
မိုက်ကယ်ကာရစ်ကမန်ချက်စတာယူနိုက်တက်တွင်ဒွန်နီဗန်ဒီဘိခ်အား
နေရာသစ်တွင်ကစားသွားဖို့ရှိနေကြောင်းပြောကြားလာပါတယ်။
နယ်သာလန်လက်ရွေးစင်ကစားသမားဟာဆိုးလ်ရှားလက်ထက်တုန်းက
အရန်ခုံတွင်သာအချိန်ကုန်ဆုံးနေခဲ့ရပေမယ့်မိုက်ကယ်ကာရစ်ရဲ့
ပထမဆုံးပွဲဖြစ်တဲ့ ဗီလာရီးရဲလ်အား၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ
ဖရက်၊မက်တိုမီနေးတို့နှင့်အတူပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာယခုရာသီမှာဒုတိယမြောက်ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး
ယခုရာသီတွင်အများအားဖြင့်လူစားဝင်ရောက်ကစားခွင့်ပင်
မရတဲ့ပွဲအများကြီးနှင့်ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။
ဒါပေမယ့်မိုက်ကယ်ကာရစ်ဟာအသက်၂၄နှစ်ရှိဗန်ဒီဘိခ်ရဲ့နေရာစုံတွင်
ကစားနိုင်တဲ့စွမ်းအားကြောင့် False Nine အဖြစ်ပင်အသုံးပြုရန်
စဉ်းစားနေပါတယ်။ကာရစ်က “ဒွန်နီရဲ့အသင့်တော်ဆုံးနေရာက
ဘယ်နေရာလဲဆိုတာစဉ်းစားတဲ့အခါစိတ်ကူးတွေရလာပါတယ်။
ဒါပေမယ့်သူကနေရာစုံမှာကစားပြီးအံဝင်အောင်လုပ်နိုင်စွမ်းရှိတယ်။
နေရာ၂နေရာ၃နေရာမှာကစားနိုင်တယ်။အေဂျက်စ်မှာစပါးစ်ကိုရှုံးတဲ့
ချန်ပီယံလိဂ်ပွဲတုန်းကသူဟာFalse Nine အဖြစ်တောင်ကစားခဲ့ပါတယ်။
သူ့အတွက်စိတ်ကူးတွေရှိပါတယ်။ဒါပေမယ့်နေရာစုံမှာကစားနိုင်မှုက
အရမ်းကောင်းတယ်။သူ့အတွက်အသင်းမှာ
သုံးဖို့အများကြီးတွေးလို့ရတယ်”လို့ပြောကြားခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာဆိုးလ်ရှားရဲ့နောက်ဆုံးပွဲဖြစ်တဲ့ဝက်ဖို့ဒ်နှင့်ပွဲတွင်လည်း
အကောင်းဆုံးပုံစံဖြင့်ကစားသွားနိုင်ခဲ့ပါတယ်။ယင်းပွဲမှာ၄-၁ဂိုးဖြင့်
ရှုံးနိမ့်ခဲ့ပေမယ့်ဗန်ဒီဘိခ်ဟာခြေစွမ်းပြကစားနိုင်မှုအတွက်ချီးကျူးခြင်းခံခဲ့ရပါတယ်။
zawgyi
ေနရာသစ္မွာ ကစားဖို႔အဆင္ေျပပါ့မလား ဗန္ဒီဘိခ္
မိုက္ကယ္ကာရစ္ကမန္ခ်က္စတာယူႏိုက္တက္တြင္ဒြန္နီဗန္ဒီဘိခ္အား
ေနရာသစ္တြင္ကစားသြားဖို႔ရွိေနေၾကာင္းေျပာၾကားလာပါတယ္။
နယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာဆိုးလ္ရွားလက္ထက္တုန္းက
အရန္ခုံတြင္သာအခ်ိန္ကုန္ဆုံးေနခဲ့ရေပမယ့္မိုက္ကယ္ကာရစ္ရဲ႕
ပထမဆုံးပြဲျဖစ္တဲ့ ဗီလာရီးရဲလ္အား၂-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ
ဖရက္၊မက္တိုမီေနးတို႔ႏွင့္အတူပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။
သူဟာယခုရာသီမွာဒုတိယေျမာက္ပြဲထြက္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး
ယခုရာသီတြင္အမ်ားအားျဖင့္လူစားဝင္ေရာက္ကစားခြင့္ပင္
မရတဲ့ပြဲအမ်ားႀကီးႏွင့္ႀကဳံေတြ႕ခဲ့ရသူျဖစ္ပါတယ္။
ဒါေပမယ့္မိုက္ကယ္ကာရစ္ဟာအသက္၂၄ႏွစ္ရွိဗန္ဒီဘိခ္ရဲ႕ေနရာစုံတြင္
ကစားႏိုင္တဲ့စြမ္းအားေၾကာင့္ False Nine အျဖစ္ပင္အသုံးျပဳရန္
စဥ္းစားေနပါတယ္။ကာရစ္က “ဒြန္နီရဲ႕အသင့္ေတာ္ဆုံးေနရာက
ဘယ္ေနရာလဲဆိုတာစဥ္းစားတဲ့အခါစိတ္ကူးေတြရလာပါတယ္။
ဒါေပမယ့္သူကေနရာစုံမွာကစားၿပီးအံဝင္ေအာင္လုပ္ႏိုင္စြမ္းရွိတယ္။
ေနရာ၂ေနရာ၃ေနရာမွာကစားႏိုင္တယ္။ေအဂ်က္စ္မွာစပါးစ္ကိုရႈံးတဲ့
ခ်န္ပီယံလိဂ္ပြဲတုန္းကသူဟာFalse Nine အျဖစ္ေတာင္ကစားခဲ့ပါတယ္။
သူ႔အတြက္စိတ္ကူးေတြရွိပါတယ္။ဒါေပမယ့္ေနရာစုံမွာကစားႏိုင္မႈက
အရမ္းေကာင္းတယ္။သူ႔အတြက္အသင္းမွာ
သုံးဖို႔အမ်ားႀကီးေတြးလို႔ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ဗန္ဒီဘိခ္ဟာဆိုးလ္ရွားရဲ႕ေနာက္ဆုံးပြဲျဖစ္တဲ့ဝက္ဖို႔ဒ္ႏွင့္ပြဲတြင္လည္း
အေကာင္းဆုံးပုံစံျဖင့္ကစားသြားႏိုင္ခဲ့ပါတယ္။ယင္းပြဲမွာ၄-၁ဂိုးျဖင့္
ရႈံးနိမ့္ခဲ့ေပမယ့္ဗန္ဒီဘိခ္ဟာေျခစြမ္းျပကစားႏိုင္မႈအတြက္ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။