နောက်ဆုံးရနေ့လည်ခင်းသတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

=>> ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ကာဒစ်ဇ်နဲ့ပွဲ ရခဲ့တဲ့ ဒဏ်ရာကြောင့် စနေနေ့ နူးကမ့်ကွင်းမှာ ကစားရမယ့် အယ်လ်ကလာစီကိုဒါဘီပွဲအမီ ကြံ့ခိုင်မှုမပြည့်မှာကို စိုးရိမ်နေရပါတယ်။ရာသီအစ လာလီဂါ ၅ပွဲမှာ ၁၀မှတ်ပဲရသေးတဲ့ ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာဖြစ်နေပြီး ကာဗာဂျယ်၊ ဟာဇက်၊ အိုဒီဂတ်၊ မာရီယာနိုဒီယက်ဇ်နဲ့အော်ဒရီယိုဇိုလာတို့လည်း ဒဏ်ရာကြောင့် နားနေရပါတယ်။

=>>ဒဏ်ရာကြောင့်နားခဲ့ရတဲ့ ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာဟာ အယ်လ်ကလာစီကိုဒါဘီပွဲအမီ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ စပိန်ဘယ်နောက်ခံလူဟာ အောက်တိုဘာလ ၄ရက်နေ့က ဆီဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းက သီးခြားလေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်နိုင်ခဲ့ပေမယ့် အသင်းနဲ့အတူတော့ ကြာသပတေးနေ့ကမှ လေ့ကျင့်ခန်း စဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

=>> ပြီးခဲ့တဲ့ရက်ပိုင်းက ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်မှတ်ပုံတင်စာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာတဲ့ ဝါရင့်ဂိုးသမားဟောင်း ပီတာချက်ဟာ ကြာသပတေးနေ့က ကော့ဘ်ဟန်းလေ့ကျင့်ရေးကွင်းမှာ ဂိုးသမားလေ့ကျင့်ခန်းတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။ အသက် ၃၈နှစ်အရွယ်ရလာပြီဖြစ်တဲ့ ပီတာချက်ဟာ ၂၀၁၉ခုနှစ်က ကစားသမားဘဝကနေ နားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူနေပါတယ်။

=>> အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်လူသစ် သောမတ်စ်ပါတေးဟာ ဒီထက်မက ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ကြောင်း ရက်ပစ်ဗီယင်နာနဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ပြောသွားပါတယ်။ အာဆင်နယ်အသင်းက ၂-၁ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ခဲ့တဲ့ အဲဒီပွဲမှာ ပါတေးဟာ ပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

=>> ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာမှာ ပေါ့စတစ်ရလဒ်ထပ်ထွက်တာကြောင့် ကွာရန်တင်းဆက်ဝင်နေရတဲ့ ရော်နယ်ဒိုကို ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့် ကြောင်း မက်ဆီကပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ အောက်တိုဘာလ ၁၃ရက်နေ့ကတည်းက ကွာရန်တင်းဝင်နေရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာက္ဆံုးရေန႔လည္ခင္းသတင္းမ်ား

=>> ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ ကာဒစ္ဇ္နဲ႔ပြဲ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ စေနေန႔ ႏူးကမ့္ကြင္းမွာ ကစားရမယ့္ အယ္လ္ကလာစီကိုဒါဘီပြဲအမီ ႀကံ့ခိုင္မႈမျပည့္မွာကို စိုးရိမ္ေနရပါတယ္။ရာသီအစ လာလီဂါ ၅ပြဲမွာ ၁၀မွတ္ပဲရေသးတဲ့ ရီးရဲလ္မက္ဒရစ္အတြက္ စိုးရိမ္စရာျဖစ္ေနၿပီး ကာဗာဂ်ယ္၊ ဟာဇက္၊ အိုဒီဂတ္၊ မာရီယာႏိုဒီယက္ဇ္နဲ႔ေအာ္ဒရီယိုဇုိလာတို႔လည္း ဒဏ္ရာေၾကာင့္ နားေနရပါတယ္။

=>>ဒဏ္ရာေၾကာင္ ့နားခဲ့ရတဲ့ ဘာစီလိုနာေနာက္ခံလူ ေယာ္ဒီအယ္လ္ဘာဟာ အယ္လ္ကလာစီကိုဒါဘီပြဲအမီ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရပါတယ္။ အသက္ ၃၁ႏွစ္အရြယ္ရွိလာၿပီျဖစ္တဲ့ စပိန္ဘယ္ေနာက္ခံလူဟာ ေအာက္တိုဘာလ ၄ရက္ေန႔က ဆီဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ၿပီး ၿပီးခဲ့တဲ့ရက္အနည္းငယ္ေလာက္ကတည္းက သီးျခားေလ့က်င့္ခန္းအစီအစဥ္ေတြကို လုပ္ႏိုင္ခဲ့ေပမယ့္ အသင္းနဲ႔အတူေတာ့ ၾကာသပေတးေန႕ကမွ ေလ့က်င့္ခန္း စဆင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

=>> ၿပီးခဲ့တဲ့ရက္ပိုင္းက ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္မွတ္ပံုတင္စာရင္းမွာ အံ့အားသင့္ဖြယ္ ပါ၀င္လာတဲ့ ၀ါရင့္ဂိုးသမားေဟာင္း ပီတာခ်က္ဟာ ၾကာသပေတးေန႔က ေကာ့ဘ္ဟန္းေလ့က်င့္ေရးကြင္းမွာ ဂိုးသမားေလ့က်င့္ခန္းေတြကို စတင္လုပ္ေနၿပီလို႔ သိရပါတယ္။ အသက္ ၃၈ႏွစ္အရြယ္ရလာၿပီျဖစ္တဲ့ ပီတာခ်က္ဟာ ၂၀၁၉ခုႏွစ္က ကစားသမားဘ၀ကေန နားခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းမွာ နည္းစနစ္အႀကံေပးအျဖစ္ တာ၀န္ယူေနပါတယ္။

=>> အာဆင္နယ္နည္းျပ အာတီတာက ကြင္းလယ္လူသစ္ ေသာမတ္စ္ပါေတးဟာ ဒီထက္မက ေျခစြမ္းျပႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ရက္ပစ္ဗီယင္နာနဲ႔ ယူရိုပါလိဂ္ပြဲအၿပီးမွာ ေျပာသြားပါတယ္။ အာဆင္နယ္အသင္းက ၂-၁ဂိုးနဲ႔ အေ၀းကြင္းမွာ ႏိုင္ခဲ့တဲ့ အဲဒီပြဲမွာ ပါေတးဟာ ပြဲထြက္ကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

=>> ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးရာမွာ ေပါ့စတစ္ရလဒ္ထပ္ထြက္တာေၾကာင့္ ကြာရန္တင္းဆက္၀င္ေနရတဲ့ ေရာ္နယ္ဒိုကို ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ ေၾကာင္း မက္ဆီကေျပာလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရလို႔ ေအာက္တိုဘာလ ၁၃ရက္ေန႔ကတည္းက ကြာရန္တင္း၀င္ေနရတာျဖစ္ပါတယ္။