နောက်ဆုံးရ နေ့လယ်ခင်း သတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

=>> COVID-19 ဂယက်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စတုတ္ထ နောက်ဆုံး ၃လပတ်စာရင်းမှာ ဝင်ငွေပေါင်သန်း ၇၀လောက်အထိ နစ်နာခဲ့တဲ့အပြင် အသင်းရဲ့စုစုပေါင်း ကြွေးမြီပမာဏကလည်း ပေါင် ၄၇၄သန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။ ဧပြီနဲ့ မေလတွေက လော့ဒ်ဒေါင်းချထားလို့ ပရီးမီးယားလိဂ် ၁ပွဲမှ မရှိခဲ့သလို ဇွန်လကလည်း ၄ပွဲပဲကစားခဲ့ရတာကြောင့် ၂၀၁၉ခုနှစ်ရဲ့ စတုတ္ထ ၃လပတ်ဘဏ္ဍာရေးအစီရင်ခံစာရလဒ်နဲ့ယှဉ်ကြည့် အဲဒီကာလအတွင်း ရုပ်/သံဝင်ငွေမှာ ပေါင် ၂၅သန်းအထိ လျော့နည်းသွားကြောင်းလည်း သိရပါတယ်။

=>> မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ညိုဟာ ပေါ်တိုကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ရခဲ့တဲ့ ခြေထောက်ဒဏ်ရာတစ်ရပ်ကြောင့် အနည်းဆုံး ၆ပတ်နဲ့အထက်အနားယူရတော့မယ်လို့ သိရပါတယ်။ ဖာနန်ဒင်ညိုဟာ ပွဲချိန် ၈၅မိနစ်မှ လူစားဝင်ကစားတာဖြစ်ပြီး ဒဏ်ရာရအပိုထပ်ဆောင်းချိန်မှာ အဆိုပါဒဏ်ရာကြောင့် ပြန်ထွက်လိုက်ရတာဖြစ်ပါတယ်။

=>> အေဂျက်စ်ကို အဝေးကွင်းမှာ ၁-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ သူ့အသင်းစိတ်ဓါတ်ကို လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ချီးကျူးသွားပါတယ်။ လီဗာပူးဟာ ခံစစ်နဲ့ကွင်းလယ်တို့မှာ အဓိက ကစားသမားတွေဆုံးရှုံးထားပြီး အေဂျက်စ်ကွင်းမှာ ပြိုင်ဘက်နောက်ခံလူ တီဂလီယာဖီဂိုရဲ့Own Goalနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။

=>> အာဆင်နယ်ကွင်းလယ်လူသစ် သောမတ်စ်ပါတေးဟာ ရက်ပစ်ဗီယင်နာနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲအတွက် အသင်းနဲ့အတူ သြစတြီးယားကိုလိုက်ပါသွားပြီး အသင်းရဲ့ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။ မန်စီးတီးနဲ့ပွဲတုန်းကတော့ ပါတေးဟာ အရန်ကစားသမားအဖြစ်ပဲ ပွဲပြီးခါနီးမှ ဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

=>> အင်တာမီလန်အသင်းမှာ ဆက်တိုက်ဆိုသလို အဓိက ကစားသမားတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံနေရပြီး အခုနောက်ဆုံး ညာနောက်ခံလူ ဟာကီမီလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် လာမယ့်တစ်ပတ်အတွင်း ကစားရမယ့်ပွဲစဉ်တွေကို လွှဲချော်တော့မှာဖြစ်ပါတယ်။ ကွန်တီရဲ့အသင်းမှာ အက်ရှ်လေယန်း၊ ဂက်ဂလီယာဒီနီ၊ ရာဒူး၊ စခရင်နီယာတိ့ုလည်း ကိုဗစ်-၁၉ ကြောင့် အနားယူခဲ့ရပါတယ်။

=>> မန်ချက်စတာယူနိုက်တက်နောက်ခံလူ အဲရစ်ဘိုင်လေဟာ ကြွက်သားဒဏ်ရာတစ်ရပ်ကြောင့် တစ်လလောက်နားရတော့မှာဖြစ်တဲ့အတွက် ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပါနိုင်တော့မှာမဟုတ်ပါဘူး။ ဘိုင်လီဟာ ၂၀၁၆ခုနှစ်က ဗီလာရီးရဲလ်ကနေပြောင်းလာပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒူးနဲ့ခြေချင်းဝတ်ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့ရက်ပေါင်း ၃၀၀ကျော်ရှိပါတယ်။

=>> ချဲလ်ဆီးနည်းပြ လမ်းပတ်က ဂိုးသမားသစ်အက်ဒွပ်မန်ဒီကိုပဲ အသင်းရဲ့ ဦးစားပေးဂိုးသမားအဖြစ်သုံးသွားမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ မန်ဒီဟာ ချဲလ်ဆီးအသင်းအတွက် ၂ပွဲပဲကစားရသေးပေမယ့် ၂ပွဲစလုံး Clean-sheetရခဲ့ပြီး ပေါင်သန်း ၇၀နဲ့ခေါ်ခဲ့တဲ့ ဂိုးသမား ကီပါကတော့ ဒီရာသီပွဲတိုင်း ဂိုးပေးထားရပြီး တတိယဂိုဦးစားပေး ဂိုးသမားတောင်ဖြစ်သွားခြေရှိနေပါတယ်။

=>> ဘရာဇီးနွယ်ဖွား အီတလီလက်ရွေးစင်ကစားသမား ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်းရဲ့ အဝတ်လဲခန်းမှာ တခြားကစားဖော်တွေနဲ့ နောက်ခံလူသစ် သီယာဂိုဆေးလ်ဗားတို့အကြား စကားပြန်အဖြစ် ဆောင်ရွက်ပေးနေရပါတယ်။ ဘရာဇီးအသင်းခေါင်းဆောင်ဟောင်း သီယာဂိုဆေးလ်ဗားဟာ အင်္ဂလိပ်စကားပြော စွမ်းရည်အားနည်းလွန်းပြီး အခုမှ စတင်လေ့လာသင်ယူနေကြောင်း သိရပါတယ်။

=>> ဝက်စ်ဟမ်းနဲ့ ၃ဂိုးစီသရေတဲ့ပွဲနောက်ပိုင်းသူ့အသင်းကို “Spursy” လို့ ခေါ်ဝေါ်လာကြတဲ့အပေါ် စပါးနည်းပြ မော်ရင်ဟိုက ခါးခါးသီးသီး ပယ်ချလိုက်ပါတယ်။ “Spursy”ဆိုတဲ့အသုံးနှုန်းဟာ အောင်မြင်မှုဖလားရခါနီးမှ လက်လွှတ်ရလေ့ရှိတဲ့ စပါးရဲ့အစဉ်အလာကို လှောင်ပြောင်ထားတဲ့ စကားတစ်ခုဖြစ်ပြီး “နောက်ဆုံးတော့ စပါးဟာ စပါးပါပဲ”လို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာက္ဆံုးရ ေန႔လယ္ခင္း သတင္းမ်ား
=>> COVID-19 ဂယက္ေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ စတုတၳ ေနာက္ဆံုး ၃လပတ္စာရင္းမွာ ၀င္ေငြေပါင္သန္း ၇၀ေလာက္အထိ နစ္နာခဲ့တဲ့အျပင္ အသင္းရဲ႕စုစုေပါင္း ေၾကြးၿမီပမာဏကလည္း ေပါင္ ၄၇၄သန္းအထိ ျမင့္တက္လာေၾကာင္း ေဖာ္ျပထားပါတယ္။ ဧၿပီနဲ႔ ေမလေတြက ေလာ့ဒ္ေဒါင္းခ်ထားလို႔ ပရီးမီးယားလိဂ္ ၁ပြဲမွ မရွိခဲ့သလို ဇြန္လကလည္း ၄ပြဲပဲကစားခဲ့ရတာေၾကာင့္ ၂၀၁၉ခုႏွစ္ရဲ႕ စတုတၳ ၃လပတ္ဘ႑ာေရးအစီရင္ခံစာရလဒ္နဲ႔ယွဥ္ၾကည့္ အဲဒီကာလအတြင္း ရုပ္/သံ၀င္ေငြမွာ ေပါင္ ၂၅သန္းအထိ ေလ်ာ့နည္းသြားေၾကာင္းလည္း သိရပါတယ္။

=>> မန္စီးတီးကြင္းလယ္လူ ဖာနန္ဒင္ညိဳဟာ ေပၚတုိကုိ ၃-၁ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲတုန္းက ရခဲ့တဲ့ ေျခေထာက္ဒဏ္ရာတစ္ရပ္ေၾကာင့္ အနည္းဆံုး ၆ပတ္နဲ႔အထက္အနားယူရေတာ့မယ္လို႔ သိရပါတယ္။ ဖာနန္ဒင္ညိဳဟာ ပြဲခ်ိန္ ၈၅မိနစ္မွ လူစား၀င္ကစားတာျဖစ္ၿပီး ဒဏ္ရာရအပိုထပ္ေဆာင္းခ်ိန္မွာ အဆိုပါဒဏ္ရာေၾကာင့္ ျပန္ထြက္လိုက္ရတာျဖစ္ပါတယ္။

=>> ေအဂ်က္စ္ကို အေ၀းကြင္းမွာ ၁-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ သူ႔အသင္းစိတ္ဓါတ္ကို လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္က ခ်ီးက်ဴးသြားပါတယ္။ လီဗာပူးဟာ ခံစစ္နဲ႔ကြင္းလယ္တို႔မွာ အဓိက ကစားသမားေတြဆံုးရႈံးထားၿပီး ေအဂ်က္စ္ကြင္းမွာ ၿပိဳင္ဘက္ေနာက္ခံလူ တီဂလီယာဖီဂိုရဲ႕Own Goalနဲ႔ႏိုင္ခဲ့တာျဖစ္ပါတယ္။

=>> အာဆင္နယ္ကြင္းလယ္လူသစ္ ေသာမတ္စ္ပါေတးဟာ ရက္ပစ္ဗီယင္နာနဲ႔ကစားရမယ့္ ယူရိုပါလိဂ္ပြဲအတြက္ အသင္းနဲ႔အတူ ၾသစႀတီးယားကိုလိုက္ပါသြားၿပီး အသင္းရဲ႕ပြဲထြက္စာရင္းထဲ ပထမဆံုးအႀကိမ္ပါ၀င္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မန္စီးတီးနဲ႔ပြဲတုန္းကေတာ့ ပါေတးဟာ အရန္ကစားသမားအျဖစ္ပဲ ပြဲၿပီးခါနီးမွ ၀င္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

=>> အင္တာမီလန္အသင္းမွာ ဆက္တိုက္ဆိုသလို အဓိက ကစားသမားေတြ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ ခံေနရၿပီး အခုေနာက္ဆံုး ညာေနာက္ခံလူ ဟာကီမီလည္း ဗုိင္းရပ္စ္ကူးစက္ခံခဲ့ရတာေၾကာင့္ လာမယ့္တစ္ပတ္အတြင္း ကစားရမယ့္ပြဲစဥ္ေတြကို လႊဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ ကြန္တီရဲ႕အသင္းမွာ အက္ရွ္ေလယန္း၊ ဂက္ဂလီယာဒီနီ၊ ရာဒူး၊ စခရင္နီယာတိ႔ုလည္း ကိုဗစ္-၁၉ ေၾကာင့္ အနားယူခဲ့ရပါတယ္။

=>> မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ အဲရစ္ဘိုင္ေလဟာ ၾကြက္သားဒဏ္ရာတစ္ရပ္ေၾကာင့္ တစ္လေလာက္နားရေတာ့မွာျဖစ္တဲ့အတြက္ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔နဲ႔ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ပါႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ဘိုင္လီဟာ ၂၀၁၆ခုႏွစ္က ဗီလာရီးရဲလ္ကေနေျပာင္းလာၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဒူးနဲ႔ေျခခ်င္း၀တ္ဒဏ္ရာေတြေၾကာင့္ အနားယူခဲ့ရတဲ့ရက္ေပါင္း ၃၀၀ေက်ာ္ရွိပါတယ္။

=>> ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ဂိုးသမားသစ္အက္ဒြပ္မန္ဒီကိုပဲ အသင္းရဲ႕ ဦးစားေပးဂိုးသမားအျဖစ္သံုးသြားမယ္လို႔ အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။ မန္ဒီဟာ ခ်ဲလ္ဆီးအသင္းအတြက္ ၂ပြဲပဲကစားရေသးေပမယ့္ ၂ပြဲစလံုး Clean-sheetရခဲ့ၿပီး ေပါင္သန္း ၇၀နဲ႔ေခၚခဲ့တဲ့ ဂိုးသမား ကီပါကေတာ့ ဒီရာသီပြဲတိုင္း ဂိုးေပးထားရၿပီး တတိယဂိုဦးစားေပး ဂိုးသမားေတာင္ျဖစ္သြားေျခရွိေနပါတယ္။

=>> ဘရာဇီးႏြယ္ဖြား အီတလီလက္ေရြးစင္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီးအသင္းရဲ႕ အ၀တ္လဲခန္းမွာ တျခားကစားေဖာ္ေတြနဲ႔ ေနာက္ခံလူသစ္ သီယာဂိုေဆးလ္ဗားတို႔အၾကား စကားျပန္အျဖစ္ ေဆာင္ရြက္ေပးေနရပါတယ္။ ဘရာဇီးအသင္းေခါင္းေဆာင္ေဟာင္း သီယာဂိုေဆးလ္ဗားဟာ အဂၤလိပ္စကားေျပာ စြမ္းရည္အားနည္းလြန္းၿပီး အခုမွ စတင္ေလ့လာသင္ယူေနေၾကာင္း သိရပါတယ္။

=>> ၀က္စ္ဟမ္းနဲ႔ ၃ဂိုးစီသေရတဲ့ပြဲေနာက္ပိုင္းသူ႔အသင္းကို “Spursy” လို႔ ေခၚေ၀ၚလာၾကတဲ့အေပၚ စပါးနည္းျပ ေမာ္ရင္ဟိုက ခါးခါးသီးသီး ပယ္ခ်လိုက္ပါတယ္။ “Spursy”ဆိုတဲ့အသံုးႏႈန္းဟာ ေအာင္ျမင္မႈဖလားရခါနီးမွ လက္လႊတ္ရေလ့ရွိတဲ့ စပါးရဲ႕အစဥ္အလာကို ေလွာင္ေျပာင္ထားတဲ့ စကားတစ္ခုျဖစ္ၿပီး “ေနာက္ဆံုးေတာ့ စပါးဟာ စပါးပါပဲ”လို႔ ရည္ညႊန္းေျပာဆိုတာျဖစ္ပါတယ္။