နေအိမ်ဈေးနှုန်းကိုပေါင်၈သိန်းအထိ လျှော့ချမှုပြုလုပ်ခဲ့ရတဲ့ ရိုင်ယန်ဂစ်

ရိုင်ယန်ဂစ်ဟာသူ့ရဲ့အိမ်ဟောင်းကို ဈေးနှုန်းပေါင်၈သိန်းအထိလျှော့ချလိုက်ပြီးနောက်

ပေါင်၂.၇သန်းဖြင့်ရောင်းထုတ်လိုက်နိုင်ပြီဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိယူနိုက်တက်ဂန္ထဝင်ဟာအိပ်ခန်းငါးခန်းပါနေအိမ်ကို

လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကတည်းကရောင်းချရန်ကြိုးပမ်းလာခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့်လည်းရိုင်ယန်ဂစ်ဟာနေအိမ်ဈေးနှုန်းကိုပေါင်၈သိန်းအထိ

လျှော့ချမှုပြုလုပ်ခဲ့ရပါတယ်။ယခုအခါမှာတော့ဝေါ်စလေရှိနေအိမ်ကို

ရောင်းထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရိုင်ယန်ဂစ်ဟာ၂၀၁၇ခုနှစ်တုန်းကကွာရှင်းမပြတ်စဲခင်အထိအဆိုပါဇိမ်ခံအိမ်ကြီးတွင်

ဇနီးဟောင်းစတေစီ၊ကလေးနှစ်ဦးတို့နှင့်အတူနေထိုင်ခဲ့ပါတယ်။

ယင်းနေအိမ်တွင်ရေကူးကန်၊ရုပ်ရှင်ရုံနှင့်ဘားအပြင် လုံခြုံရေးဂိတ်တစ်ခုလည်းပါဝင်ပါတယ်။

လက်ရှိအချိန်တွင်ဂစ်ဟာယင်းနေအိမ်အနီးရှိ ပေါင်၁.၇သန်းတန်အိမ်တွင်နေထိုင်နေပါတယ်။

ဂစ်ဟာရည်းစားဟောင်းကိတ်နှင့်သူမရဲ့ညီမဖြစ်သူအမ်မာတို့ကို

ရိုက်နှက်မှုအတွက်စွဲချက်တင်ခြင်းခံထားရပြီးမနက်ဖြန် ဇန်နဝါရီလ၄ရက်နေ့တွင်

ရုံးတင်စစ်ဆေးခြင်းခံရပါတယ်။

zawgyi

ေနအိမ္ေဈးႏႈန္းကိုေပါင္၈သိန္းအထိ ေလွ်ာ့ခ်မႈျပဳလုပ္ခဲ့ရတဲ့ ႐ိုင္ယန္ဂစ္

႐ိုင္ယန္ဂစ္ဟာသူ႔ရဲ႕အိမ္ေဟာင္းကို ေဈးႏႈန္းေပါင္၈သိန္းအထိေလွ်ာ့ခ်လိုက္ၿပီးေနာက္

ေပါင္၂.၇သန္းျဖင့္ေရာင္းထုတ္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိယူႏိုက္တက္ဂႏၴဝင္ဟာအိပ္ခန္းငါးခန္းပါေနအိမ္ကို

လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္ကတည္းကေရာင္းခ်ရန္ႀကိဳးပမ္းလာခဲ့ေပမဲ့မေအာင္ျမင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္း႐ိုင္ယန္ဂစ္ဟာေနအိမ္ေဈးႏႈန္းကိုေပါင္၈သိန္းအထိ

ေလွ်ာ့ခ်မႈျပဳလုပ္ခဲ့ရပါတယ္။ယခုအခါမွာေတာ့ေဝၚစေလရွိေနအိမ္ကို

ေရာင္းထုတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

႐ိုင္ယန္ဂစ္ဟာ၂၀၁၇ခုႏွစ္တုန္းကကြာရွင္းမျပတ္စဲခင္အထိအဆိုပါဇိမ္ခံအိမ္ႀကီးတြင္

ဇနီးေဟာင္းစေတစီ၊ကေလးႏွစ္ဦးတို႔ႏွင့္အတူေနထိုင္ခဲ့ပါတယ္။

ယင္းေနအိမ္တြင္ေရကူးကန္၊႐ုပ္ရွင္႐ုံႏွင့္ဘားအျပင္ လုံၿခဳံေရးဂိတ္တစ္ခုလည္းပါဝင္ပါတယ္။

လက္ရွိအခ်ိန္တြင္ဂစ္ဟာယင္းေနအိမ္အနီးရွိ ေပါင္၁.၇သန္းတန္အိမ္တြင္ေနထိုင္ေနပါတယ္။

ဂစ္ဟာရည္းစားေဟာင္းကိတ္ႏွင့္သူမရဲ႕ညီမျဖစ္သူအမ္မာတို႔ကို

႐ိုက္ႏွက္မႈအတြက္စြဲခ်က္တင္ျခင္းခံထားရၿပီးမနက္ျဖန္ ဇန္နဝါရီလ၄ရက္ေန႔တြင္

႐ုံးတင္စစ္ေဆးျခင္းခံရပါတယ္။