နွေရာသီဈေးကွက်ရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုက ဘယ်သူလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားအပြောင်းအရွှေ့တွေ အတွက် အသုံးစရိတ်က ပေါင် ၃ ဘီလီယံနီးပါးရှိခဲ့ပြီး အသုံးပြုခဲ့တဲ့ခေါ်ယူမှုတိုင်းက တော့ အကျိုးရှိတာတွေရော မရှိတာတွေပါ ရောနေတာပါ။ ဒီထဲမှာ ငွေကြေးအရ အဆင်ပြေခဲ့သလို အသင်းသစ်မှာခြေစွမ်းလည်းပြပြီး အသုံးဝင်တဲ့ကစားသမားတွေကို တော့ အကောင်းဆုံးခေါ်ယူမှုတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီအကောင်းဆုံးခေါ်ယူမှု တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့ကြည့်ကြည့်ရအောင်။

ဆွာရက်ဇ်(ဘာစီလိုနာမှ အက်သလက်တီကို ၅.၅ သန်း)
ဖော်ပြချက်တွေအရတော့ အက်သလက်တီကိုကခေါ်ယူလိုက်တဲ့ ဘာစီလိုနာတိုက် စစ်မှူး ဆွာရက်ဇ်က ထိပ်ဆုံးမှာရှိနေပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅.၅ သန်းပဲ ပေးခဲ့ရတာပါ။ ဒါပေမဲ့ သူဟာ အက်သလက်တီကိုအတွက် ပွဲဦးထွက်မှာပဲခြေ စွမ်းပြကစားသွားခဲ့ပြီး ဒီယေဂိုကော်စတာ၊ ဂျာအိုဖီးလစ်တို့နဲ့အတူ တီကိုရဲ့တိုက်စစ်ဟာ ဒီနှစ်ဘော လုံးရာသီတစ်ခုလုံး စောင့်ကြည့်ရဖို့ဖြစ်လာပါတယ်။

ဟော့ဘ်ဂျက်(ဆောက်သမ်တန်မှ စပါး ပေါင် ၁၅ သန်း)
ဒိန်းမတ်ကွင်းလယ်လူဟာ စပါးမှာ မော်ရင်ဟိုရဲ့အကြိုက်ပုံစံဖြစ်တဲ့ ခပ်မာမာကစား တတ်တဲ့သူပါပဲ။ ဘိုင်ယန်မြူးနစ်အကယ်ဒမီကနေထွက်ပေါ်လာတဲ့ ဟော့ဘ်ဂျက်ဟာ စပါးကွင်းလယ်မှာ အချိန်တိုအတွင်း မော်ရင်ဟိုရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ရီးရဲလ်မှ အဲဗာတန် ပေါင်သန်း ၂၀)
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ဆရာဟောင်း အန်ဆလော့တီနဲ့ပြန်လည်လက်တွဲပြီး သူ့ရဲ့ တန်ဖိုးကိုနေရာမှန်မှာ ပြသနိုင်ခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ အဲဗာတန် ခြေစွမ်း ကောင်းနေတာဟာ တိုက်စစ်မှူး ကယ်လ်ဗက်လီဝင်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကြောင့်ပါပဲ။ အဲဗာတန်မှာ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်လာတဲ့ ဂျိမ်းစ်ဟာ ဒီနှစ် နွေရာသီရဲ့အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

ပါရီဂျို(ဗလန်စီယာမှ ဗီလာရီးရဲလ် အလွတ်)
ဘဏ္ဍာရေးပြဿနာတွေကြောင့် လူတွေရောင်းချနေတဲ့ ဗလန်စီယာကနေ ပါရီဂျိုလည်း ထွက်ခွာခဲ့တဲ့လူတစ်ဦးပါပဲ။ ဒါပေမဲ့ သူဟာ အလွတ်ပြောင်းရွှေ့ကြေးပဲ ဖြစ်ပါတယ်။ ဗလန်စီယာအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် လာလီဂါပြိုင်ဘက် ဗီလာ ရီးရဲလ်ကိုရောက်ရှိခဲ့ပြီး သူ့ရဲ့အတွေ့အကြုံ၊ ခြေစွမ်းတွေနဲ့အတူ နည်းပြအူနိုင်းအမ်မရီ လက်အောက်မှာ ပုံစံကောင်းရနေဆဲဖြစ်ပါတယ်။

အခြားအကျိုးရှိတဲ့ခေါ်ယူမှုတွေအဖြစ် ပီအက်စ်ဗွီကနေ အတ္တလန္တာကို ပြောင်းရွှေ့သွား ခဲ့တဲ့ ဆမ်လာမား၊ တိုရီနိုကနေ ဘီလ်ဘာအိုကိုပြောင်းရွှေ့သွားခဲ့တဲ့ အဲလက်စ်ဘီရန်ဂါ၊ ဖရိုင်းဘတ်ကနေ လိဒ်စ်ကိုရောက်လာတဲ့ ရော်ဘင်ကော့ချ်တို့လည်း ပါဝင်နေခဲ့ပြီး နွေ ရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ အကောင်းဆုံးခေါ်ယူမှုတွေအဖြစ် သတ်မှတ်ခံထား ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေႏြရာသီေစ်းကြက္ရဲ႕ အေကာင္းဆံုးကစားသမားေခၚယူမႈက ဘယ္သူလဲ

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားအေျပာင္းအေရႊ႕ေတြ အတြက္ အသံုးစရိတ္က ေပါင္ ၃ ဘီလီယံနီးပါးရွိခဲ့ၿပီး အသံုးျပဳခဲ့တဲ့ေခၚယူမႈတိုင္းက ေတာ့ အက်ဳိးရွိတာေတြေရာ မရွိတာေတြပါ ေရာေနတာပါ။ ဒီထဲမွာ ေငြေၾကးအရ အဆင္ေျပခဲ့သလို အသင္းသစ္မွာေျခစြမ္းလည္းျပၿပီး အသံုး၀င္တဲ့ကစားသမားေတြကို ေတာ့ အေကာင္းဆံုးေခၚယူမႈေတြအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ ဒီအေကာင္းဆံုးေခၚယူမႈ ေတြက ဘယ္သူေတြျဖစ္မလဲဆိုတာ ကၽြန္ေတာ္တို႔ၾကည့္ၾကည့္ရေအာင္။

ဆြာရက္ဇ္(ဘာစီလိုနာမွ အက္သလက္တီကို ၅.၅ သန္း)
ေဖာ္ျပခ်က္ေတြအရေတာ့ အက္သလက္တီကိုကေခၚယူလိုက္တဲ့ ဘာစီလိုနာတိုက္ စစ္မွဴး ဆြာရက္ဇ္က ထိပ္ဆံုးမွာရွိေနပါတယ္။ သူ႕အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅.၅ သန္းပဲ ေပးခဲ့ရတာပါ။ ဒါေပမဲ့ သူဟာ အက္သလက္တီကိုအတြက္ ပြဲဦးထြက္မွာပဲေျခ စြမ္းျပကစားသြားခဲ့ၿပီး ဒီေယဂိုေကာ္စတာ၊ ဂ်ာအိုဖီးလစ္တို႔နဲ႔အတူ တီကိုရဲ႕တုိက္စစ္ဟာ ဒီႏွစ္ေဘာ လံုးရာသီတစ္ခုလံုး ေစာင့္ၾကည့္ရဖို႔ျဖစ္လာပါတယ္။

ေဟာ့ဘ္ဂ်က္(ေဆာက္သမ္တန္မွ စပါး ေပါင္ ၁၅ သန္း)
ဒိန္းမတ္ကြင္းလယ္လူဟာ စပါးမွာ ေမာ္ရင္ဟိုရဲ႕အႀကိဳက္ပံုစံျဖစ္တဲ့ ခပ္မာမာကစား တတ္တဲ့သူပါပဲ။ ဘုိင္ယန္ျမဴးနစ္အကယ္ဒမီကေနထြက္ေပၚလာတဲ့ ေဟာ့ဘ္ဂ်က္ဟာ စပါးကြင္းလယ္မွာ အခ်ိန္တိုအတြင္း ေမာ္ရင္ဟိုရဲ႕ယံုၾကည္မႈကို ရယူႏိုင္ခဲ့ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္(ရီးရဲလ္မွ အဲဗာတန္ ေပါင္သန္း ၂၀)
ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကေတာ့ ဆရာေဟာင္း အန္ဆေလာ့တီနဲ႔ျပန္လည္လက္တြဲၿပီး သူ႕ရဲ႕ တန္ဖိုးကိုေနရာမွန္မွာ ျပသႏိုင္ခဲ့ပါတယ္။ လက္ရွိပရီးမီးယားလိဂ္မွာ အဲဗာတန္ ေျခစြမ္း ေကာင္းေနတာဟာ တိုက္စစ္မွဴး ကယ္လ္ဗက္လီ၀င္နဲ႔ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္တို႔ေၾကာင့္ပါပဲ။ အဲဗာတန္မွာ ကြင္းလယ္ဗိုလ္ခ်ဳပ္ျဖစ္လာတဲ့ ဂ်ိမ္းစ္ဟာ ဒီႏွစ္ ေႏြရာသီရဲ႕အေကာင္းဆံုး ေခၚယူမႈေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။

ပါရီဂ်ဳိ(ဗလန္စီယာမွ ဗီလာရီးရဲလ္ အလြတ္)
ဘ႑ာေရးျပႆနာေတြေၾကာင့္ လူေတြေရာင္းခ်ေနတဲ့ ဗလန္စီယာကေန ပါရီဂ်ဳိလည္း ထြက္ခြာခဲ့တဲ့လူတစ္ဦးပါပဲ။ ဒါေပမဲ့ သူဟာ အလြတ္ေျပာင္းေရႊ႕ေၾကးပဲ ျဖစ္ပါတယ္။ ဗလန္စီယာအသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ေပမယ့္ လာလီဂါၿပိဳင္ဘက္ ဗီလာ ရီးရဲလ္ကိုေရာက္ရွိခဲ့ၿပီး သူ႕ရဲ႕အေတြ႕အႀကံဳ၊ ေျခစြမ္းေတြနဲ႔အတူ နည္းျပအူႏိုင္းအမ္မရီ လက္ေအာက္မွာ ပံုစံေကာင္းရေနဆဲျဖစ္ပါတယ္။

အျခားအက်ဳိးရွိတဲ့ေခၚယူမႈေတြအျဖစ္ ပီအက္စ္ဗီြကေန အတၱလႏၱာကို ေျပာင္းေရႊ႕သြား ခဲ့တဲ့ ဆမ္လာမား၊ တုိရီႏိုကေန ဘီလ္ဘာအုိကိုေျပာင္းေရႊ႕သြားခဲ့တဲ့ အဲလက္စ္ဘီရန္ဂါ၊ ဖရိုင္းဘတ္ကေန လိဒ္စ္ကိုေရာက္လာတဲ့ ေရာ္ဘင္ေကာ့ခ်္တို႔လည္း ပါ၀င္ေနခဲ့ၿပီး ေႏြ ရာသီအေျပာင္းအေရႊ႕ေစ်းကြက္ရဲ႕ အေကာင္းဆံုးေခၚယူမႈေတြအျဖစ္ သတ္မွတ္ခံထား ရပါတယ္။