နောက်ဆုံးစစ်ဆေးမှုအရ မက်ဆီနဲ့ပြန်တွေ့မယ့်ပွဲကိုလွဲမယ့် စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ ဒုတိယအကြိမ်ကိုဗစ်စစ်ဆေးမှုမှာ positive ပဲ ထွက်ခဲ့ပြန်တာကြောင့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်လိမ့်မယ်လို့ စပိန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ က ကိုဗစ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

အဲဒါကြောင့် သူဟာ ပေါ်တူဂီရဲ့နေးရှင်းလိဂ်နောက်ဆုံးပွဲကို လွဲချော်ခဲ့ရပြီး အီတလီကိုပြန်ကာ ကွာရန်တင်းဝင်နေတာပါ။ ဒါပေမဲ့ နောက်တစ်ကြိမ်စစ်ဆေးမှုမှာလည်း positive ထွက်ခဲ့လို့ ၃၅ နှစ်အရွယ် အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ ပြိုင်ဘက်ဟောင်းမက်ဆီနဲ့ပြန်တွေ့မယ့်ပွဲကို လွဲလိမ့်မယ်လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ မာကာက ဖော်ပြခဲ့တာပါ။

ပေါ်တူဂီသတင်းစာတစ်စောင်ကတော့ စီရော်နယ်ဒိုဟာ ထပ်မံ positive ထွက်ခဲ့ပေမယ့် ဗိုင်းရပ်စ်ပမာဏအရမ်းကိုနည်းပါးတဲ့အတွက် ဂျူဗင်တပ်အသင်းက သူတို့အဓိကကစားသမား အဲဒီပွဲပါနိုင်ရေးကို လုံးဝလက်မလျှော့သေးကြောင်း ဖော်ပြခဲ့ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ကစားမယ့်ပွဲမတိုင်မီ ၄၈ နာရီအလိုမှာ စီရော်နယ်ဒိုကိုစစ်ဆေးပေးဖို့ ဂျူဗင်တပ်က ယူအီးအက်ဖ်အေထံ တောင်းဆိုလိမ့်လို့ ပေါ်တူဂီသတင်းစာက ဆိုခဲ့တာပါ။

အဲဒီတော့ စီရော်နယ်ဒိုကို ကစားခွင့်ပြု၊မပြုက ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ လက်ရှိမှာတော့ စီရော်နယ်ဒိုဟာ ကြံ့ခိုင်ရေးအတွက် သူ့နေအိမ်မှာ လေ့ကျင့်မှုတွေပြုလုပ်နေပြီး အဲဒီပုံရိပ်တွေကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေထံ ပြန်လည်ဝေမျှထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာက္ဆုံးစစ္ေဆးမႈအရ မက္ဆီနဲ႔ျပန္ေတြ႕မယ့္ပြဲကိုလြဲမယ့္ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ ဒုတိယအႀကိမ္ကိုဗစ္စစ္ေဆးမႈမွာ positive ပဲ ထြက္ခဲ့ျပန္တာေၾကာင့္ ဘာစီလုိနာနဲ႔ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္လိမ့္မယ္လုိ႔ စပိန္ကလာတဲ့သတင္းေတြအရ သိရပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ၿပီးခဲဲ့တဲ့ေအာက္တိုဘာ ၁၃ က ကုိဗစ္ကူးစက္ခံထားရတာကုိ စစ္ေဆးေတြ႕ရွိခဲ့တာပါ။

အဲဒါေၾကာင့္ သူဟာ ေပၚတူဂီရဲ႕ေနးရွင္းလိဂ္ေနာက္ဆုံးပြဲကို လြဲေခ်ာ္ခဲ့ရၿပီး အီတလီကိုျပန္ကာ ကြာရန္တင္း၀င္ေနတာပါ။ ဒါေပမဲ့ ေနာက္တစ္ႀကိမ္စစ္ေဆးမႈမွာလည္း positive ထြက္ခဲ့လို႔ ၃၅ ႏွစ္အရြယ္ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ ၿပိဳင္ဘက္ေဟာင္းမက္ဆီနဲ႔ျပန္ေတြ႕မယ့္ပြဲကုိ လြဲလိမ့္မယ္လုိ႔ စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ မာကာက ေဖာ္ျပခဲ့တာပါ။

ေပၚတူဂီသတင္းစာတစ္ေစာင္ကေတာ့ စီေရာ္နယ္ဒိုဟာ ထပ္မံ positive ထြက္ခဲ့ေပမယ့္ ဗုိင္းရပ္စ္ပမာဏအရမ္းကိုနည္းပါးတဲ့အတြက္ ဂ်ဴဗင္တပ္အသင္းက သူတုိ႔အဓိကကစားသမား အဲဒီပြဲပါႏိုင္ေရးကို လုံး၀လက္မေလွ်ာ့ေသးေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ ဘာစီလိုနာနဲ႔ကစားမယ့္ပြဲမတိုင္မီ ၄၈ နာရီအလိုမွာ စီေရာ္နယ္ဒိုကုိစစ္ေဆးေပးဖုိ႔ ဂ်ဴဗင္တပ္က ယူအီးအက္ဖ္ေအထံ ေတာင္းဆုိလိမ့္လို႔ ေပၚတူဂီသတင္းစာက ဆုိခဲ့တာပါ။

အဲဒီေတာ့ စီေရာ္နယ္ဒုိကို ကစားခြင့္ျပဳ၊မျပဳက ယူအီးအက္ဖ္ေအရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာ မူတည္ပါတယ္။ လက္ရွိမွာေတာ့ စီေရာ္နယ္ဒုိဟာ ႀကံ႕ခုိင္ေရးအတြက္ သူ႔ေနအိမ္မွာ ေလ့က်င့္မႈေတြျပဳလုပ္ေနၿပီး အဲဒီပံုရိပ္ေတြကိုလည္း ဆုိရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြထံ ျပန္လည္ေ၀မွ်ထားပါတယ္။