နောက်ကျတာနဲ့ပတ်သက်လို့ ဂရင်းဝုဒ်ကို ခေါ်ယူသတိပေးခဲ့တဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းဆီ အချိန်မှန်ရောက်မလာမှုနဲ့ပတ်သက်လို့ မန်ယူဟာ လူငယ်ကြယ်ပွင့်ကစားသမားဂရင်းဝုဒ်ကို ခေါ်ယူသတိပေးမှုပြုလုပ်ခဲ့တယ်လို့ အင်္ဂလန်က Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။ အဲဒီဆယ်ကျော်သက်ကစားသမားဟာ ပီအက်စ်ဂျီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲအပြင် နယူးကာဆယ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာပါ မန်ယူလူစာရင်းထဲ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

အသင်းကို အချိန်မှန်ရောက်မလာတတ်တာနဲ့ပတ်သက်လို့ အိုးလ်ထရက်ဖို့ဒ်တာဝန်ရှိသူတွေက ဂရင်းဝုဒ်ကို ဒေါသထွက်နေတယ်လို့တော့ Daily Mail သတင်းစာက ယုံကြည်နေပါတယ်။ ပဲရစ်ခရီးစဉ်မှာ သူလိုက်ပါခွင့်မရတာဟာ ကွင်းပြင်ပပြသနာကြောင့်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ ကွင်းပြင်ပကိစ္စတွေကြောင့် ပီအက်စ်ဂျီနဲ့ပွဲ လူစာရင်းကနေ သူ့ကိုချန်ခဲ့တာဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ကစားဖို့ ကြံ့ခိုင်မှုမပြည့်ဘူးလို့ ဆိုးလ်ရှားက ပြီးခဲ့တဲ့စနေမှာ ပြောခဲ့ပေမယ့် ပဲရစ်ကို အသင်းသားတွေ မထွက်ခွာခင် အဲဒီမန်ယူအကယ်ဒမီထွက် လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်ဆိုရင် နယူးကာဆယ်နဲ့ပွဲမှာကတည်းက သူဟာ ပါနိုင်တဲ့အခြေအနေရှိခဲ့ပြီး ကာဗာနီကွာရန်တင်းဝင်နေရချိန်၊ မာရှယ်လည်း ပွဲပယ်ထိထားချိန်မှာ သူ့အစား ဒန်နီရယ်ဂျိမ်းစ်ကိုသာ ပြန်ခေါ်ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာလည်း မန်စီးတီးက ဖိုဒန်နဲ့အတူ ကိုဗစ်စည်းကမ်းကိုချိုးဖောက်ခဲ့လို့ လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံထားရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာက္က်တာနဲ႔ပတ္သက္လုိ႔ ဂရင္း၀ုဒ္ကုိ ေခၚယူသတိေပးခဲ့တဲ့ မန္ယူ

အသင္းဆီ အခ်ိန္မွန္ေရာက္မလာမႈနဲ႔ပတ္သက္လို႔ မန္ယူဟာ လူငယ္ၾကယ္ပြင့္ကစားသမားဂရင္း၀ုဒ္ကို ေခၚယူသတိေပးမႈျပဳလုပ္ခဲ့တယ္လုိ႔ အဂၤလန္က Daily Mail သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ အဲဒီဆယ္ေက်ာ္သက္ကစားသမားဟာ ပီအက္စ္ဂ်ီကို ၂-၁ နဲဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲအျပင္ နယူးကာဆယ္ကို ၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာပါ မန္ယူလူစာရင္းထဲ ပါ၀င္ျခင္းမရွိခဲ့ပါဘူး။

အသင္းကို အခ်ိန္မွန္ေရာက္မလာတတ္တာနဲ႔ပတ္သက္လုိ႔ အိုးလ္ထရက္ဖုိ႔ဒ္တာ၀န္ရွိသူေတြက ဂရင္း၀ုဒ္ကို ေဒါသထြက္ေနတယ္လုိ႔ေတာ့ Daily Mail သတင္းစာက ယုံၾကည္ေနပါတယ္။ ပဲရစ္ခရီးစဥ္မွာ သူလိုက္ပါခြင့္မရတာဟာ ကြင္းျပင္ပျပသနာေၾကာင့္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ပါေသးတယ္။

ဒါေပမဲ့ နည္းျပဆုိးလ္ရွားကေတာ့ ကြင္းျပင္ပကိစၥေတြေၾကာင့္ ပီအက္စ္ဂ်ီနဲ႔ပြဲ လူစာရင္းကေန သူ႔ကုိခ်န္ခဲ့တာဆုိတဲ့သတင္းေတြကို ျငင္းဆန္ခဲ့ပါတယ္။ ဂရင္း၀ုဒ္ဟာ ကစားဖုိ႔ ႀကံ႕ခိုင္မႈမျပည့္ဘူးလို႔ ဆုိိးလ္ရွားက ၿပီးခဲ့တဲ့စေနမွာ ေျပာခဲ့ေပမယ့္ ပဲရစ္ကုိ အသင္းသားေတြ မထြက္ခြာခင္ အဲဒီမန္ယူအကယ္ဒမီထြက္ ေလ့က်င့္ခန္းဆင္းေနတဲ့ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

တကယ္ဆုိရင္ နယူးကာဆယ္နဲ႔ပြဲမွာကတည္းက သူဟာ ပါႏိုင္တဲ့အေျခအေနရွိခဲ့ၿပီး ကာဗာနီကြာရန္တင္း၀င္ေနရခ်ိန္၊ မာရွယ္လည္း ပြဲပယ္ထိထားခ်ိန္မွာ သူ႔အစား ဒန္နီရယ္ဂ်ိမ္းစ္ကိုသာ ျပန္ေခၚခဲ့တာပါ။ ဂရင္း၀ုဒ္ဟာ အဂၤလန္အသင္းမွာလည္း မန္စီးတီးက ဖုိဒန္နဲ႔အတူ ကိုဗစ္စည္းကမ္းကိုခ်ိဳးေဖာက္ခဲ့လုိ႔ လက္ေရြးစင္အသင္းကေန ခ်န္လွပ္ခံထားရပါတယ္။