
အေရွန်ဝမ်ဘစ်ဆာခါဟာပြီးခဲ့တဲ့လတုန်းကသူငယ်ချင်းများနှင့်အတူ
လန်ဒန်သို့ခရီးသွားခဲ့ရာမှာနိုက်ထရပ်အောက်ဆိုက်ရှူခဲ့တယ်လို့ယူဆရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာသူ့သူငယ်ချင်းများကနိုက်ထရပ်အောက်ဆိုက်
ရှူနေမှုကိုဗီဒီယိုရိုက်ကူးကာသူ့ရဲ့Snapchat အကောင့်မှာတင်ခဲ့တာလည်းဖြစ်ပါတယ်။
ဝန်ဘစ်ဆာခါဟာလန်ဒန်သို့ကားဖြင့်ခရီးသွားစဉ်ကားနောက်ခန်းမှ
သူငယ်ချင်းများနိုက်ထရပ်အောက်ဆိုက်ရှူနေတာကို ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပြီး
ယင်းဗီဒီယိုမှတ်တမ်းထဲမှာသူရှူတဲ့မှတ်တမ်းမပါဝင်ပါဘူး။
ဝန်ဘစ်ဆာခါဟာအဆိုပါလန်ဒန်ခရီးစဉ်အတွင်းမှာတစ်ညလျှင်ပေါင်၈၀၀၀
ပေးရတဲ့ကြယ်ငါးပွင့်အဆင့်ရှိ Grosvennor House တွင်တည်းခိုခဲ့ပါတယ်။
ယင်းဗီဒီယိုဖိုင်မှာဟိုတယ်ရဲ့ Hyde Park Suite တွင်သူငယ်ချင်းများနှင့်
ညစာအတူစားနေတဲ့မှတ်တမ်းလည်းပါဝင်ပါတယ်။
အေရွန်ဝန်ဘစ်ဆာခါဟာအထက်ပါဗီဒီယိုဖိုင်ကြောင့်ယူနိုက်တက်ယာယီ
နည်းပြရေးဖ်ရန်နစ်ခ်ရဲ့ဒေါသထွက်ခြင်းခံရမှာသေချာနေပါတယ်။
အထက်ပါဗီဒီယိုဖိုင်ကနိုဝင်ဘာလ၁၃ရက်နေ့တုန်းကမန်စီးတီးကိုရှုံးနိမ့်ပြီးနောက်
နိုင်ငံတကာပွဲစဉ်ကာလအတွင်းတွင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဝန်ဘစ်ဆာခါဟာ၂၀၁၉ခုနှစ်တွင်ခရစ္စတယ်ပဲလေ့စ်မှယူနိုက်တက်သို့
ပေါင်သန်း၅၀ဖြင့်ရောက်လာခဲ့သူဖြစ်ပြီးယခုရာသီတွင်၁၇ပွဲကစားထားမှု
အပါအဝင်စုစုပေါင်း၁၁၇ပွဲကစားပေးထားပါတယ်။
zawgyi
ႏိုက္ထရပ္ေအာက္ဆိုက္ ဗီဒီယိုဖိုင္ကိစၥရွင္းရေတာ့မယ့္ ဘစ္ဆာခါ
ေအ႐ြန္ဝမ္ဘစ္ဆာခါဟာၿပီးခဲ့တဲ့လတုန္းကသူငယ္ခ်င္းမ်ားႏွင့္အတူ
လန္ဒန္သို႔ခရီးသြားခဲ့ရာမွာႏိုက္ထရပ္ေအာက္ဆိုက္ရႉခဲ့တယ္လို႔ယူဆရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာသူ႔သူငယ္ခ်င္းမ်ားကႏိုက္ထရပ္ေအာက္ဆိုက္
ရႉေနမႈကိုဗီဒီယို႐ိုက္ကူးကာသူ႔ရဲ႕Snapchat အေကာင့္မွာတင္ခဲ့တာလည္းျဖစ္ပါတယ္။
ဝန္ဘစ္ဆာခါဟာလန္ဒန္သို႔ကားျဖင့္ခရီးသြားစဥ္ကားေနာက္ခန္းမွ
သူငယ္ခ်င္းမ်ားႏိုက္ထရပ္ေအာက္ဆိုက္ရႉေနတာကို ဗီဒီယို႐ိုက္ကူးခဲ့တာျဖစ္ၿပီး
ယင္းဗီဒီယိုမွတ္တမ္းထဲမွာသူရႉတဲ့မွတ္တမ္းမပါဝင္ပါဘူး။
ဝန္ဘစ္ဆာခါဟာအဆိုပါလန္ဒန္ခရီးစဥ္အတြင္းမွာတစ္ညလွ်င္ေပါင္၈၀၀၀
ေပးရတဲ့ၾကယ္ငါးပြင့္အဆင့္ရွိ Grosvennor House တြင္တည္းခိုခဲ့ပါတယ္။
ယင္းဗီဒီယိုဖိုင္မွာဟိုတယ္ရဲ႕ Hyde Park Suite တြင္သူငယ္ခ်င္းမ်ားႏွင့္
ညစာအတူစားေနတဲ့မွတ္တမ္းလည္းပါဝင္ပါတယ္။
ေအ႐ြန္ဝန္ဘစ္ဆာခါဟာအထက္ပါဗီဒီယိုဖိုင္ေၾကာင့္ယူႏိုက္တက္ယာယီ
နည္းျပေရးဖ္ရန္နစ္ခ္ရဲ႕ေဒါသထြက္ျခင္းခံရမွာေသခ်ာေနပါတယ္။
အထက္ပါဗီဒီယိုဖိုင္ကႏိုဝင္ဘာလ၁၃ရက္ေန႔တုန္းကမန္စီးတီးကိုရႈံးနိမ့္ၿပီးေနာက္
ႏိုင္ငံတကာပြဲစဥ္ကာလအတြင္းတြင္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။
ဝန္ဘစ္ဆာခါဟာ၂၀၁၉ခုႏွစ္တြင္ခရစၥတယ္ပဲေလ့စ္မွယူႏိုက္တက္သို႔
ေပါင္သန္း၅၀ျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးယခုရာသီတြင္၁၇ပြဲကစားထားမႈ
အပါအဝင္စုစုေပါင္း၁၁၇ပြဲကစားေပးထားပါတယ္။