
ဖရန်ဆစ္စကိုတော့တီဟာရိုးမားမှာဘဲကစားသမားဘဝတစ်ခုလုံး ရင်းနှီးမြှပ်နှံ
ခဲ့ပြီး ၇၈၆ပွဲကစားကာ၃၀၇ဂိုးသွင်းယူခဲ့ပါတယ်။ဖရန်ဆစ္စကိုတော့တီဟာ
ရိုးမားအတွက်နောက်ဆုံးပွဲကစားပြီးကစားသမားဘဝမှအနားယူနှုတ်ဆက်
ချိန်မှာသန်းပေါင်းများစွာသောဘောလုံးပရိသတ်များမျက်ရည်ကျခဲ့ကြရပါတယ်။
တော့တီအတွက်မျက်ရည်များပြည့်နှက်နေတဲ့ကွင်းလို့တောင်တင်စားကြပါတယ်။
တော့တီဟာရိုးမားအတွက်နောက်ဆုံးကစားတဲ့ပွဲမှာသူအရမ်းချစ်ရတဲ့ ရိုးမား
ပရိသတ်များကို အကြီးမားဆုံးလက်ဆောင်တစ်ခုပေးပြီး နှုတ်ဆက်ဖို့
စီစဉ်ခဲ့ပါတယ်။
ဂျီနိုအာကို ၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ဖရန်ဆစ္စကိုတော့တီဟာဒုတိယပိုင်းမှာ
လူစားဝင်ရောက်လာပြီးနောက်ဒါနီရယ်ဒီရော့စီထံမှ အသင်းခေါင်းဆောင်
လက်ပတ်လွဲပြောင်းခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးအချိန်မှာတော့တီဟာပရိသတ်များကို ဝမ်းနည်းမျက်ရည်ဖြင့် နှုတ်ဆက်
ခဲ့ပါတယ်။တကယ်လို့များအကြောင်းတိုက်ဆိုင်မှုဖြစ်ခဲ့မယ်ဆိုရင် တော့တီဟာ
ပရိသတ်များကိုကွဲပြားတဲ့နှုတ်ဆက်မှုပြုလုပ်နိုင်ခဲ့ပါမယ်။
ရိုးမားကစားဖော်ဂျူအန်ဂျီးဆပ်စ်က ဖရန်ဆစ္စကိုတော့တီဟာယင်းပွဲမှာပင်နယ်တီ
ရရှိခဲ့ရင် ပရိသတ်များရှိရာသို့ အပေါ်သို့ထောင်ကန်ပြီး ပေးပို့လက်ဆောင်ပေးဖို့
စီစဉ်ထားခဲ့ကြောင်းဖွင့်ဟလာပါတယ်။
ဂျီးဆပ််စ်က “သူ့နောက်ဆုံးပွဲမတိုင်ခင်တုန်းကတော့တီက တကယ်လို့ ပင်နယ်တီ
ရခဲ့ရင်ဝင်အောင်မကန်ဘဲပရိသတ်တွေဆီသို့ကန်မယ်လို့ ပြောခဲ့ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။
ရိုးမားဟာဂျီနိုအာကိုအနိုင်ရရှိမှုနဲ့အတူ ယင်းရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။
ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ရိုးမားဟာပွဲချိန်မိနစ်၉၀မှာဒီယေဂို
ပီရော့တီရဲ့အနိုင်ဂိုးနဲ့ ဂျီနိုအာကို၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
တော့တီဟာ ကစားသမားဘဝနောက်ဆုံးပွဲဖြစ်တဲ့အပြင် သူ့အရမ်းချစ်ရတဲ့ကလပ်ရဲ့
ချန်ပီယံလိဂ်ဝင်ခွင့်အရေးပါတဲ့ပွဲမှာ ပင်နယ်တီရရှိခဲ့ရင် တကယ်ကော မဝင်အောင်
ကန်ခဲ့မှာလား?
Zawgyi
ေနာက္ဆုံးပြဲမွာ ပင္နယ္တီရရင္ မဝင္ေအာင္ ကန္မယ့္ ေတာ့တီ
ဖရန္ဆစၥကိုေတာ့တီဟာ႐ိုးမားမွာဘဲကစားသမားဘဝတစ္ခုလုံး ရင္းႏွီးျမႇပ္ႏွံ
ခဲ့ၿပီး ၇၈၆ပြဲကစားကာ၃၀၇ဂိုးသြင္းယူခဲ့ပါတယ္။ဖရန္ဆစၥကိုေတာ့တီဟာ
႐ိုးမားအတြက္ေနာက္ဆုံးပြဲကစားၿပီးကစားသမားဘဝမွအနားယူႏႈတ္ဆက္
ခ်ိန္မွာသန္းေပါင္းမ်ားစြာေသာေဘာလုံးပရိသတ္မ်ားမ်က္ရည္က်ခဲ့ၾကရပါတယ္။
ေတာ့တီအတြက္မ်က္ရည္မ်ားျပည့္ႏွက္ေနတဲ့ကြင္းလို႔ေတာင္တင္စားၾကပါတယ္။
ေတာ့တီဟာ႐ိုးမားအတြက္ေနာက္ဆုံးကစားတဲ့ပြဲမွာသူအရမ္းခ်စ္ရတဲ့ ႐ိုးမား
ပရိသတ္မ်ားကို အႀကီးမားဆုံးလက္ေဆာင္တစ္ခုေပးၿပီး ႏႈတ္ဆက္ဖို႔
စီစဥ္ခဲ့ပါတယ္။
ဂ်ီႏိုအာကို ၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ ဖရန္ဆစၥကိုေတာ့တီဟာဒုတိယပိုင္းမွာ
လူစားဝင္ေရာက္လာၿပီးေနာက္ဒါနီရယ္ဒီေရာ့စီထံမွ အသင္းေခါင္းေဆာင္
လက္ပတ္လြဲေျပာင္းျခင္းခံခဲ့ရပါတယ္။
ပြဲအၿပီးအခ်ိန္မွာေတာ့တီဟာပရိသတ္မ်ားကို ဝမ္းနည္းမ်က္ရည္ျဖင့္ ႏႈတ္ဆက္
ခဲ့ပါတယ္။တကယ္လို႔မ်ားအေၾကာင္းတိုက္ဆိုင္မႈျဖစ္ခဲ့မယ္ဆိုရင္ ေတာ့တီဟာ
ပရိသတ္မ်ားကိုကြဲျပားတဲ့ႏႈတ္ဆက္မႈျပဳလုပ္ႏိုင္ခဲ့ပါမယ္။
႐ိုးမားကစားေဖာ္ဂ်ဴအန္ဂ်ီးဆပ္စ္က ဖရန္ဆစၥကိုေတာ့တီဟာယင္းပြဲမွာပင္နယ္တီ
ရရွိခဲ့ရင္ ပရိသတ္မ်ားရွိရာသို႔ အေပၚသို႔ေထာင္ကန္ၿပီး ေပးပို႔လက္ေဆာင္ေပးဖို႔
စီစဥ္ထားခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။
ဂ်ီးဆပ္္စ္က “သူ႔ေနာက္ဆုံးပြဲမတိုင္ခင္တုန္းကေတာ့တီက တကယ္လို႔ ပင္နယ္တီ
ရခဲ့ရင္ဝင္ေအာင္မကန္ဘဲပရိသတ္ေတြဆီသို႔ကန္မယ္လို႔ ေျပာခဲ့ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။
႐ိုးမားဟာဂ်ီႏိုအာကိုအႏိုင္ရရွိမႈနဲ႔အတူ ယင္းရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ပါတယ္။
ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့႐ိုးမားဟာပြဲခ်ိန္မိနစ္၉၀မွာဒီေယဂို
ပီေရာ့တီရဲ႕အႏိုင္ဂိုးနဲ႔ ဂ်ီႏိုအာကို၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
ေတာ့တီဟာ ကစားသမားဘဝေနာက္ဆုံးပြဲျဖစ္တဲ့အျပင္ သူ႔အရမ္းခ်စ္ရတဲ့ကလပ္ရဲ႕
ခ်န္ပီယံလိဂ္ဝင္ခြင့္အေရးပါတဲ့ပြဲမွာ ပင္နယ္တီရရွိခဲ့ရင္ တကယ္ေကာ မဝင္ေအာင္
ကန္ခဲ့မွာလား?