နော်တင်ဟမ်ဖောရက်စ်အတွက်ခြေစွမ်းပြခဲ့တဲ့ သရဲနီလူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာ

အာဆင်နယ်ကို အက်ဖ်အေဖလားတတိယအဆင့်ကနေ ထွက်သွားရစေတဲ့ပွဲမှာ

ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အတွက်ခြေစွမ်းပြခဲ့တဲ့

ဂျိမ်းစ်ဂါနာရဲ့ ခြေစွမ်းကို မန်ယူပရိသတ်တွေက အထူးသဘောကျနေပြီး

အိုးလ်ထရက်ဖို့ဒ်ကို ပြန်ခေါ်ဖို့ လူမှုကွန်ရက်တွေကတစ်ဆင့်

မှတ်ချက်ပေးတောင်းဆိုခဲ့ကြပါတယ်။

၂၀ နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဂါနာဟာ ၂၀၂၁ ဇန်နဝါရီကစပြီး

နော်တင်ဟမ်ဖောရက်စ်မှာ အငှားကစားခဲ့သူပါ။

မန်ယူအကယ်ဒမီကို အသက် ၈ နှစ်သားကတည်းက ရောက်လာသူဖြစ်ပြီး

ကစားသမားဘဝအစမှာ ဗဟိုခံစစ်မှုးအဖြစ်ကစားခဲ့ပေမယ့်

နောက်ပိုင်းမှာ ကွင်းလယ်ကို ပြောင်းကစားခဲ့ပါတယ်။

အက်ဖ်အေပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှု အရှိဆုံးအသင်းဖြစ်တဲ့

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာတော့

ခြေထောက်မပါတဲ့အသင်းလိုဖြစ်ခဲ့ပြီး ပြိုင်ပွဲကပါထွက်သွားခဲ့ရတာပါ။

အာဆင်နယ်မှာ ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီ၊ အန်ကက်တီးယား၊

ဘန်းလီနိုတို့လို ပရီးမီးယားလိဂ်အတွေ့အကြုံရှိကစားသမားတွေနဲ့

ပွဲထွက်လာခဲ့တာတောင်မှ ချန်ပီယံရှစ်ဇယားအလယ်ပိုင်းမှာ ရပ်တည်နေတဲ့

နော်တင်ဟမ်ဖောရက်စ်ကို လုံးဝ မယှဉ္နိုင်ဘဲ အရှံးပေးသွားခဲ့ရတာပါ။

ဂျိမ်းစ်ဂါနာကလည်း အဲ့ဒိပွဲမှာ ပြစ်ဒဏ်ဘောကန်ချက်ကနေ

ကိုယ်တိုင်ဂိုးသွင်းနိုင်လုနီးဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ပြစ်ဒဏ်ဘောကန်ချက်ဟာ ဂိုးအပေါ်ထောင့်ထဲကို

ဝင်သွားပြီထင်ခဲ့ရပေမယ့် အာဆင်နယ်ဂိုးသမား ဘန်းလီနိုကလည်း

အစွမ်းကုန်ခုန်လွားပုတ်ထုတ်လိုက်နိုင်လို့သာ အာဆင်နယ်ဂိုးမပေးခဲ့ရတာပါ။

ဂျိမ်းစ်ဂါနာဟာ ဒီပြစ်ဒဏ်ဘောကန်ချက်နဲ့တင်သာမက

ပွဲအတွင်းစွမ်းဆောင်နိုင်မှုတွေနဲ့ပါ မန်ယူပရိသတ်တွေကို

သတိပြုချီးကျူးမိစေခဲ့တာပါ။

အဲ့ဒိပွဲမှာ လေထဲကဘောလုံးလုရာမှာ ၁၀၀ % အောင်မြင်ခဲ့ခြင်း၊

ဘောလုံးပေးပို့မှုပိပို့မှုအားလုံးရဲ့ ၇၆% အောင်မြင်ခဲ့ခြင်း၊

ဘောလုံးထိမှု ၄၁ ကြိမ်၊ ဘောလုံးပြန်ရအောင်ယူနိုင်မှု ၆ ကြိမ်၊

ဘောလုံး ရှင်းထုတ်မှု ၃ ကြိမ်၊ ကွင်းအတွင်းရင်ဆိုင်ဘောလုံးလုယူရာမှာ

အောင်မြင်မှု ၃ ကြိမ်၊ အောင်မြင်တဲ့အဝေးဘောပေးပို့မှု ၂ ကြိမ်၊

ကြားဖြတ်လုယူနိုင်မှု ၂ ကြိမ်၊ ကန်ချက် ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး

အချက်အလက်တွေအရလည်း အကောင်းဆုံးဖြစ်ခဲ့လို့

မန်ယူပရိသတ်တွေက သဘောကျနေကြတာပါ။

ဖရန့်လို့အမည်ပေးထားတဲ့ မန်ယူပရိသတ်ကတော့ –

” ဂျိမ်းစ်ဂါနာကတော့ အာဆင်နယ်အတွက် စာသင်ကျောင်းပဲ ” လို့မှတ်ချက်ပေးခဲ့သလို

ဂျွန်မက်နီကိုးလ်အမည်ရ ပရိသတ်ကလည်း –

” ဂျိမ်းစ်ဂါနာရဲ့ကစားပုံက လုံးဝကို အဆင့်ရှိပါတယ်။

သူ့ကစားပုံက တချို့မန်ယူကွင်းလယ်ကစားသမားတွေထက်တောင်

ကောင်းနေတယ်” လို့ ချီးကျုးခဲ့ပါတယ်။

Pa McK အမည်ရ ပရိသတ်တစ်ဦးကလည်း

” ဂျိမ်းစ်ဂါနာက ကျွန်တော်တို့ မန်ယူမှာ ရှိတဲ့

အကောင်းဆုံးကွင်းလယ်ကစားသမားပဲ” လို့ မှတ်ချက်ပေးခဲ့သလို

အခြားသောမန်ယူပရိသတ်တွေကပါ ဂျိမ်းစ်ဂါနာကို

ပြန်ခေါ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

zawgyi

ေနာ္တင္ဟမ္ေဖာရက္စ္အတြက္ေျခစြမ္းျပခဲ့တဲ့ သရဲနီလူငယ္ၾကယ္ပြင့္ ဂ်ိမ္းစ္ဂါနာ

အာဆင္နယ္ကို အက္ဖ္ေအဖလားတတိယအဆင့္ကေန ထြက္သြားရေစတဲ့ပြဲမွာ

ခ်န္ပီယံရွစ္ကလပ္ ေနာ္တင္ဟမ္ေဖာရက္စ္အတြက္ေျခစြမ္းျပခဲ့တဲ့

ဂ်ိမ္းစ္ဂါနာရဲ႕ ေျခစြမ္းကို မန္ယူပရိသတ္ေတြက အထူးသေဘာက်ေနၿပီး

အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေခၚဖို႔ လူမႈကြန္ရက္ေတြကတစ္ဆင့္

မွတ္ခ်က္ေပးေတာင္းဆိုခဲ့ၾကပါတယ္။

၂၀ ႏွစ္သာရွိေသးတဲ့ ဂ်ိမ္းစ္ဂါနာဟာ ၂၀၂၁ ဇန္နဝါရီကစၿပီး

ေနာ္တင္ဟမ္ေဖာရက္စ္မွာ အငွားကစားခဲ့သူပါ။

မန္ယူအကယ္ဒမီကို အသက္ ၈ ႏွစ္သားကတည္းက ေရာက္လာသူျဖစ္ၿပီး

ကစားသမားဘဝအစမွာ ဗဟိုခံစစ္မႈးအျဖစ္ကစားခဲ့ေပမယ့္

ေနာက္ပိုင္းမွာ ကြင္းလယ္ကို ေျပာင္းကစားခဲ့ပါတယ္။

အက္ဖ္ေအၿပိဳင္ပြဲသမိုင္းမွာ ေအာင္ျမင္မႈ အရွိဆုံးအသင္းျဖစ္တဲ့

အာဆင္နယ္ဟာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ပြဲမွာေတာ့

ေျခေထာက္မပါတဲ့အသင္းလိုျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲကပါထြက္သြားခဲ့ရတာပါ။

အာဆင္နယ္မွာ ဆာကာ၊ အိုဒီဂတ္၊ မာတီနယ္လီ၊ အန္ကက္တီးယား၊

ဘန္းလီႏိုတို႔လို ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိကစားသမားေတြနဲ႔

ပြဲထြက္လာခဲ့တာေတာင္မွ ခ်န္ပီယံရွစ္ဇယားအလယ္ပိုင္းမွာ ရပ္တည္ေနတဲ့

ေနာ္တင္ဟမ္ေဖာရက္စ္ကို လုံးဝ မယွၪၷိဳင္ဘဲ အရွံးေပးသြားခဲ့ရတာပါ။

ဂ်ိမ္းစ္ဂါနာကလည္း အဲ့ဒိပြဲမွာ ျပစ္ဒဏ္ေဘာကန္ခ်က္ကေန

ကိုယ္တိုင္ဂိုးသြင္းႏိုင္လုနီးျဖစ္ခဲ့ပါတယ္။

သူ႔ရဲ႕ျပစ္ဒဏ္ေဘာကန္ခ်က္ဟာ ဂိုးအေပၚေထာင့္ထဲကို

ဝင္သြားၿပီထင္ခဲ့ရေပမယ့္ အာဆင္နယ္ဂိုးသမား ဘန္းလီႏိုကလည္း

အစြမ္းကုန္ခုန္လြားပုတ္ထုတ္လိုက္ႏိုင္လို႔သာ အာဆင္နယ္ဂိုးမေပးခဲ့ရတာပါ။

ဂ်ိမ္းစ္ဂါနာဟာ ဒီျပစ္ဒဏ္ေဘာကန္ခ်က္နဲ႔တင္သာမက

ပြဲအတြင္းစြမ္းေဆာင္ႏိုင္မႈေတြနဲ႔ပါ မန္ယူပရိသတ္ေတြကို

သတိျပဳခ်ီးက်ဴးမိေစခဲ့တာပါ။

အဲ့ဒိပြဲမွာ ေလထဲကေဘာလုံးလုရာမွာ ၁၀၀ % ေအာင္ျမင္ခဲ့ျခင္း၊

ေဘာလုံးေပးပို႔မႈပိပို႔မႈအားလုံးရဲ႕ ၇၆% ေအာင္ျမင္ခဲ့ျခင္း၊

ေဘာလုံးထိမႈ ၄၁ ႀကိမ္၊ ေဘာလုံးျပန္ရေအာင္ယူႏိုင္မႈ ၆ ႀကိမ္၊

ေဘာလုံး ရွင္းထုတ္မႈ ၃ ႀကိမ္၊ ကြင္းအတြင္းရင္ဆိုင္ေဘာလုံးလုယူရာမွ

ာေအာင္ျမင္မႈ ၃ ႀကိမ္၊ ေအာင္ျမင္တဲ့အေဝးေဘာေပးပို႔မႈ ၂ ႀကိမ္၊

ၾကားျဖတ္လုယူႏိုင္မႈ ၂ ႀကိမ္၊ ကန္ခ်က္ ၁ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး

အခ်က္အလက္ေတြအရလည္း အေကာင္းဆုံးျဖစ္ခဲ့လို႔

မန္ယူပရိသတ္ေတြက သေဘာက်ေနၾကတာပါ။

ဖရန႔္လို႔အမည္ေပးထားတဲ့ မန္ယူပရိသတ္ကေတာ့ –

” ဂ်ိမ္းစ္ဂါနာကေတာ့ အာဆင္နယ္အတြက္ စာသင္ေက်ာင္းပဲ ” လို႔မွတ္ခ်က္ေပးခဲ့သလို

ဂြၽန္မက္နီကိုးလ္အမည္ရ ပရိသတ္ကလည္း –

” ဂ်ိမ္းစ္ဂါနာရဲ႕ကစားပုံက လုံးဝကို အဆင့္ရွိပါတယ္။

သူ႔ကစားပုံက တခ်ိဳ႕မန္ယူကြင္းလယ္ကစားသမားေတြထက္ေတာင္

ေကာင္းေနတယ္” လို႔ ခ်ီးက်ဳးခဲ့ပါတယ္။

Pa McK အမည္ရ ပရိသတ္တစ္ဦးကလည္း

” ဂ်ိမ္းစ္ဂါနာက ကြၽန္ေတာ္တို႔ မန္ယူမွာ ရွိတဲ့

အေကာင္းဆုံးကြင္းလယ္ကစားသမားပဲ” လို႔ မွတ္ခ်က္ေပးခဲ့သလို

အျခားေသာမန္ယူပရိသတ္ေတြကပါ ဂ်ိမ္းစ္ဂါနာကို

ျပန္ေခၚဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။