နောက်ခံလူတဲလက်စ် ကိုဗစ် positive ဖြစ်နေတာကို ဆိုးလ်ရှားအတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ခံလူအဲလက်တဲလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။ အဲဒီဘရာဇီးသားနောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပေါ်တိုကနေ ရောက်ရှိလာခဲ့တာပါ။

တဲလက်စ်ဟာ ပီအက်စ်ဂျီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအတွက် ပထမဆုံးအကြိမ် ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာရော လစ်ဇစ်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာပါ အသင်းလူစာရင်းထဲ သူပါဝင်ခြင်း မရှိခဲ့ပါဘူး။

လစ်ဇစ်ကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာတော့ တဲလက်စ်မပါနိုင်တာဟာ ကိုဗစ်ဖြစ်နေတာကြောင့်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ အခုဆိုရင် ကစားသမားဟာ အချိန်တစ်ခုထိ ကိုယ့်ကိုယ်ကိုယ်သီးသန့်ခွဲခြားနေထိုင်ရတော့မှာဖြစ်ပါတယ်။

ကစားသမားဟာ ဘာရောဂါလက္ခဏာမှ မပြပေမယ့် ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ လောလောဆယ်တော့ တဲလက်စ်ဟာ လာမယ့်တနင်္ဂနွေကစားမယ့် အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်၊ နောက်တစ်ပတ်ကစားမယ့် ဘာဆက်ဆီဟာနဲ့ ချန်ပီယံလိဂ်အုပ်စုတတိယပွဲစဉ်တို့ကို လွဲချော်ဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာက္ခံလူတဲလက္စ္ ကိုဗစ္ positive ျဖစ္ေနတာကို ဆုိးလ္ရွားအတည္ျပဳ

ေနာက္ခံလူအဲလက္တဲလက္စ္ဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လုိ႔ မန္ယူနည္းျပဆုိးလ္ရွားက ဖြင့္ဟလိုက္ပါတယ္။ အဲဒီဘရာဇီးသားေနာက္ခံလူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ေပၚတိုကေန ေရာက္ရွိလာခဲ့တာပါ။

တဲလက္စ္ဟာ ပီအက္စ္ဂ်ီကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္ယူအတြက္ ပထမဆုံးအႀကိမ္ ကစားေပးခဲ့ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိသေရက်တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာေရာ လစ္ဇစ္ကို ၅-၀ နဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာပါ အသင္းလူစာရင္းထဲ သူပါ၀င္ျခင္း မရွိခဲ့ပါဘူး။

လစ္ဇစ္ကိုအႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာေတာ့ တဲလက္စ္မပါႏိုင္တာဟာ ကိုဗစ္ျဖစ္ေနတာေၾကာင့္လုိ႔ ဆုိးလ္ရွားက အတည္ျပဳခဲ့ပါတယ္။ အခုဆိုရင္ ကစားသမားဟာ အခ်ိန္တစ္ခုထိ ကုိယ့္ကိုယ္ကိုယ္သီးသန္႔ခြဲျခားေနထိုင္ရေတာ့မွာျဖစ္ပါတယ္။

ကစားသမားဟာ ဘာေရာဂါလကၡဏာမွ မျပေပမယ့္ ဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆိုတာကုိေတာ့ မသိရေသးပါဘူး။ ေလာေလာဆယ္ေတာ့ တဲလက္စ္ဟာ လာမယ့္တနဂၤေႏြကစားမယ့္ အာဆင္နယ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္၊ ေနာက္တစ္ပတ္ကစားမယ့္ ဘာဆက္ဆီဟာနဲ႔ ခ်န္ပီယံလိဂ္အုပ္စုတတိယပြဲစဥ္တို႔ကို လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။