၄-၁၅)၊ အဆင့္(၅/၂၀၁၅-၁၆)နဲ႔ ေမာ္ရင္ဟိုရဲ႕ (၃)ရာသီအတြင္းမွာ အဆင့္(၆/၂၀၁၆-၁၇)၊ အဆင့္(၂ /၂၀၁၇-၁၈)၊ အဆင့္(၆/၂၀၁၈-၁၉)ေနရာေတြမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာေတာ့ ၿပီးခဲ့တဲ့ရာသီ (၁၇)ပြဲအၿပီးမွာ အဆင့္(၆)ေနရာသာ ရရွိခဲ့ၿပီး ဒီရာသီအဆင့္(၂)ေနရာ ရပ္တည္ႏိုင္ခဲ့တာက ေမာ္ရင္ဟို (၂၀၁၇-၁၈)ေနာက္ပိုင္း အေကာင္းဆုံး ရပ္တည္မႈပါပဲ။ တကယ္လို႔ အဆင့္(၁)ေနရာကိုသာ ပို႔ေဆာင္ႏိုင္ခဲ့ရင္ေတာ့ ဆိုးလ္ရွားဟာ (၈)ရာသီအတြင္း အသင္းကို အျမင့္မားဆုံးအဆင့္မွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ နည္းျပအျဖစ္ သတ္မွတ္ခံရမွာျဖစ္ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ လက္ရွိအသင္းရဲ႕ ပုံစံေကာင္းကို ဆက္ထိန္းၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာရေအာင္ စြမ္းေဆာင္ျပႏိုင္မလား၊ (၈)ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလား ျပန္ရေအာင္ ဦးေဆာင္ႏိုင္မလားဆိုတာကေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ . .