နောက်တန်းနေရာအတွက် ဒေါ့မွန်မှာလက်တွဲခဲ့ဖူးတဲ့ ဆိုကရေးတစ်ကိုအလိုရှိနေတဲ့ ကလော့ပ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေအရ လီဗာပူးအသင်းဟာ နောက်တန်းနေရာအတွက် အာဆင်နယ်အပယ်ခံ ဆိုကရေးတစ်ကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကလော့ပ်ရဲ့လီဗာပူးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဓိကနောက်ခံလူ ဗန်ဒိုက် နဲ့ ဂိုမက်ဇ်တို့ဒဏ်ရရှိနေတာကြောင့် ကွင်းလယ်လူ ဖာဘင်ဟို နဲ့ ဟန်ဒါဆန်တို့ိကို နောက်တန်းနေရာမှာ ထည့်သုံးနေရပါတယ်။
ဒါ့အပြင် လူငယ်နောက်ခံလူ ရိုင်းဝီလျံကလည်း နောက်တန်းနေရာမှာ ယုံကြည်လို့ရပေမယ့် ယူနိုက်တက်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် နောက်တန်းအားဖြည့်ဖို့ ပြင်ဆင်လာပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲကို နိုင်ပွဲပျောက်ထားပြီး မာတစ်က ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်ခဲ့ရပေမယ့် ကင်မရွန်းသားဟာ ဒဏ်ရာအခြေအနေက အဆင်မပြေခဲ့တာကြောင့် မပါဝင်ခဲ့တာဖြစ်ပါတယ်။
ကလော့ပ်က မကြာသေးခင်က နောက်ခံလူတစ်ဦးရှာဖွေနေတယ်လို့ ဝန်ခံထားခဲ့ပြီး အာဆင်နယ်နောက်ခံလူ ဆိုကရေးတစ်ကို ချိတ်ဆက်လာခဲ့ပါတယ်။ အက်သလက်တစ်သတင်းဌာနကလည်း လီဗာပူးဟာ အသက် ၃၂ နှစ်သားကို ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆိုကရေးတစ်ဟာ အတွေ့အကြုံရှိနောက်ခံလူတစ်ဦးဖြစ်ပြီး ကလပ်အသင်းပွဲပေါင်း ၄၆၃ ပွဲနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၀ ပါဝင်ကစားခဲ့ကာ အာဆင်နယ်နဲ့ ၆ လစချုပ်သက်တမ်းကျန်ရှိခဲ့ပေမယ့် စောစီးစွာဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ကလော့ပ်နဲ့ ဆိုကရေးတစ်တို့ဟာ ဒေါ့မွန်မှာလက်တွဲဖူးတာကြောင့် အကြောင်းသိနေပြီး ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ သတင်းတွေအရ လီဗာပူးဟာ ဆိုကရေးတစ်ရဲ့အခြေအနေကို ကနဦးစောင့်ကြည့်နေဆဲဖြစ်ကာ ဆွေးနွေးမှုတွေမပြုလုပ်ရသေးဘဲ ကစားသမားက ဂရိမြေကိုပြန်ချင်နေပြီး အိုလံပီယာကို့စ်ကိုပြောင်းဖွယ်ရှိနေပါတယ်။
ဆိုကရေးတစ်ကလည်း ကလော့ပ်နဲ့ဆက်ဆံရေးက အဆင်ပြေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆိုကရေးတစ်ဟာ ကစားသမားဘဝကို အေသင်အသင်းမှာစတင်ခဲ့ပြီး အဲ့နောက် အေစီမီလန်ကိုမပြောင်းခင် ဂျီနိုအာမှာ ကစားခဲ့ကာ ဝါဒါဘရီမင်မှာ အငှားကစားခဲ့ကာ အဆုံးသတ်မှာမှ ကလော့ပ်ရဲ့ဒေါ့မွန်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အဲ့နောက် ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်ကိုပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ပွဲပေါင်း ၄၀ ကျော်သာကစားခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi