နောက်တန်း ကစားသမားပဲကွာ ဂိုးမပေးအောင်ကာကွယ်သွားတာဆန်းလား….? ဟုတ်ကဲ့ ဘိုင်လီ ဖြစ်နေတဲ့အတွက် ဆန်းပါတယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဗီလာက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဘယ်တောင်ပံကနေ ယူနိုက်တက်အသင်းရဲ့ ဂိုးဧရိယာအတွင်းသို့ ဖြတ်တင်ဘောပေးပို့ခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွိုင်ယားနှင့် တိုက်စစ်မှူးကီနန်ဒေးဗီးစ်တို့ ခေါင်းခုန်တိုက်ပြီး ယှဉ်လုခဲ့ကြရာမှာ မက်ဂွိုင်ယားဆီကလွတ်ထွက်သွားတဲ့ ဘောလုံးဟာ ဒေးဗီးစ်ရဲ့ခြေထောက်ထဲကို ရောက်ရှိသွားခဲ့ပြီး ဒေးဗီးစ်က ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို အားပါတဲ့ကန်ချက်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာ အခြေအနေကိုစောင့်ကြည့်နေတဲ့ ဘိုင်လီက အနာခံပြီး မြန်မြန်ဆန်ဆန်ပဲ ဂိုးသမား ဒီဂီယာရှေ့ကနေ ဖြတ်ဝင်ကာ လျှောတိုက်ဖြတ်ထုတ်ခဲ့ပြီး အကောင်းဆုံးကာကွယ်မှုကို ပြုလုပ်ခဲ့ပါတယ်။

ဒီဖြတ်ထုတ်မှုဟာ အခန့်မသင့်ရင် ဘိုင်လီ ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားမှာတောင်ရှိခဲ့ပေမယ့် ဂရုမပြုဘဲ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ ဘောလုံးဟာ ဘိုင်လီကို ထိမှန်ပြီး ဂိုးဧရိယာအပြင်ကို ပြေးထွက်သွားခဲ့ပြီး အောင်မြင်တဲ့ဖြတ်ထုတ်ကာကွယ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ သူသာ မဟန့်တားနိုင်ခဲ့ရင် ယူနိုက်တက်တို့ ဂိုးပေးရဖို့ရှိနေပြီး တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျမှာဖြစ်ကာ ယူနိုက်တက်တို့ ကြီးမားတဲ့နစ်နာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရမှာဖြစ်ပါတယ်။

ဒါကြောင့်လဲ ပွဲအပြီးမှာ ယူနိုက်တက်အသင်းသားတွေဟာ နောက်ခံလူဘိုင်လီကို ဝိုင်းဝန်းပွေ့ဖက်ကာ ဂုဏ်ပြုသွားခဲ့ကြပါတယ်။ အနိုင်ဂိုးရှင် ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ ဘစ်စ်ကာ၊ ဖရက်ဒ်တို့ဟာ အိုင်ဗရီကို့စ်နောက်ခံလူကို ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြပြီး ဗီလာကို သရေတစ်မှတ်ခွဲပေးရမယ့် အခြေအနေကနေ ကယ်တင်ပေးခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီမြင်ကွင်းဟာ ယူနိုက်တက်ပရိသတ်တွေကိုလည်း စိတ်ကြည်နူးစေခဲ့ပါတယ်။

မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင် နေခဲ့ရတဲ့ ဘိုင်လီဟာ လင်ဒီလော့ဖ် ဒဏ်ရာရရှိလို့နားနေရချိန်မှာ မက်ဂွိုင်းယားနဲ့ အတွဲအဖက်ညီညီ ကစားနိုင်ခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဝုဗ်နဲ့ပွဲကတည်းက ပြန်လည်ပြသနေခဲ့ပါပြီ။ တွစ်တာပေါ်မှာလည်း ဘိုင်လီရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုနေကြတဲ့ ဗီဒီယိုဖိုင်က ရေပန်းစားလူကြိုက်များနေပြီး မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ ချီးကျူးနေခဲ့ကြပါတယ်။

နည်းပြ ဆိုးလ်ရှား ကလည်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဘိုင်လီကို ချီးကျူး သွားခဲ့ပါသေးတယ်။ “သူဟာ ဒဏ်ရာ အလွယ်တကူ ရရှိသွားနိုင်မယ့် ဖြတ်ထုတ်မှုကို တောင်ဂရုမစိုက်ခဲ့ဘဲ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးသွားခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း ခင်ဗျားတို့ မြင်တွေ့ခဲ့ ရမှာပါ။ သူ့ရဲ့ လျင်မြန်မှု နဲ့ ရဲရင့်မှု တွေဟာ တစ်ကယ့်ကို ထုတ်ဖော်ချီးကျူးထိုက်ပါတယ်။ သူက အသင်းမှာ လူချစ်လူခင် များတဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့ အတွက် အားလုံးက သူနဲ့ အတူ အောင်ပွဲခံခဲ့ ကြတာပါ။

သူဟာ ဒဏ်ရာတွေကြားမှာ ရုန်းကန်ခဲ့ ရတာကို အသင်းသားတွေ အားလုံးသိရှိ ကြပါတယ်။ သူ အခုလို စွမ်းဆောင်ရည်တွေကို ပြသလာနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အားလုံး ဝမ်းသာကြည်နူးခဲ့ရပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ဒီနေ့ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အဲရစ်ဘိုင်လီဟာ တိကျတဲ့ပေးပို့မှု ၈၁% ရှိခဲ့ပြီး၊ ဘောလုံးရှင်းထုတ်မှု ၆ ကြိမ်ထိပြုလုပ်ခဲ့ကာ၊ ဘောလုံးပြန်လည် ဆယ်ယူနိုင်မှု – ၇ ကြိမ်၊ သွင်းဂိုးကာကွယ်နိုင်မှု – ၁ ကြိမ် ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာက္တန္း ကစားသမားပဲကြာ ဂိုးမေပးေအာင္ ကာကြယ္သြားတာဆန္းလား….? ဟုတ္ကဲ့ ဘိုင္လီ ျဖစ္ေနတဲ့အတြက္ ဆန္းပါတယ္….

ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဗီလာက ေခ်ပဂိုးရဖို႔ တိုက္စစ္ဆင္ကစားခဲ့ၿပီး ဖိအားေပးခဲ့ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ ဘယ္ေတာင္ပံကေန ယူႏိုက္တက္အသင္းရဲ႕ ဂိုးဧရိယာအတြင္းသို႔ ျဖတ္တင္ေဘာေပးပို႔ခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဂြိဳင္ယားႏွင့္ တိုက္စစ္မႉးကီနန္ေဒးဗီးစ္တို႔ ေခါင္းခုန္တိုက္ၿပီး ယွဥ္လုခဲ့ၾကရာမွာ မက္ဂြိဳင္ယားဆီကလြတ္ထြက္သြားတဲ့ ေဘာလုံးဟာ ေဒးဗီးစ္ရဲ႕ေျခေထာက္ထဲကို ေရာက္ရွိသြားခဲ့ၿပီး ေဒးဗီးစ္က ယူႏိုက္တက္ရဲ႕ ဂိုးေပါက္ကို အားပါတဲ့ကန္ခ်က္နဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခြင့္ရခဲ့ပါတယ္။ ဒီအခ်ိန္မွာ အေျခအေနကိုေစာင့္ၾကည့္ေနတဲ့ ဘိုင္လီက အနာခံၿပီး ျမန္ျမန္ဆန္ဆန္ပဲ ဂိုးသမား ဒီဂီယာေရွ႕ကေန ျဖတ္ဝင္ကာ ေလွ်ာတိုက္ျဖတ္ထုတ္ခဲ့ၿပီး အေကာင္းဆုံးကာကြယ္မႈကို ျပဳလုပ္ခဲ့ပါတယ္။ ဒီျဖတ္ထုတ္မႈဟာ အခန႔္မသင့္ရင္ ဘိုင္လီ ေျခေထာက္က်ိဳးသြားႏိုင္တဲ့ အေနအထားမွာေတာင္ရွိခဲ့ေပမယ့္ ဂ႐ုမျပဳဘဲ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ခဲ့ပါတယ္။ ေဘာလုံးဟာ ဘိုင္လီကို ထိမွန္ၿပီး ဂိုးဧရိယာအျပင္ကို ေျပးထြက္သြားခဲ့ၿပီး ေအာင္ျမင္တဲ့ျဖတ္ထုတ္ကာကြယ္မႈ တစ္ခုျဖစ္ခဲ့ပါတယ္။ သူသာ မဟန႔္တားႏိုင္ခဲ့ရင္ ယူႏိုက္တက္တို႔ ဂိုးေပးရဖို႔ရွိေနၿပီး တစ္ဖက္ႏွစ္ဂိုးစီနဲ႔ သေရက်မွာျဖစ္ကာ ယူႏိုက္တက္တို႔ ႀကီးမားတဲ့နစ္နာမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရမွာျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ပြဲအၿပီးမွာ ယူႏိုက္တက္အသင္းသားေတြဟာ ေနာက္ခံလူဘိုင္လီကို ဝိုင္းဝန္းေပြ႕ဖက္ကာ ဂုဏ္ျပဳသြားခဲ့ၾကပါတယ္။ အႏိုင္ဂိုးရွင္ ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ ဘစ္စ္ကာ၊ ဖရက္ဒ္တို႔ဟာ အိုင္ဗရီကို႔စ္ေနာက္ခံလူကို ေပြ႕ဖက္ကာ ဂုဏ္ျပဳခဲ့ၾကၿပီး ဗီလာကို သေရတစ္မွတ္ခြဲေပးရမယ့္ အေျခအေနကေန ကယ္တင္ေပးခဲ့တဲ့ သူ႔ရဲ႕လုပ္ရပ္ကို အသိအမွတ္ျပဳခဲ့ၾကပါတယ္။ ဒီျမင္ကြင္းဟာ ယူႏိုက္တက္ပရိသတ္ေတြကိုလည္း စိတ္ၾကည္ႏူးေစခဲ့ပါတယ္။ မၾကာခဏ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ ေနခဲ့ရတဲ့ ဘိုင္လီဟာ လင္ဒီေလာ့ဖ္ ဒဏ္ရာရရွိလို႔နားေနရခ်ိန္မွာ မက္ဂြိဳင္းယားနဲ႔ အတြဲအဖက္ညီညီ ကစားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းေတြကို ဝုဗ္နဲ႔ပြဲကတည္းက ျပန္လည္ျပသေနခဲ့ပါၿပီ။ တြစ္တာေပၚမွာလည္း ဘိုင္လီရဲ႕ စြမ္းေဆာင္ရည္ကို ဂုဏ္ျပဳေနၾကတဲ့ ဗီဒီယိုဖိုင္က ေရပန္းစားလူႀကိဳက္မ်ားေနၿပီး မွန္ကန္တဲ့ လုပ္ရပ္တစ္ခုလို႔ ခ်ီးက်ဴးေနခဲ့ၾကပါတယ္။

နည္းျပ ဆိုးလ္ရွား ကလည္း ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ဘိုင္လီကို ခ်ီးက်ဴး သြားခဲ့ပါေသးတယ္။ “သူဟာ ဒဏ္ရာ အလြယ္တကူ ရရွိသြားႏိုင္မယ့္ ျဖတ္ထုတ္မႈကို ေတာင္ဂရုမစိုက္ခဲ့ဘဲ အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေပးသြားခဲ့ပါတယ္။ သူ႔ရဲ႕ ႐ုပ္ပိုင္း ဆိုင္ရာ ႀကံ့ခိုင္မႈကိုလည္း ခင္ဗ်ားတို႕ ျမင္ေတြ႕ခဲ့ ရမွာပါ။ သူ႔ရဲ႕ လ်င္ျမန္မႈ နဲ႔ ရဲရင့္မႈ ေတြဟာ တစ္ကယ့္ကို ထုတ္ေဖာ္ခ်ီးက်ဴးထိုက္ပါတယ္။ သူက အသင္းမွာ လူခ်စ္လူခင္ မ်ားတဲ့ ကစားသမားတစ္ဦး ျဖစ္ေနတဲ့ အတြက္ အားလုံးက သူနဲ႔ အတူ ေအာင္ပြဲခံခဲ့ ၾကတာပါ။ သူဟာ ဒဏ္ရာေတြၾကားမွာ ႐ုန္းကန္ခဲ့ ရတာကို အသင္းသားေတြ အားလုံးသိရွိ ၾကပါတယ္။ သူ အခုလို စြမ္းေဆာင္ရည္ေတြကို ျပသလာႏိုင္ခဲ့တဲ့ အတြက္ ကြၽန္ေတာ္တို႔ အားလုံး ဝမ္းသာၾကည္ႏူးခဲ့ရပါတယ္” ဆိုၿပီး ေျပာၾကားသြားခဲ့တာပါ။

ဒီေန႔ကစားခဲ့တဲ့ အက္စတြန္ဗီလာနဲ႔ ပြဲမွာ အဲရစ္ဘိုင္လီဟာ တိက်တဲ့ေပးပို႔မႈ ၈၁% ရွိခဲ့ၿပီး၊ ေဘာလုံးရွင္းထုတ္မႈ ၆ ႀကိမ္ထိျပဳလုပ္ခဲ့ကာ၊ ေဘာလုံးျပန္လည္ ဆယ္ယူႏိုင္မႈ – ၇ ႀကိမ္၊ သြင္းဂိုးကာကြယ္ႏိုင္မႈ – ၁ ႀကိမ္ ရွိပါတယ္။