
အဲဒါဟာ လက်ခံဖို့ ခက်ခဲပေမယ့်လည်း မက်ဆီရဲ့
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပါပြီ။
ဒါ့အပြင် သူဟာ အာဂျင်တီးနားမြေမှာ သူ့ရဲ့နောက်ဆုံးနိုင်ငံတကာပွဲကိုလည်း
ကစားခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
ဗင်နီဇွဲလားကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
မက်ဆီဟာ အာဂျင်တီနားအတွက် ပွဲသိမ်းဂိုးကို သွင်းပေးခဲ့တာပါ။
အဲဒီပွဲအပြီးမှာလည်း မက်ဆီဟာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပြီး
သူ့ပရိသတ်ရှေ့မှောက်က နောက်ဆုံးပွဲကို အပြည့်အဝခံစားခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြစကာလိုနီကိုယ်တိုင်ကလည်း ဗင်နီဇွဲလားနဲ့ပွဲဟာ
ကမ္ဘာ့ဖလားမတိုင်ခင် အာဂျင်တီးနားမြေမှာ မက်ဆီအတွက်
နောက်ဆုံးပွဲဖြစ်ဖွယ်ရှိကြောင်း ပြောထားတာပါ။
ဒါကြောင့် လက်ရွေးစင်အသင်းက သူ့အနာဂါတ်နဲ့ပတ်သက်ပြီး
ခန့်မှန်ပြောဆိုမှုများစွာကို ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အဲဒီအကြောင်းမေးမြန်းတော့ မက်ဆီက
”ကျွန်တော် ဒီမှာ ပျော်ရွှင်နေတာ အတော်ကြာခဲ့ပါပြီ။
ဒီအံ့သြစရာအုပ်စုနဲ့ပဲ ကျွန်တော်တို့ဟာ ကိုပါအမေရိကမှာ ဗိုလ်စွဲခဲ့တယ်။
အားလုံးဟာ သူ့အလိုလို စီးမျောခဲ့တာပါ။
ကွင်းတွင်း၊ ကွင်းပြင် ပိုပြီးတော့လည်း လွယ်ကူတယ်။
ကမ္ဘာ့ဖလားပြီးရင်တော့ အတော်များများကို
ကျွန်တော်ပြန်စဉ်းစားရတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အိမ်ကွင်းမှာ အာဂျင်တီးနားအတွက် နောက်ဆုံးပွဲကစားခဲ့တာက
မက်ဆီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
နောက်ထပ်ဝါရင့်တစ်ယောက်ဖြစ်တဲ့ ဒီမာရီယာဟာလည်း
အာဂျင်တီးနားမြေမှာ သူ့ရဲ့နောက်ဆုံးပွဲကို ကစားခဲ့တာပါ။
zawgyi
နိုင်ငံအသင်းက နားတော့မယ်ဆိုတာကို အရိပ်အမြွက်ဆိုလိုက်တဲ့ မက်ဆီ