
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက ကာတာအား ပေါ်တူဂီက
၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာနောက်ထပ်စံချိန်သစ်တစ်ခုရေးထိုးလာသလို
သူရယူထားတဲ့စံချိန်တစ်ခုကိုလည်း ဆက်လက်တိုးမြှင့်လာပါတယ်။
အသက်၃၆နှစ်ရှိမန်ယူစူပါစတားဟာကာတာနှင့်ပွဲစဉ်မှာသူ့ရဲ့၁၁၂ဂိုးမြောက်
နိုင်ငံတကာဂိုးကိုသွင်းယူခဲ့သလိုဆာဂျီယိုရာမို့စ်ရဲ့ဥရောပတွင်နိုင်ငံတကာ
ပွဲအများဆုံးကစားသမားထားတဲ့စံချိန်ကိုလည်းရိုက်ချိုးခဲ့ပါတယ်။
ရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းကအီရန်ဂန္ထဝင်အလီဒါယီရဲ့နိုင်ငံတကာ
ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန် ၁၀၉ ဂိုးကိုရိုက်ချိုးခဲ့သူဖြစ်ပြီး ယခုအခါစံချိန်သစ်ကို
ဆက်လက် ရေးထိုးနေပါတယ်။ သူဟာကာတာနှင့်ခြေစမ်းပွဲမှာပထမပိုင်းတစ်ပိုင်းတည်းသာ
ကစားခဲ့ပေမယ့်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာပွဲချိန်၃၇မိနစ်မှာသူ့ရဲ့၁၁၂ဂိုးမြောက်ဂိုးအား
အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုလူစားလဲခံခဲ့ရပေမယ့်လည်းပေါ်တူဂီအတွက်အနိုင်ဂိုးများကို
ဟိုဆေးဖွန်တီနှင့်အင်ဒရေဆေးလ်ဗားတို့ကထပ်မံသွင်းယူခဲ့ကြပါတယ်။
ကာတာနှင့်ပွဲစဉ်ကရော်နယ်ဒိုရဲ့ပေါ်တူဂီအတွက်၁၈၁ဂိုးမြောက်ဂိုးဖြစ်ပြီး
ဥရောပသမိုင်းမှာနိုင်ငံတကာပွဲအများဆုံးကစားထားတဲ့ကစားသမားဖြစ်လာပါတယ်။
ယခင်တုန်းကဥရောပရဲ့ပွဲအများဆုံးကစားထားသူအဖြစ်ဆာဂျီယိုရာမို့စ်က
စပိန်အတွက်ပွဲ၁၈၀ကစားကာရပ်တည်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ
လာမယ့်အင်္ဂါနေ့မှာကစားမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသူ့ရဲ့၁၈၂ပွဲမြောက်ပွဲကို
ကစားသွားဖို့ရှိပါတယ်။ လက်ရှိအချိန်တွင်ကမ္ဘာ့နိုင်ငံတကာပွဲအများဆုံး
ကစားထားတဲ့ကစားသမားအဖြစ်မလေးရှားစတားဆိုရှင်းအန်ကနိုင်ငံတကာပွဲ
၁၉၅ပွဲဖြင့်ရပ်တည်နေပါတယ်။
zawgyi
ေနာက္ထပ္စံခ်ိန္သစ္တစ္ခုေရးထိုးလာသလို သူရယူထားတဲ့စံခ်ိန္တစ္ခုကိုလည္း ဆက္လက္တိုးျမႇင့္လိုက္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကကာတာအားေပၚတူဂီက
၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေနာက္ထပ္စံခ်ိန္သစ္တစ္ခုေရးထိုးလာသလို
သူရယူထားတဲ့စံခ်ိန္တစ္ခုကိုလည္း ဆက္လက္တိုးျမႇင့္လာပါတယ္။
အသက္၃၆ႏွစ္ရွိမန္ယူစူပါစတားဟာကာတာႏွင့္ပြဲစဥ္မွာသူ႔ရဲ႕၁၁၂ဂိုးေျမာက္
ႏိုင္ငံတကာဂိုးကိုသြင္းယူခဲ့သလိုဆာဂ်ီယိုရာမို႔စ္ရဲ႕ဥေရာပတြင္ႏိုင္ငံတကာ
ပြဲအမ်ားဆုံးကစားသမားထားတဲ့စံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းကအီရန္ဂႏၴဝင္အလီဒါယီရဲ႕ႏိုင္ငံတကာ
ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ ၁၀၉ ဂိုးကို႐ိုက္ခ်ိဳးခဲ့သူျဖစ္ၿပီး ယခုအခါစံခ်ိန္သစ္ကို
ဆက္လက္ ေရးထိုးေနပါတယ္။ သူဟာကာတာႏွင့္ေျခစမ္းပြဲမွာပထမပိုင္းတစ္ပိုင္းတည္းသာ
ကစားခဲ့ေပမယ့္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာပြဲခ်ိန္၃၇မိနစ္မွာသူ႔ရဲ႕၁၁၂ဂိုးေျမာက္ဂိုးအား
အနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းအၿပီးမွာ
ေရာ္နယ္ဒိုလူစားလဲခံခဲ့ရေပမယ့္လည္းေပၚတူဂီအတြက္အႏိုင္ဂိုးမ်ားကို
ဟိုေဆးဖြန္တီႏွင့္အင္ဒေရေဆးလ္ဗားတို႔ကထပ္မံသြင္းယူခဲ့ၾကပါတယ္။
ကာတာႏွင့္ပြဲစဥ္ကေရာ္နယ္ဒိုရဲ႕ေပၚတူဂီအတြက္၁၈၁ဂိုးေျမာက္ဂိုးျဖစ္ၿပီး
ဥေရာပသမိုင္းမွာႏိုင္ငံတကာပြဲအမ်ားဆုံးကစားထားတဲ့ကစားသမားျဖစ္လာပါတယ္။
ယခင္တုန္းကဥေရာပရဲ႕ပြဲအမ်ားဆုံးကစားထားသူအျဖစ္ဆာဂ်ီယိုရာမို႔စ္က
စပိန္အတြက္ပြဲ၁၈၀ကစားကာရပ္တည္ေနခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ
လာမယ့္အဂၤါေန႔မွာကစားမယ့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာသူ႔ရဲ႕၁၈၂ပြဲေျမာက္ပြဲကို
ကစားသြားဖို႔ရွိပါတယ္။ လက္ရွိအခ်ိန္တြင္ကမာၻ႔ႏိုင္ငံတကာပြဲအမ်ားဆုံး
ကစားထားတဲ့ကစားသမားအျဖစ္မေလးရွားစတားဆိုရွင္းအန္ကႏိုင္ငံတကာပြဲ
၁၉၅ပြဲျဖင့္ရပ္တည္ေနပါတယ္။