
တာမာရာဂေါ်ရိုက ခင်ပွန်းသည်အီဇီကေးလ်ဂါရေးနှင့်
လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။
၎င်းတို့ဇနီးမောင်နှံဟာကာလရှည်ကြာချစ်ကြိုက်ကာ
ဆယ်နှစ်ကြာလင်မယားအဖြစ်ပေါင်းသင်းပြီးနောက်
လမ်းခွဲလိုက်တာလည်းဖြစ်ပါတယ်။
စပိန်မော်ဒယ်နှင့်သရုပ်ဆောင်ဟာအစောပိုင်းတုန်းက
ခင်ပွန်းသည်ဂါရေးနှင့်နေ့စဉ်ချစ်တင်းနှောလွန်းမှုကြောင့်
စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရကြောင်း
ထုတ်ဖော်ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊မတ်လတုန်းကသူက “တကယ်လို့ အရင်ကလိုမျိုး
လိင်စိတ်ရှိသေးလားလို့မေးလာရင်မရှိတော့ဘူးလို့ဖြေမိပါတယ်။
လိင်စိတ်လျှော့ရသလဲ၊အချိန်မရှိလို့လားဆိုတာတော့မသိပါဘူး။
ဒါပေမဲ့တကယ်ကအဲဒါတွေကြောင့်မဟုတ်ပါဘူး။
ကျွန်မဘက်ကပဲစိတ်လျှော့နေတာ။
ဒါပေမဲ့အခုဖြစ်နေတာအဲဒါမျိုးပါ။ကျွန်မယောင်္ကျားကိုချစ်ပါတယ်။
ဒါပေမဲ့နေ့တိုင်းသူနဲ့လိင်မဆက်ဆံချင်ပါဘူး။
အရမ်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်လို့ပါ”လို့ပြောကြားသွားပါတယ်။
ဂါရေးနှင့်ဂေါ်ရိုတို့ဟာစပိန်တွင် Next Posh and Becks အဖြစ်
တင်စားခံရသူဖြစ်ပါတယ်။ယခုအခါမှာတော့အသက်၃၄နှစ်ရှိဂေါ်ရိုဟာ
အင်စတာဂရမ်အကောင့်ကနေ ခင်ပွန်းသည်ဂါရေးနှင့်
လမ်းခွဲတော့မှာဖြစ်ကြောင်းကြေညာလာပြီဖြစ်ပါတယ်။
ဂါရေးဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကဒဏ်ရာပြဿနာကြောင့်
ကစားသမားဘဝမှအနားယူခဲ့ရသူဖြစ်ပါတယ်။
အာဂျင်တီးနားအတွက်၃၅ပွဲကစားခဲ့တဲ့သူဟာ
ရီးရဲလ်မက်ဒရစ်၊ဇင်းနစ်၊ဘင်ဖီကာနှင့်ဗလင်စီယာတို့တွင်ကစားခဲ့သူဖြစ်ပါတယ်။
zawgyi
ေန႔စဥ္ခ်စ္တင္းေႏွာလြန္းမႈေၾကာင့္ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးသူတို႔ လမ္းခြဲလိုက္ၿပီ
တာမာရာေဂၚ႐ိုက ခင္ပြန္းသည္အီဇီေကးလ္ဂါေရးႏွင့္
လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
၎တို႔ဇနီးေမာင္ႏွံဟာကာလရွည္ၾကာခ်စ္ႀကိဳက္ကာ
ဆယ္ႏွစ္ၾကာလင္မယားအျဖစ္ေပါင္းသင္းၿပီးေနာက္
လမ္းခြဲလိုက္တာလည္းျဖစ္ပါတယ္။
စပိန္ေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ဟာအေစာပိုင္းတုန္းက
ခင္ပြန္းသည္ဂါေရးႏွင့္ေန႔စဥ္ခ်စ္တင္းေႏွာလြန္းမႈေၾကာင့္
စိတ္ပင္ပန္းလူပင္ပန္းျဖစ္ရေၾကာင္း
ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးသူလည္းျဖစ္ပါတယ္။
၂၀၂၁ခုႏွစ္၊မတ္လတုန္းကသူက “တကယ္လို႔ အရင္ကလိုမ်ိဳး
လိင္စိတ္ရွိေသးလားလို႔ေမးလာရင္မရွိေတာ့ဘူးလို႔ေျဖမိပါတယ္။
လိင္စိတ္ေလွ်ာ့ရသလဲ၊အခ်ိန္မရွိလို႔လားဆိုတာေတာ့မသိပါဘူး။
ဒါေပမဲ့တကယ္ကအဲဒါေတြေၾကာင့္မဟုတ္ပါဘူး။
ကြၽန္မဘက္ကပဲစိတ္ေလွ်ာ့ေနတာ။
ဒါေပမဲ့အခုျဖစ္ေနတာအဲဒါမ်ိဳးပါ။ကြၽန္မေယာက်ၤားကိုခ်စ္ပါတယ္။
ဒါေပမဲ့ေန႔တိုင္းသူနဲ႔လိင္မဆက္ဆံခ်င္ပါဘူး။
အရမ္းစိတ္ပင္ပန္းလူပင္ပန္းျဖစ္လို႔ပါ”လို႔ေျပာၾကားသြားပါတယ္။
ဂါေရးႏွင့္ေဂၚ႐ိုတို႔ဟာစပိန္တြင္ Next Posh and Becks အျဖစ္
တင္စားခံရသူျဖစ္ပါတယ္။ယခုအခါမွာေတာ့အသက္၃၄ႏွစ္ရွိေဂၚ႐ိုဟာ
အင္စတာဂရမ္အေကာင့္ကေန ခင္ပြန္းသည္ဂါေရးႏွင့္
လမ္းခြဲေတာ့မွာျဖစ္ေၾကာင္းေၾကညာလာၿပီျဖစ္ပါတယ္။
ဂါေရးဟာၿပီးခဲ့တဲ့ဇူလိုင္လတုန္းကဒဏ္ရာျပႆနာေၾကာင့္
ကစားသမားဘဝမွအနားယူခဲ့ရသူျဖစ္ပါတယ္။
အာဂ်င္တီးနားအတြက္၃၅ပြဲကစားခဲ့တဲ့သူဟာ
ရီးရဲလ္မက္ဒရစ္၊ဇင္းနစ္၊ဘင္ဖီကာႏွင့္ဗလင္စီယာတို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။