နောက်ထပ် သရေပွဲ ရင်ဆိုင်ခဲ့ရလို့ နည်းပြ မော်ရင်ဟို ဒေါသထွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ် ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖူလ်ဟမ်အသင်းပွဲစဉ်မှာ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် ချေပဂိုးခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ မြောက်လန်ဒန်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြောက်ကြိမ်မြောက် သရေရလာဒ် ထွက်ပေါ်ခဲ့တာဖြစ်ပြီး ယခင်က နယူးကာဆယ် ၊ ဝက်စ်ဟမ်း နှင့် ခရစ္စတယ် ပဲလေ့ အသင်းတို့နဲ့ ပွဲစဉ်မှာလည်း အလားတူ အဖြစ်အပျက် ကြုံတွေ့ခဲ့ရပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ခွင့်ပြုခဲ့ရတဲ့အတွက် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။

ပွဲချိန်အစောပိုင်းမှာကတည်းက ဟယ်ရီကိန်းရဲ့ ဒိုင်ဗင် ခေါင်းတိုက်ချက်နဲ့အတူ the Tottenham Hotspur Stadium မှာ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် Ivan Cavaleiro က ဒုတိယပိုင်းမှာ ဖူလ်ဟမ်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ Pierre- Emile Hohbjerg နှင့် ဆွန်ယောင်မင်တို့က အလွယ်တကူ အဆုံးသတ်နိုင်မယ့် အခွင့်အရေးတွေ လွဲချော်ခဲ့လို့ နစ်နာခဲ့ပါတယ်။

မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမှာ ” ဒုတိယပိုင်းမှာ အနိုင်သေချာစေမယ့် အကောင်းဆုံး အခွင့်အရေး ရခဲ့ပါတယ်။ ဒီလို အခွင့်အရေးတွေကို အသုံးမချနိုင်ဘူးဆိုရင် ခုလို သွင်းဂိုးတွေလည်း ခွင့်မပြုသင့်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ်။ ” ဒါက ရာသီအစကနဲ့ တစ်ပုံစံတည်းပါပဲ ။ ပွဲကို အနိုင်မရတာနဲ့ ပတ်သက်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ ပထမပိုင်းကတည်း အနိုင်သေချာအောင် စွမ်းဆောင်ခဲ့သင့်ပါတယ်။ အဲ့လို စွမ်းဆောင်နိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ “

” ဒါပေမယ့် ဒုတိယပိုင်းမှာ ဂိုးပေးခဲ့ရတယ်။ ဒါက နားလည်ပေးဖို့ ခက်ပါတယ်။ ” ယခု ပွဲစဉ်က စပါးနောက်ခံ ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ်ဆွန် ဆန်းချက် နှင့် အဲရစ် ဒိုင်ယာတို့ အတွက် ချိုမြိန်တဲ့ ပွဲစဉ်တစ်ပွဲ မဟုတ်ခဲ့ပဲ Cavaleiro ရဲ့ ခေါင်းတိုက်ဘောကနေ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မော်ရင်ညိုက နာမည်တွေကို ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေမယ့် တစ်ဦးချင်း အမှားတွေ ရှိခဲ့တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ Source : ESPN

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဖူလ္ဟမ္အသင္းပြဲစဥ္မွာ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးခြင့္ျပဳခဲ့ရလို႔ ပြဲအၿပီးမွာ တစ္ဖက္တစ္ဂိုးစီ သေရရလာဒ္ ထြက္ေပၚခဲ့ပါတယ္။ ေျမာက္လန္ဒန္အသင္းက ဒီရာသီ ပရီးမီးယားလိဂ္မွာ ေျခာက္ႀကိမ္ေျမာက္ သေရရလာဒ္ ထြက္ေပၚခဲ့တာျဖစ္ၿပီး ယခင္က နယူးကာဆယ္ ၊ ဝက္စ္ဟမ္း ႏွင့္ ခရစၥတယ္ ပဲေလ့ အသင္းတို႔နဲ႔ ပြဲစဥ္မွာလည္း အလားတူ အျဖစ္အပ်က္ ႀကဳံေတြ႕ခဲ့ရၿပီး ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးေတြ ခြင့္ျပဳခဲ့ရတဲ့အတြက္ ႏိုင္ပြဲနဲ႔ ေဝးကြာခဲ့ရပါတယ္။

ပြဲခ်ိန္အေစာပိုင္းမွာကတည္းက ဟယ္ရီကိန္းရဲ႕ ဒိုင္ဗင္ ေခါင္းတိုက္ခ်က္နဲ႔အတူ the Tottenham Hotspur Stadium မွာ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ေပမယ့္ Ivan Cavaleiro က ဒုတိယပိုင္းမွာ ဖူလ္ဟမ္အသင္းအတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။ Pierre- Emile Hohbjerg ႏွင့္ ဆြန္ေယာင္မင္တို႔က အလြယ္တကူ အဆုံးသတ္ႏိုင္မယ့္ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့လို႔ နစ္နာခဲ့ပါတယ္။

ေမာ္ရင္ဟိုက သတင္းစာရွင္းလင္းပြဲမွာ ” ဒုတိယပိုင္းမွာ အႏိုင္ေသခ်ာေစမယ့္ အေကာင္းဆုံး အခြင့္အေရး ရခဲ့ပါတယ္။ ဒီလို အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘူးဆိုရင္ ခုလို သြင္းဂိုးေတြလည္း ခြင့္မျပဳသင့္ပါဘူး ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ” ဒါက ရာသီအစကနဲ႔ တစ္ပုံစံတည္းပါပဲ ။ ပြဲကို အႏိုင္မရတာနဲ႔ ပတ္သက္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲစဥ္မွာေတာ့ ပထမပိုင္းကတည္း အႏိုင္ေသခ်ာေအာင္ စြမ္းေဆာင္ခဲ့သင့္ပါတယ္။ အဲ့လို စြမ္းေဆာင္ႏိုင္မယ့္ အခြင့္အေရးေတြလည္း ရခဲ့ပါတယ္။ ” ” ဒါေပမယ့္ ဒုတိယပိုင္းမွာ ဂိုးေပးခဲ့ရတယ္။ ဒါက နားလည္ေပးဖို႔ ခက္ပါတယ္။ ” ယခု ပြဲစဥ္က စပါးေနာက္ခံ ကစားသမားေတြ ျဖစ္တဲ့ ေဒးဗစ္ဆြန္ ဆန္းခ်က္ ႏွင့္ အဲရစ္ ဒိုင္ယာတို႔ အတြက္ ခ်ိဳၿမိန္တဲ့ ပြဲစဥ္တစ္ပြဲ မဟုတ္ခဲ့ပဲ Cavaleiro ရဲ႕ ေခါင္းတိုက္ေဘာကေန ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ ေမာ္ရင္ညိဳက နာမည္ေတြကို ထုတ္ေဖာ္ေျပာဆိုသြားျခင္း မရွိေပမယ့္ တစ္ဦးခ်င္း အမွားေတြ ရွိခဲ့တယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။ Source : ESPN