နိုင်ငံတူ ကစားသမားတွေဖြစ်ကြတဲ့ အာမက်ဒိုင်ယာလို ထရာအိုရေးနဲ့ ဘိုင်လီဟာ မန်ချက်စတာမှာ အတွဲညီတဲ့ မိတ်ဆွေတွေဖြစ်လာတော့မလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒဏ်ရာပြဿနာတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ပရီမီးယားလိဂ်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အဲရစ်ဘိုင်လီဟာ အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းနဲ့ရောက်ရှိလာတဲ့ လူငယ်ကြယ်ပွင့်ကစားသမား အာမက်ဒိုင်ယာလို ထရာအိုရေးကို မန်ချက်စတာမှာ မြန်မြန်နေသားကျအောင် ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတူ ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် အသင်းမှာ ချစ်ခင်သူတွေများတဲ့ ဘိုင်လီရဲ့ အကူအညီ ရမှာဖြစ်တာကြောင့် ထရာအိုရေး ရဲ့ မန်ချက်စတာနေ့ရက်တွေကတော့ အခက်အခဲရှိနေမှာမဟုတ်တော့ပါဘူး။

အာမက်ကလည်း အင်တာဗျူးတစ်ခုမှာ ဘိုင်လီဟာသူစံထားရတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်တယ်လို့ ပြောဆိုထားသလို ပေါ့ဂ်ဘာကိုလည်း လေးစားအားကျသူတစ်ယောက်ဖြစ်ပါတယ်။

ဘိုင်လီက သူ့နဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဒိုင်ယာလိုဟာ ယူနိုက်တက်ရဲ့ အနာဂတ်မှာ အောင်မြင်မှု ကြီးကြီးမားမားရရှိနိုင်မယ့် သူဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပြီး အသက်ငယ်ရွယ်တဲ့သူဖြစ်နေတာကြောင့် စိတ်ရှည်၊သည်းခံမှုရှိဖို့နဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိဖို့လိုကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

သူက “အာမက် အကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူနဲ့လည်း စကားပြောဖူးပါတယ်။ သူက ငယ်ရွယ်ပြီး ပါရမီရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းသစ်ကိုရောက်ရင် အသင်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။
သူ့ကို အသင်းမှာ အထိုင်ကျအောင် ဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ သူက အကောင်းဆုံး လုပ်နိုင်မယ်လို့ ထင်ပါတယ်။” လို့ ယူနိုက်တက်ဗဟိုခံစစ်မှူးက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က သူ့ကိုကူညီဖို့ အဆင်သင့်ပါပဲ။ သူမှ မဟုတ်ပါဘူး တစ်သင်းလုံးက ကစားသမားတွေကို ကျွန်တော် ကူညီမှာပါ။ ကျွန်တော် ယူနိုက်တက်ကို ရောက်ခါစတုန်းကလည်း အသင်းမှာ ရွန်းနီ၊ ဇလာတန်နဲ့ ဗလန်စီယာတို့လိုမျိုး အတွေ့အကြုံရင့်တဲ့ ကစားသမားတွေက ကျွန်တော့်ကို အသင်းနဲ့မြန်မြန်ဆန်ဆန် အထိုင်ကျအောင် ကူညီပေးခဲ့ကြပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာ အာမက်ဟာ မန်ချက်စတာမြို့ကိုရောက်ရှိနေပြီဖြစ်သလို သူဟာ ယခုရာသီကုန်ဆုံးချိန်အထိ ကျောနံပါတ် ၁၉ ဂျာစီ ဝတ်ဆင်ကစားမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုလိုက်ပါတယ်။

ဒီကျောနံပါတ်ဟာ ယူနိုက်တက်အသင်းမှာ အဆိုးအကောင်းရောနေပြီး နစ်ကီဘတ်၊ ဒွိုက်ယော့ခ်တို့လို အသင်းရဲ့ ဂန္တဝင်တွေ ဝတ်ဆင်ခဲ့ဖူးသလို မားကပ်ရက်ဖို့ဒ်လည်း (၂၀၁၆-၂၀၁၈)အထိ နှစ်ရာသီဝတ်ဆင်ခဲ့ဖူးပါတယ်။ အသင်းရဲ့ သမိုင်းမှာ အဆိုးရွားဆုံးကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား ရီကာဒိုနဲ့ ကွင်းလယ်လူ ဂျမ်ဘာဂျမ်ဘာတု့ိလည်းဝတ်ဆင်ဖူးတဲ့မှတ်တမ်းတွေရှိပါတယ်။

အခုအချိန်မှာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၁၉ပိုင်ရှင်ဖြစ်သွားတဲ့ အာမက် ကလည်း အင်စတာဂရမ်မှာ ယူနိုက်တက်အသင်းက သူ့ကိုကြိုဆိုတဲ့ ပိုစ်မှာ မားကပ်ရက်ဖို့ဒ် ကို tag တွဲပြီး နှုတ်ဆက်ခဲ့သလို ရက်ဖို့ဒ်ကလည်း “ကံကောင်းခြင်းတွေအများကြီး သယ်ဆောင်လာနိုင်ပါစေ ညီလေးရေ၊ မကြာခင်တွေ့ကြတာပေါ့ဆိုပြီး” တုန့်ပြန်ရေးသားပြီးကြိုဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ငံတူ ကစားသမားေတြျဖစ္ၾကတဲ့ အာမက္ဒိုင္ယာလို ထရာအိုေရးနဲ႔ ဘိုင္လီဟာ မန္ခ်က္စတာမွာ အတြဲညီတဲ့ မိတ္ေဆြေတြျဖစ္လာေတာ့မလား…?

ဒဏ္ရာျပႆနာေတြကေန ႐ုန္းထြက္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ပရီမီးယားလိဂ္ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အဲရစ္ဘိုင္လီဟာ အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၆ သန္းနဲ႔ေရာက္ရွိလာတဲ့ လူငယ္ၾကယ္ပြင့္ကစားသမား အာမက္ဒိုင္ယာလို ထရာအိုေရးကို မန္ခ်က္စတာမွာ ျမန္ျမန္ေနသားက်ေအာင္ ကူညီေပးသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံတူ ကစားသမားတစ္ေယာက္ျဖစ္တဲ့အျပင္ အသင္းမွာ ခ်စ္ခင္သူေတြမ်ားတဲ့ ဘိုင္လီရဲ႕ အကူအညီ ရမွာျဖစ္တာေၾကာင့္ ထရာအိုေရး ရဲ႕ မန္ခ်က္စတာေန႔ရက္ေတြကေတာ့ အခက္အခဲရွိေနမွာမဟုတ္ေတာ့ပါဘူး။ အာမက္ကလည္း အင္တာဗ်ဴးတစ္ခုမွာ ဘိုင္လီဟာသူစံထားရတဲ့ကစားသမားေတြထဲကတစ္ဦးျဖစ္တယ္လို႔ ေျပာဆိုထားသလို ေပါ့ဂ္ဘာကိုလည္း ေလးစားအားက်သူတစ္ေယာက္ျဖစ္ပါတယ္။

ဘိုင္လီက သူ႔နဲ႔ တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ ဒိုင္ယာလိုဟာ ယူႏိုက္တက္ရဲ႕ အနာဂတ္မွာ ေအာင္ျမင္မႈ ႀကီးႀကီးမားမားရရွိႏိုင္မယ့္ သူျဖစ္တယ္လို႔လည္း ေျပာၾကားသြားခဲ့ၿပီး အသက္ငယ္႐ြယ္တဲ့သူျဖစ္ေနတာေၾကာင့္ စိတ္ရွည္၊သည္းခံမႈရွိဖို႔နဲ႔ ေဝဖန္တိုက္ခိုက္မႈေတြကို ခံႏိုင္ရည္ရွိဖို႔လိုေၾကာင္းလည္း ေျပာၾကားသြားခဲ့ပါတယ္။ သူက “အာမက္ အေၾကာင္း ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ သူနဲ႔လည္း စကားေျပာဖူးပါတယ္။ သူက ငယ္႐ြယ္ၿပီး ပါရမီရွိတဲ့ လူငယ္ကစားသမားတစ္ေယာက္ပါပဲ။ ကစားသမားတစ္ေယာက္အေနနဲ႔ အသင္းသစ္ကိုေရာက္ရင္ အသင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္ဖို႔က အေရးႀကီးတယ္ဆိုတာ ကြၽန္ေတာ္တို႔သိထားပါတယ္။ သူ႔ကို အသင္းမွာ အထိုင္က်ေအာင္ ဝိုင္းဝန္းကူညီၾကဖို႔ လိုပါတယ္။ သူက အေကာင္းဆုံး လုပ္ႏိုင္မယ္လို႔ ထင္ပါတယ္။” လို႔ ယူႏိုက္တက္ဗဟိုခံစစ္မႉးက ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္က သူ႔ကိုကူညီဖို႔ အဆင္သင့္ပါပဲ။ သူမွ မဟုတ္ပါဘူး တစ္သင္းလုံးက ကစားသမားေတြကို ကြၽန္ေတာ္ ကူညီမွာပါ။ ကြၽန္ေတာ္ ယူႏိုက္တက္ကို ေရာက္ခါစတုန္းကလည္း အသင္းမွာ ႐ြန္းနီ၊ ဇလာတန္နဲ႔ ဗလန္စီယာတို႔လိုမ်ိဳး အေတြ႕အႀကဳံရင့္တဲ့ ကစားသမားေတြက ကြၽန္ေတာ့္ကို အသင္းနဲ႔ျမန္ျမန္ဆန္ဆန္ အထိုင္က်ေအာင္ ကူညီေပးခဲ့ၾကပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီေန႔မွာ အာမက္ဟာ မန္ခ်က္စတာၿမိဳ႕ကိုေရာက္ရွိေနၿပီျဖစ္သလို သူဟာ ယခုရာသီကုန္ဆုံးခ်ိန္အထိ ေက်ာနံပါတ္ ၁၉ ဂ်ာစီ ဝတ္ဆင္ကစားမယ္လို႔ ယူႏိုက္တက္အသင္းက အတည္ျပဳလိုက္ပါတယ္။ ဒီေက်ာနံပါတ္ဟာ ယူႏိုက္တက္အသင္းမွာ အဆိုးအေကာင္းေရာေနၿပီး နစ္ကီဘတ္၊ ဒြိဳက္ေယာ့ခ္တို႔လို အသင္းရဲ႕ ဂႏၲဝင္ေတြ ဝတ္ဆင္ခဲ့ဖူးသလို မားကပ္ရက္ဖို႕ဒ္လည္း (၂၀၁၆-၂၀၁၈)အထိ ႏွစ္ရာသီဝတ္ဆင္ခဲ့ဖူးပါတယ္။ အသင္းရဲ႕ သမိုင္းမွာ အဆိုး႐ြားဆုံးကစားသမားေတြျဖစ္ၾကတဲ့ ဂိုးသမား ရီကာဒိုနဲ႔ ကြင္းလယ္လူ ဂ်မ္ဘာဂ်မ္ဘာတု႔ိလည္းဝတ္ဆင္ဖူးတဲ့မွတ္တမ္းေတြရွိပါတယ္။

အခုအခ်ိန္မွာယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၁၉ပိုင္ရွင္ျဖစ္သြားတဲ့ အာမက္ ကလည္း အင္စတာဂရမ္မွာ ယူႏိုက္တက္အသင္းက သူ႕ကိုၾကိဳဆိုတဲ့ ပိုစ္မွာ မားကပ္ရက္ဖို႕ဒ္ ကို tag တြဲၿပီး ႏႈတ္ဆက္ခဲ့သလို ရက္ဖို႕ဒ္ကလည္း “ကံေကာင္းျခင္းေတြအမ်ားၾကီး သယ္ေဆာင္လာႏိုင္ပါေစ ညီေလးေရ၊ မၾကာခင္ေတြ႕ၾကတာေပါ့ဆိုၿပီး” တုန္႕ျပန္ေရးသားၿပီးၾကိဳဆိုခဲ့ပါတယ္။