နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲ နိုင်ထားပေမယ့် လီဗာပူး အကောင်းဆုံးကစားနေဆဲလို့ ဆိုးလ်ရှား အခိုင်အမာဆို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဆဲဖြစ်ကြောင်း ယုံကြည်နေပါတယ်။
ဆိုးလ်ရှားက ဘန်လေအသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် လီဗာပူးဟာ အကောင်းဆုံးကစားနေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဆိုးလ်ရှားက ဖူလ်ဟမ်အသင်းကိုအနိုင်ရရှိပြီးနောက် မိမိတို့အသင်းဟာ အရှိန်ကောင်းကိုဆက်ထိန်းထားနိုင်တယ်လို့ ယုံကြည်နေပါတယ်။
“သူတို့ (လီဗာပူး)က အကောင်းဆုံးကစားနေဆဲပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ သူတို့နဲ့အန်ဖီးလ်မှာ ကစားခဲ့ပါတယ်။
သူတို့အကောင်းဆုံးအနေအထားမှာရှိနေဆဲပါ။ အခုလည်း အက်ဖ်အေမှာ ပြန်တွေ့မှာဦးပါ။ အမှတ်အနည်းငယ်ကွာသေးပေမယ့် သူတို့က ထိပ်တန်းအသင်းတစ်သင်းဖြစ်နေဆဲပါ”လို့ ဆိုးလ်ရှားက အက်ဖ်အေဖလားပွဲမတိုင်ခင်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတွေ့ဆုံမှုမှာ သရေကျခဲ့ပေမယ့် ယူနိုက်တက် နဲ့ လီဗာပူးတို့ဟာ အက်ဖ်အေဖလားမှာ ထပ်မံတွေ့ဆုံနေတာဖြစ်ပါတယ်။
“ပွဲနိုင်တဲ့အချိန်ဆို လူတိုင်းပျော်ပါတယ်။ ကျွန်တော်တို့ အနားယူချိန်ပိုရတာကြောင့် အဆင်ပြေပါတယ်။ အားလုံးအဆင်နေပါတယ်။ လီဗာပူးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
ကလော့ပ်ကတော့ လီဗာပူးအသင်းမှာဒဏ်ရာပြဿနာတွေများနေတာကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ ဟန်ဒါဆန်ကလည်း ဘန်လေနဲ့ပွဲကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဟန်ဒါဆန်ဟာ အိုးထရက်ဖို့ဒ်မှာကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။ ကလော့ပ်ကတော့ ကီတာ ၊ ဗန်ဒိုက် နဲ့ ဂိုမက်ဇ်တို့ကတော့ လွဲချော်ဖွယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
=================