နာမည်ကြီး Salt Bae ရဲ့ စားသောက်ဆိုင်မှာ ပြန်လည်တွေ့ဆုံခဲ့ကြတဲ့ သရဲနီ ( ၃ ) ဦး

မန်ချက်စတာ ယူနိုက်တက်ကစားသမား ( ၂ ) ဦးဖြစ်တဲ့ ဂျေစီ လင်ဂတ် နှင့် အန်သိုနီ မာရှယ်တို့ဟာ ယခု နွေရာသီ အားလပ်ရက်အတွင်း အသင်းဖော်ဟောင်းဖြစ်တဲ့ အက်ရှ်လေယန်းနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမား ( ၃ ) ဦးဟာ ဂရိကျွန်းဆွယ် Mykonos မှာရှိတဲ့ နာမည်ကြီး Salt Bar စားသောက်ဆိုင်ကို အလည်အပတ်သွားရောက်ခဲ့တာဖြစ်ပါတယ်။

Salt Bae လို့ လူသိများတဲ့ တူရကီလူမျိုး စာဖိုမှူး Nusret Gökçe ရဲ့ စားသောက်ဆိုင်ဟာ မနေ့ညက နာမည်ကျော် ပုဂ္ဂိုလ်သုံးဦးနဲ့ အလုပ်ရှုပ်နေခဲ့မှာ သေချာပါတယ်။

သူတို့သုံးဦးကတော့ အရသာရှိတဲ့ အစားအစာတွေကို သုံးဆောင်ဖို့ ဆန္ဒပြင်းပြနေကြပုံရပြီး အသေးစားပြဿနာကို အကြီအကျယ်ဖြစ်အောင် ကြံဖန်တတ်တဲ့ ရဲတွေနဲ့ မတွေ့ဖို့ မျှော်လင့်မိပါတယ်။

လင်ဂတ်က အင်္ဂလန်အသင်းနဲ့အတူ ယူရို (၂၀၂၀ ) ပြိုင်ပွဲဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် အပြီးသတ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသလို မာရှယ်ကလည်း ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

Zawgyi

နာမည္ႀကီး Salt Bae ရဲ႕ စားေသာက္ဆိုင္မွာ ျပန္လည္ေတြ႕ဆုံခဲ့ၾကတဲ့ သရဲနီ ( ၃ ) ဦး

မန္ခ်က္စတာ ယူႏိုက္တက္ကစားသမား ( ၂ ) ဦးျဖစ္တဲ့ ေဂ်စီ လင္ဂတ္ ႏွင့္ အန္သိုနီ မာရွယ္တို႔ဟာ ယခု ေႏြရာသီ အားလပ္ရက္အတြင္း အသင္းေဖာ္ေဟာင္းျဖစ္တဲ့ အက္ရွ္ေလယန္းနဲ႔ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမား ( ၃ ) ဦးဟာ ဂရိကြၽန္းဆြယ္ Mykonos မွာရွိတဲ့ နာမည္ႀကီး Salt Bar စားေသာက္ဆိုင္ကို အလည္အပတ္သြားေရာက္ခဲ့တာျဖစ္ပါတယ္။

Salt Bae လို႔ လူသိမ်ားတဲ့ တူရကီလူမ်ိဳး စာဖိုမႉး Nusret Gökçe ရဲ႕ စားေသာက္ဆိုင္ဟာ မေန႔ညက နာမည္ေက်ာ္ ပုဂၢိဳလ္သုံးဦးနဲ႔ အလုပ္ရႈပ္ေနခဲ့မွာ ေသခ်ာပါတယ္။ သူတို႔သုံးဦးကေတာ့ အရသာရွိတဲ့ အစားအစာေတြကို သုံးေဆာင္ဖို႔ ဆႏၵျပင္းျပေနၾကပုံရၿပီး အေသးစားျပႆနာကို အႀကီအက်ယ္ျဖစ္ေအာင္ ႀကံဖန္တတ္တဲ့ ရဲေတြနဲ႔ မေတြ႕ဖို႔ ေမွ်ာ္လင့္မိပါတယ္။

လင္ဂတ္က အဂၤလန္အသင္းနဲ႔အတူ ယူ႐ို (၂၀၂၀ ) ၿပိဳင္ပြဲဝင္ခြင့္ရဖို႔ နီးစပ္ခဲ့ေပမယ့္ အၿပီးသတ္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရသလို မာရွယ္ကလည္း ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး ။