နူးကမ့်ကွင်းရဲ့သမိုင်းမှာပထမဆုံးအကြိမ်အဖြစ် လာမယ့်ရာသီကစပြီး Spotify Nou Camp လို့ အမည်ပြောင်းလဲ

လာမယ့်ရာသီကစပြီး Spotify Nou Camp လို့အမည်ပြောင်းမယ်

ဘာစီလိုနာအသင်းရဲ့ သမိုင်းဝင်နူးကမ့်ကွင်းကြီးကိုလာမယ့်ရာသီကစပြီး

Spotify Nou Camp ကွင်းလို့တရားဝင်အမည်

ပြောင်းလဲသတ်မှတ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ အွန်လိုင်းပေါ်မှာနာမည်ကြီး music streaming ဖြစ်တဲ့

Spotify နဲ့သဘောတူညီချက်ရရှိသွားပြီးနောက် အခုလိုနာမည်ပြောင်းဖို့

အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ ဟာသက်တမ်း ၆၅ နှစ်ရှိပြီဖြစ်တဲ့ နူးကမ့်ကွင်းရဲ့သမိုင်းမှာပထမဆုံးအကြိမ်အဖြစ်

ကွင်းအမည်ကိုပြောင်းလဲခြင်းလည်းဖြစ် လာမှာပါ။

Spotify နဲ့ဘာစီလိုနာတို့ရဲ့ရေရှည်သဘောတူညီချက်အရ

အမျိုးသားအသင်းနဲ့အမျိုးသမီးအသင်းနှစ်ခုစလုံးရဲ့ အင်္ကျီရင်ဘတ်ပေါ်မှာ

Spotify ရဲ့လိုဂိုကိုလည်းလာမယ့်ရာသီကစလို့ဖော်ပြပေးရမှာဖြစ်ပြီး

စာချုပ်သက်တမ်းက ၄ နှစ်ဖြစ် ပါတယ်။ ဒါ့အပြင် Spotify ဟာ

ကလပ်ရဲ့လေ့ကျင့်ခန်းဝတ်စုံမှာလည်း စပွန်ဆာပေးမှာဖြစ်ပြီး

ဒီသဘောတူညီချက်ကတော့ ၃ နှစ်ဖြစ်ပါတယ်။

ဒါ့အပြင် Spotify နဲ့ဘာစီလိုနာတို့ပူးပေါင်းပြီး အနုပညာရှင်တွေအတွက်

သူတို့ရဲ့ဂီတကိုထုတ်ဖော်ပြသ နိုင်မယ့် ပလက်ဖောင်းတစ်ခုဖြစ်လာဖို့လည်း

လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ နူးကမ့်ကွင်းကြီးထဲမှာဂီတပွဲတော် တွေ

ကျင်းပဖို့အထိလည်းသဘောတူညီထားကြပါတယ်။

ဒီသဘောတူညီချက်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဘာစီလိုနာ ရဲ့

global community fans တွေထဲကနေ ဂီတဝါသနာရှင်တွေပေါ်ထွက်လာရင်

စင်တင်ပေးနိုင်မယ့် ပလက်ဖောင်းတစ် ခုဖြစ်လာရေးလို့လည်း သိရပါတယ်။

အခုလိုသဘောတူညီချက်ရခဲ့ပေမယ့် သူတို့သဘောတူညီချက်က Spotify ပိုင်ရှင်နဲ့

ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဒန်နီရယ်လ်အက်ခ် ကိုအနာဂတ်မှာ

ဘောလုံးကလပ်တစ်ခုပိုင်ဆိုင်ရေးကြိုးပမ်းမှုကို

အဟန့် အတားမဖြစ်စေရဘူးလို့လည်းဆိုပါတယ်။

ဒန်နီရယ်အက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက အာဆင်နယ်အသင်းကိုဝယ်ယူဖို့ ကြိုးပမ်းခဲ့ဘူးပြီး

ဘောလုံးကလပ်တစ်ခုပိုင်ဆိုင်ရေးကို သူ့အိပ်မက်အဖြစ်

သတ်မှတ်ထားသူလည်းဖြစ်ကြောင်း သိရပါတယ်။

zawgyi

ႏူးကမ့္ကြင္းရဲ႕သမိုင္းမွာပထမဆုံးအႀကိမ္အျဖစ္ လာမယ့္ရာသီကစၿပီး Spotify Nou Camp လို႔ အမည္ေျပာင္းလဲ

လာမယ့္ရာသီကစၿပီး Spotify Nou Camp လို႔အမည္ေျပာင္းမယ္

ဘာစီလိုနာအသင္းရဲ႕ သမိုင္းဝင္ႏူးကမ့္ကြင္းႀကီးကိုလာမယ့္ရာသီကစၿပီး

Spotify Nou Camp ကြင္းလို႔တရားဝင္အမည္

ေျပာင္းလဲသတ္မွတ္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ဘာစီလိုနာဟာ အြန္လိုင္းေပၚမွာနာမည္ႀကီး music streaming ျဖစ္တဲ့

Spotify နဲ႔သေဘာတူညီခ်က္ရရွိသြားၿပီးေနာက္ အခုလိုနာမည္ေျပာင္းဖို႔

အတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါ ဟာသက္တမ္း ၆၅ ႏွစ္ရွိၿပီျဖစ္တဲ့ ႏူးကမ့္ကြင္းရဲ႕သမိုင္းမွာပထမဆုံးအႀကိမ္အျဖစ္

ကြင္းအမည္ကိုေျပာင္းလဲျခင္းလည္းျဖစ္ လာမွာပါ။

Spotify နဲ႔ဘာစီလိုနာတို႔ရဲ႕ေရရွည္သေဘာတူညီခ်က္အရ

အမ်ိဳးသားအသင္းနဲ႔အမ်ိဳးသမီးအသင္းႏွစ္ခုစလုံးရဲ႕ အက်ႌရင္ဘတ္ေပၚမွာ

Spotify ရဲ႕လိုဂိုကိုလည္းလာမယ့္ရာသီကစလို႔ေဖာ္ျပေပးရမွာျဖစ္ၿပီး

စာခ်ဳပ္သက္တမ္းက ၄ ႏွစ္ျဖစ္ ပါတယ္။ ဒါ့အျပင္ Spotify ဟာ

ကလပ္ရဲ႕ေလ့က်င့္ခန္းဝတ္စုံမွာလည္း စပြန္ဆာေပးမွာျဖစ္ၿပီး

ဒီသေဘာတူညီခ်က္ကေတာ့ ၃ ႏွစ္ျဖစ္ပါတယ္။

ဒါ့အျပင္ Spotify နဲ႔ဘာစီလိုနာတို႔ပူးေပါင္းၿပီး အႏုပညာရွင္ေတြအတြက္

သူတို႔ရဲ႕ဂီတကိုထုတ္ေဖာ္ျပသ ႏိုင္မယ့္ ပလက္ေဖာင္းတစ္ခုျဖစ္လာဖို႔လည္း

လုပ္ေဆာင္သြားမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႏူးကမ့္ကြင္းႀကီးထဲမွာဂီတပြဲေတာ္ ေတြ

က်င္းပဖို႔အထိလည္းသေဘာတူညီထားၾကပါတယ္။

ဒီသေဘာတူညီခ်က္ရဲ႕အဓိကရည္႐ြယ္ခ်က္ကေတာ့ ဘာစီလိုနာ ရဲ႕

global community fans ေတြထဲကေန ဂီတဝါသနာရွင္ေတြေပၚထြက္လာရင္

စင္တင္ေပးႏိုင္မယ့္ ပလက္ေဖာင္းတစ္ ခုျဖစ္လာေရးလို႔လည္း သိရပါတယ္။

အခုလိုသေဘာတူညီခ်က္ရခဲ့ေပမယ့္ သူတို႔သေဘာတူညီခ်က္က Spotify ပိုင္ရွင္နဲ႔

ပူးတြဲတည္ေထာင္သူျဖစ္တဲ့ ဒန္နီရယ္လ္အက္ခ္ ကိုအနာဂတ္မွာ

ေဘာလုံးကလပ္တစ္ခုပိုင္ဆိုင္ေရးႀကိဳးပမ္းမႈကို

အဟန႔္ အတားမျဖစ္ေစရဘူးလို႔လည္းဆိုပါတယ္။

ဒန္နီရယ္အက္ခ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၁ တုန္းက အာဆင္နယ္အသင္းကိုဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့ဘူးၿပီး

ေဘာလုံးကလပ္တစ္ခုပိုင္ဆိုင္ေရးကို သူ႔အိပ္မက္အျဖစ္

သတ္မွတ္ထားသူလည္းျဖစ္ေၾကာင္း သိရပါတယ္။