နူးကမ့်ကွင်းမှာ စံချိန်တွေတင်ရင်း ဂျူဗင်တပ်စ်ကို အုပ်စုဗိုလ်ဖြစ်စေခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကာလရှည်စောင့်ဆိုင်းနေရတဲ့ နူးကမ့်ကွင်းကို ပြန်အရောက်မှာလည်း စံချိန်တွေဆက်တင်နိုင်ခဲ့ပြီး ဘာစီလိုနာကို သူတု့ိရဲ့အိမ်ကွင်းမှာ ထပ်မံထိုးနှက်ခဲ့ပြန်ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်က ရီးရဲလ်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း အင်္ဂါညက ပထမဆုံးပွဲအဖြစ် နူးကမ့်မှာ ကစားခဲ့တာဖြစ်ပြီး လာလီဂါမှာကစားခဲ့တုန်းက စီရော်နယ်ဒိုရဲ့ရီးရဲလ်နဲ့ မက်ဆီရဲ့ဘာစီလိုနာတို့က အဓိကပြိုင်ဘက်တွေဖြစ်ခဲ့ပါတယ်။


ဂျူဗင်တပ်စ်ကို စီရော်နယ်ဒို ပြောင်းသွားပြီးနောက် အဲဒီအားပြိုင်မှုက မှေးမှိန်သွားပေမယ့် အင်္ဂါညမှာတော့ စီရော်နယ်ဒိုက ပြိုင်ဘက်ဟောင်းအဖြစ် နူးကမ့်ကို ပြန်ရောက်လာပြီး အိမ်ရှင်ကို ဂိုးပြတ်အနိုင်ရခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဘာစီလိုနာကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် တစ်ဦးတည်း ၂ဂိုးသွင်းယူခဲ့ကာ ကျန်ဂိုးကိုတော့ ကွင်းလယ်လူ မက်ကင်နီးက သွင်းယူခဲ့ပြီး စီရော်နယ်ဒိုက ပွဲချိန် ၁၃မိနစ်နဲ့ ၅၂ မိနစ်တွေမှာ ပင်နယ်တီတွေကနေ အသီးသီးသွင်းယူခဲ့တာပါ။


စီရော်နယ်ဒိုဟာ နူးကမ့်မှာ ပြိုင်ပွဲစုံ ၁၄ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ရ သူ့ရဲ့ကလပ်အသင်းကစားသမားဘဝတစ်လျှောက် အဝေးကွင်းမှာ ဂိုးသွင်းအများဆုံးကွင်းအဖြစ် စံချိန်တင်နိုင်ခဲ့သလို ကလပ်အသင်းကစားသမားဘ၀ သွင်းဂိုး ၆၅၀ လည်းပြည့်မြောက်သွားခဲ့ပါတယ်။


ဒါ့အပြင် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာရဲ့အိမ်ကွင်းမှာ ပင်နယ်တီကနေ ၂ဂိုးသွင်းယူနိုင်သူဖြစ်လာပြီး ဂျူဗင်တပ်စ်လည်း ဘာစီလိုနာကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာပါ ရယူနိုင်ခဲ့ပါတယ်။

သူတို့ဟာ ရမှတ် ၁၅ မှတ်စီနဲ့ တူညီနေပေမယ့် ဂျူဗင်တပ်စ်က ထိပ်တိုက်တွေ့ဆုံမှုအရ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ပ-အကျော့ တူရင်မြေမှာတုန်းက ဘာစီလိုနာကို ဝ-၂ ဂိုးနဲ့ပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် နူးကမ့်ကွင်းမှာ ၃ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအီတလီကလပ်အဖြစ် စံချိန်တင်နိုင်ခဲ့ပြီး ဘာစီလိုနာအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အိမ်ကွင်းမှာ ပွဲအစမိနစ် ၂၀အတွင်း ၂ဂိုးအထိ ပေးလိုက်ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏူးကမ့္ကြင္းမွာ စံခ်ိန္ေတြတင္ရင္း ဂ်ဴဗင္တပ္စ္ကို အုပ္စုဗိုလ္ျဖစ္ေစခဲ့တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ကာလရွည္ေစာင့္ဆိုင္းေနရတဲ့ ႏူးကမ့္ကြင္းကို ျပန္အေရာက္မွာလည္း စံခ်ိန္ေတြဆက္တင္ႏိုင္ခဲ့ၿပီး ဘာစီလိုနာကို သူတု႔ိရဲ႕အိမ္ကြင္းမွာ ထပ္မံထိုးႏွက္ခဲ့ျပန္ပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၈ ခုႏွစ္က ရီးရဲလ္ကေန ထြက္ခြာလာၿပီးေနာက္ပိုင္း အဂၤါညက ပထမဆုံးပြဲအျဖစ္ ႏူးကမ့္မွာ ကစားခဲ့တာျဖစ္ၿပီး လာလီဂါမွာကစားခဲ့တုန္းက စီေရာ္နယ္ဒိုရဲ႕ရီးရဲလ္နဲ႔ မက္ဆီရဲ႕ဘာစီလိုနာတို႔က အဓိကၿပိဳင္ဘက္ေတြျဖစ္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ကို စီေရာ္နယ္ဒို ေျပာင္းသြားၿပီးေနာက္ အဲဒီအားၿပိဳင္မႈက ေမွးမွိန္သြားေပမယ့္ အဂၤါညမွာေတာ့ စီေရာ္နယ္ဒိုက ၿပိဳင္ဘက္ေဟာင္းအျဖစ္ ႏူးကမ့္ကို ျပန္ေရာက္လာၿပီး အိမ္ရွင္ကို ဂိုးျပတ္အႏိုင္ရခဲ့ရာမွာ အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဘာစီလိုနာကို ဝ-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂ်ဴဗင္တပ္စ္အတြက္ တစ္ဦးတည္း ၂ဂိုးသြင္းယူခဲ့ကာ က်န္ဂိုးကိုေတာ့ ကြင္းလယ္လူ မက္ကင္နီးက သြင္းယူခဲ့ၿပီး စီေရာ္နယ္ဒိုက ပြဲခ်ိန္ ၁၃မိနစ္နဲ႔ ၅၂ မိနစ္ေတြမွာ ပင္နယ္တီေတြကေန အသီးသီးသြင္းယူခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ႏူးကမ့္မွာ ၿပိဳင္ပြဲစုံ ၁၄ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ရ သူ႔ရဲ႕ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ အေဝးကြင္းမွာ ဂိုးသြင္းအမ်ားဆုံးကြင္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သလို ကလပ္အသင္းကစားသမားဘ၀ သြင္းဂိုး ၆၅၀ လည္းျပည့္ေျမာက္သြားခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဘာစီလိုနာရဲ႕အိမ္ကြင္းမွာ ပင္နယ္တီကေန ၂ဂိုးသြင္းယူႏိုင္သူျဖစ္လာၿပီး ဂ်ဴဗင္တပ္စ္လည္း ဘာစီလိုနာကို ေက်ာ္ျဖတ္ကာ အုပ္စုပထမေနရာပါ ရယူႏိုင္ခဲ့ပါတယ္။

သူတို႔ဟာ ရမွတ္ ၁၅ မွတ္စီနဲ႔ တူညီေနေပမယ့္ ဂ်ဴဗင္တပ္စ္က ထိပ္တိုက္ေတြ႕ဆုံမႈအရ ဘာစီလိုနာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ပ-အေက်ာ့ တူရင္ေျမမွာတုန္းက ဘာစီလိုနာကို ဝ-၂ ဂိုးနဲ႔ပဲ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ႏူးကမ့္ကြင္းမွာ ၃ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးအီတလီကလပ္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီး ဘာစီလိုနာအေနနဲ႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္အိမ္ကြင္းမွာ ပြဲအစမိနစ္ ၂၀အတြင္း ၂ဂိုးအထိ ေပးလိုက္ရတာျဖစ္ပါတယ္။