နွေရာသီတုန်းက ဆန်ချိုကို မခေါ်ယူခဲ့တာ မှန်ကန်တယ်လို့ ယူနိုက်တက် ယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒေါ့မွန်စတား ဆန်ချိုကို မခေါ်ယူခဲ့တာဟာ မှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ ဆိုးလ်ရှားဟာ တောင်ပံနေရာအတွက် ဆန်ချိုကိုခေါ်ယူဖို့ အသည်းအသန်ချိတ်ဆက်ခဲ့တာဖြစ်ပြီး အသင်းလူအင်အားကို ထပ်မံဖြည့်တင်းချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာသီဆန်ချိုရဲ့စွမ်းဆောင်ရည်ပိုင်းက ကျဆင်းနေပြီး ယူနိုက်တက်ဟာ လာမယ့်ေနွေရာသီမှာ ဆန်ချိုကိုခေါ်ယူဖို့အတွက် ပြန်လည်စဉ်းစားလာတယ်လို့ ဆန်ဒေးမယ်ရာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ဆန်ချိုမပါဘဲခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပြီး လီဗာပူးအသင်းနဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ အသက် ၂၀ အရွယ်ဆန်ချိုထက် ဟာလန်းကိုသာ ပိုစိတ်ဝင်စားလာတယ်လို့ ဖော်ပြနေကြပါတယ်။ နော်ဝေသားနည်းပြ ဆိုးလ်ရှားကလည်း ဟာလန်းအကြောင်းကောင်းကောင်းသိထားသူဖြစ်တာကြောင့် ဆဲလ်ဘတ်မှာတုန်းက ဒေါ့မွန်လက်မဦးခင် ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ဒေါ့မွန်အသင်းအတွက် ၃၂ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရီးရဲလ် နဲ့ ဘာစီလိုနာတို့ကလည်း ခေါ်ယူဖို့ ပြင်ဆင်လာကြပါတယ်။ ဒါပေမဲ့ မယ်ရာသတင်းဌာနကတော့ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ဟာလန်းကိုခေါ်ယူဖို့ ပြင်ဆင်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ ဟာလန်းရဲ့ပေါင်သန်း ၇၀ တန်စာချုပ်ဖျက်သိမ်းကြေးက လာမယ့်ရာသီမကုန်ခင်မှာ အသက်ဝင်လိမ့်မယ်လို့ ဆိုပါတယ်။

ယူနိုက်တက်အတွက် အခက်အခဲတစ်ခုကတော့ ဟာလန်းရဲ့အေးဂျင့် ရွိုင်းအိုလာဖြစ်လာနိုင်ပြီး ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီးလည်း ပြဿနာဖြစ်နေတာကြောင့် ယူနိုက်တက်အတွက် ဟာလန်းကိုခေါ်ယူဖို့ ခက်ခဲလာနိုင်ပါတယ်။ သို့ပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဟာလန်းနဲ့ပတ်သက်ပြီး ရွိုင်းအိုလာနဲ့ ဆွေးနွေးဖွယ်ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အမှုဆောင် ဝုဒ်ဝါ့ကလည်း ဆန်ချိုအတွက် ဒေါ့မွန်အသင်းတောင်းဆိုတဲ့ ပေါင် ၁၀၈ သန်းတန်ကြေးကိုပေးချေဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်က အဲ့အချိန်တုန်းက ဝေဖန်စရာဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်နေတာဖြစ်ပါတယ်။

နည်းပြ ဖာဘရီအထုတ်ခံရပြီးနောက် ဆနန်ချိုဟာ ဒီရာသီမှာဘွန်ဒက်စ်လီဂါသွင်းဂိုးပျောက်ဆုံးနေပြီး ချန်ပီယံလိဂ် နဲ့ ဂျာမန်ဖလားပွဲတွေမှာသာ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေႏြရာသီတုန္းက ဆန္ခ်ိဳကို မေခၚယူခဲ့တာ မွန္ကန္တယ္လို႔ ယူႏုိက္တက္ ယံုၾကည္ေန

ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြကေတာ့ ျပီးခဲ့တဲ့ေႏြရာသီတုန္းက ေဒါ့မြန္စတား ဆန္ခ်ိဳကို မေခၚယူခဲ့တာဟာ မွန္ကန္တယ္လို႔ ယံုၾကည္ေနပါတယ္။ ဆိုးလ္ရွားဟာ ေတာင္ပံေနရာအတြက္ ဆန္ခ်ိဳကိုေခၚယူဖို႔ အသည္းအသန္ခ်ိတ္ဆက္ခဲ့တာျဖစ္ျပီး အသင္းလူအင္အားကို ထပ္မံျဖည့္တင္းခ်င္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီရာသီဆန္ခ်ိဳရဲ႕စြမ္းေဆာင္ရည္ပိုင္းက က်ဆင္းေနျပီး ယူႏိုက္တက္ဟာ လာမယ့္ေေႏြရာသီမွာ ဆန္ခ်ိဳကိုေခၚယူဖို႔အတြက္ ျပန္လည္စဥ္းစားလာတယ္လို႔ ဆန္ေဒးမယ္ရာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ဆန္ခ်ိဳမပါဘဲေျခစြမ္းေကာင္းေတြဆက္တိုက္ျပသေနျပီး လီဗာပူးအသင္းနဲ႔အတူ အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏိုင္ခဲ့့ပါတယ္။ သတင္းေတြအရ ယူႏိုက္တက္ဟာ အသက္ ၂၀ အရြယ္ဆန္ခ်ိဳထက္ ဟာလန္းကိုသာ ပိုစိတ္၀င္စားလာတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ေနာ္ေ၀သားနည္းျပ ဆိုးလ္ရွားကလည္း ဟာလန္းအေၾကာင္းေကာင္းေကာင္းသိထားသူျဖစ္တာေၾကာင့္ ဆဲလ္ဘတ္မွာတုန္းက ေဒါ့မြန္လက္မဦးခင္ ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးတာျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ကစားသမားဟာ ေဒါ့မြန္အသင္းအတြက္ ၃၂ ပြဲမွာ ၃၃ ဂိုးအထိ သြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ရီးရဲလ္ နဲ႔ ဘာစီလိုနာတို႔ကလည္း ေခၚယူဖို႔ ျပင္ဆင္လာၾကပါတယ္။ ဒါေပမဲ့့ မယ္ရာသတင္းဌာနကေတာ့ ယူႏုိက္တက္ဟာ လာမယ့္ေႏြရာသီမွာ ဟာလန္းကိုေခၚယူဖို႔ ျပင္ဆင္လာႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ သတင္းေတြအရ ဟာလန္းရဲ႕ေပါင္သန္း ၇၀ တန္စာခ်ဳပ္ဖ်က္သိမ္းေၾကးက လာမယ့္ရာသီမကုန္ခင္မွာ အသက္၀င္လိမ့္မယ္လို႔ ဆိုပါတယ္။

ယူႏိုက္တက္အတြက္ အခက္အခဲတစ္ခုကေတာ့ ဟာလန္းရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာျဖစ္လာႏိုင္ျပီး ေပါ့ဂ္ဘာနဲ႔ပတ္သက္ျပီးလည္း ျပႆနာျဖစ္ေနတာေၾကာင့္ ယူႏိုက္တက္အတြက္ ဟာလန္းကိုေခၚယူဖို႔ ခက္ခဲလာႏိုင္ပါတယ္။ သို႔ေပမယ့္ ယူႏိုက္တက္တာ၀န္ရွိသူေတြကေတာ့ ဟာလန္းနဲ႔ပတ္သက္ျပီး ရြိဳင္းအိုလာနဲ႔ ေဆြးေႏြးဖြယ္ရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အမႈေဆာင္ ၀ုဒ္၀ါ့ကလည္း ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းေတာင္းဆိုတဲ့ ေပါင္ ၁၀၈ သန္းတန္ေၾကးကိုေပးေခ်ဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။ အဆိုပါဆံုးျဖတ္ခ်က္က အဲ့အခ်ိန္တုန္းက ေ၀ဖန္စရာျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ရဲ႕ဆံုးျဖတ္ခ်က္က မွန္ကန္ေနတာျဖစ္ပါတယ္။ နည္းျပ ဖာဘရီအထုတ္ခံရျပီးေနာက္ ဆနန္ခ်ိဳဟာ ဒီရာသီမွာဘြန္ဒက္စ္လီဂါသြင္းဂိုးေပ်ာက္ဆံုးေနျပီး ခ်န္ပီယံလိဂ္ နဲ႔ ဂ်ာမန္ဖလားပြဲေတြမွာသာ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။