
ဘရာဇီးလ်ဂန္ထဝင်နောက်ခံလူကာဖူးက အသင်းရဲ့နာမည်ကျော်တိုက်စစ်မှူး နေမာဟာ
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ တစ်ဦးချင်းနည်းစနစ်ပိုင်းပိုကောင်းတဲ့သူဖြစ်ပြီး
နိုင်ငံနဲ့ကလပ်အသင်းမှာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင်
အခုထက်ပိုပြီးအာရုံစိုက်ဖို့လိုတယ်လို့ သုံးသပ်ခဲ့ပါတယ်။ နေမာဟာ
သူ့ခေတ်အခါမှာ အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်
သတ်မှတ်ခံထားရပေမယ့် စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ယှဉ်လိုက်ရင်
တတိယအကောင်းဆုံးအဖြစ်သာ ရပ်တည်နေတာဖြစ်ပါတယ်။
နေမာရဲ့ပဥ္စလက်ဆန်တဲ့ခြေစွမ်း၊ ကစားသမားဘဝတစ်လျှောက် ကြီးမားတဲ့
အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းတာက
အခုအချိန်အထိ Ballon d’Or ဆုကို တစ်ကြိမ်မှမရရှိသေးဘဲ မက်ဆီက
(၆)ကြိမ်၊ စီရော်နယ်လ်ဒိုက (၅)ကြိမ်စီ အသီးသီးဆွတ်ခူးနိုင်ခဲ့တာပါ။
နေမာအနေနဲ့ ဘာစီလိုနာအသင်းမှာ မက်ဆီရဲ့လောင်းရိပ်အောက်ရောက်နေလို့
၂၀၁၇ ခုနှစ်တုန်းက PSG အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် သူမျှော်လင့်သလို
ဖြစ်မလာသေးဘဲ ထိပ်တန်းအဆင့်တစ်ဦးချင်းထူးချွန်ဆုတွေ
ရယူနိုင်ဖို့အိပ်မက်က ဝေးကွာနေဆဲပါပဲ။ နေမာဟာ ကွင်းတွင်းမှာ
သူမတူတဲ့အရည်အချင်းရှိပေမယ့် ဟန်ဆောင်များတာ၊ ပြိုင်ဘက်ကို
အထင်သေးတဲ့အပြုအမူတွေလုပ်ပြလေ့ရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပေမယ့်
ဘရာဇီးလ်နဲ့အေစီမီလန်ဂန္ထဝင်ကစားသမားကာဖူးကတော့ နေမာဟာ
စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက်ပိုကောင်းတဲ့သူအဖြစ် ချီးကျူးခဲ့တာဖြစ်ပါတယ်။
ကာဖူးက “နေမာဟာ တစ်ဦးချင်းနည်းစနစ်ပိုင်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက်
ပိုကောင်းတဲ့သူဖြစ်ပေမယ့် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်
အခုထက်ပိုတာဝန်ယူဖို့လိုနေပါတယ်။ ဘောလုံးသမားတစ်ယောက်ဟာ
ဘောလုံးအတွက် (၁၀၀)ရာခိုင်နှုန်း အာရုံစိုက်ထားမှဖြစ်ပါလိမ့်မယ်။
ကျွန်တော်ဟာ နေမာထက် ပိုကောင်းတဲ့ကစားသမားတစ်ယောက်မဟုတ်ပါဘူး၊
ဒါပေမဲ့ တခြားညာနောက်ခံလူတွေထက် ကျွန်တော်က ပိုကောင်းတဲ့သူဖြစ်ပြီး
အဲဒါကလည်း ဘောလုံးအပေါ် ကျွန်တော် စိတ်ရော၊ ကိုယ်ပါ
နှစ်မြုပ်အာရုံစိုက်ခဲ့လို့ပါပဲ။ နေမာဟာ အသင်းခေါင်းဆောင်တစ်ဦးမှာရှိသင့်တဲ့
အရည်အချင်းနဲ့ပြည့်စုံဖို့ လိုအပ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ေနမာဟာ တစ္ဦးခ်င္းနည္းစနစ္ပိုင္းမွာ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ထက္ ပိုေကာင္းတယ္လို႔ ကာဖူးခ်ီးက်ဴး
ဘရာဇီးလ္ဂႏၴဝင္ေနာက္ခံလူကာဖူးက အသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္မႉး ေနမာဟာ
မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ တစ္ဦးခ်င္းနည္းစနစ္ပိုင္းပိုေကာင္းတဲ့သူျဖစ္ၿပီ
း ႏိုင္ငံနဲ႔ကလပ္အသင္းမွာ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္ေအာင္
အခုထက္ပိုၿပီးအာ႐ုံစိုက္ဖို႔လိုတယ္လို႔ သုံးသပ္ခဲ့ပါတယ္။ ေနမာဟာ
သူ႔ေခတ္အခါမွာ အေကာင္းဆုံးေဘာလုံးသမားတစ္ဦးျဖစ္
သတ္မွတ္ခံထားရေပမယ့္ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔နဲ႔ယွဥ္လိုက္ရင္
တတိယအေကာင္းဆုံးအျဖစ္သာ ရပ္တည္ေနတာျဖစ္ပါတယ္။ ေနမာရဲ႕
ပၪၥလက္ဆန္တဲ့ေျခစြမ္း၊ ကစားသမားဘဝတစ္ေလွ်ာက္ ႀကီးမားတဲ့
ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းတာက
အခုအခ်ိန္အထိ Ballon d’Or ဆုကို တစ္ႀကိမ္မွမရရွိေသးဘဲ မက္ဆီက
(၆)ႀကိမ္၊ စီေရာ္နယ္လ္ဒိုက (၅)ႀကိမ္စီ အသီးသီးဆြတ္ခူးႏိုင္ခဲ့တာပါ။
ေနမာအေနနဲ႔ ဘာစီလိုနာအသင္းမွာ မက္ဆီရဲ႕ေလာင္းရိပ္ေအာက္ေရာက္ေနလို႔
၂၀၁၇ ခုႏွစ္တုန္းက PSG အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ သူေမွ်ာ္လင့္သလို
ျဖစ္မလာေသးဘဲ ထိပ္တန္းအဆင့္တစ္ဦးခ်င္းထူးခြၽန္ဆုေတြ
ရယူႏိုင္ဖို႔အိပ္မက္က ေဝးကြာေနဆဲပါပဲ။ ေနမာဟာ ကြင္းတြင္းမွာ
သူမတူတဲ့အရည္အခ်င္းရွိေပမယ့္ ဟန္ေဆာင္မ်ားတာ၊ ၿပိဳင္ဘက္ကို
အထင္ေသးတဲ့အျပဳအမူေတြလုပ္ျပေလ့ရွိတဲ့အတြက္ ေဝဖန္ခံခဲ့ရေပမယ့္
ဘရာဇီးလ္နဲ႔ေအစီမီလန္ဂႏၴဝင္ကစားသမားကာဖူးကေတာ့ ေနမာဟာ
စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ထက္ပိုေကာင္းတဲ့သူအျဖစ္ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
ကာဖူးက “ေနမာဟာ တစ္ဦးခ်င္းနည္းစနစ္ပိုင္းမွာ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ထက္
ပိုေကာင္းတဲ့သူျဖစ္ေပမယ့္ သူဟာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္
အခုထက္ပိုတာဝန္ယူဖို႔လိုေနပါတယ္။ ေဘာလုံးသမားတစ္ေယာက္ဟာ
ေဘာလုံးအတြက္ (၁၀၀)ရာခိုင္ႏႈန္း အာ႐ုံစိုက္ထားမွျဖစ္ပါလိမ့္မယ္။
ကြၽန္ေတာ္ဟာ ေနမာထက္ ပိုေကာင္းတဲ့ကစားသမားတစ္ေယာက္မဟုတ္ပါဘူး၊
ဒါေပမဲ့ တျခားညာေနာက္ခံလူေတြထက္ ကြၽန္ေတာ္က ပိုေကာင္းတဲ့သူျဖစ္ၿပီး
အဲဒါကလည္း ေဘာလုံးအေပၚ ကြၽန္ေတာ္ စိတ္ေရာ၊ ကိုယ္ပါ
ႏွစ္ျမဳပ္အာ႐ုံစိုက္ခဲ့လို႔ပါပဲ။ ေနမာဟာ အသင္းေခါင္းေဆာင္တစ္ဦးမွာရွိသင့္တဲ့
အရည္အခ်င္းနဲ႔ျပည့္စုံဖို႔ လိုအပ္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။