နွေရာသီမှာ ပေါ့ဂ်ဘာနဲ့ ရော်နယ်ဒိုအပြောင်းအရွှေ့အလဲအထပ်ဖြစ်လာနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Independent သတင်းထောက် မီဂွယ်ဒီလာနေးကတော့ နွေရာသီမှာ ပေါ့ဂ်ဘာ နဲ့ ရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့အလဲအထပ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်းအိုလာကတော့ မကြာသေးခင်က ပေါ့ဂ်ဘာရဲ့ယူနိုက်တက်ကစားသမားဘ၀ ကုန်ဆုံးခဲ့ပြီလို့ ပြောကြားခဲ့ကာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

“ပေါ့ဂ်ဘာ နဲ့ ယူနိုက်တက်တို့အနာဂတ်က ပြီးဆုံးသွားခဲ့ပါပြီ။ အကောင်းဆုံးအဖြေက နောက်ရာသီအပြောင်းအရွှေ့မှာဖြစ်လာနိုင်ပါတယ်”လို့ ရွိုင်းအိုလာက ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာကလည်း သူ့ရဲ့အကောင်းဆုံးအချိန်တွေကိုဖြတ်သန်းခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်ကိုပြန်ဖွယ်ရှိနေပေမယ့် ဒီလာနေးကတော့ အဆိုပါအပြောင်းအရွှေ့ဟာ ဂျူဗင်တပ်စ်စတား ရော်နယ်ဒိုအပေါ်မူတည်နေတယ်လို့ ဆိုခဲ့ပါတယ်။

“အခုအပတ်ထဲမှာ လူတွေပြောဆိုနေကြတာတွေကြားရပါတယ်။ ပေ့ါဂ်ဘာရဲ့အခြေအနေကလည်း တစ်ခုခုထူးခြားနေပါတယ်။ အဲ့တာက ရော်နယ်ဒိုနဲ့လည်း ဆက်စပ်နေပါတယ်။ ဂျူဗင်တပ်စ်က ပေါ့ဂ်ဘာကိုလိုချင်နေပေမယ့် အလဲအထပ်ပဲလုပ်ဖို့ စိတ်ဝင်စားလောက်ပါတယ်။ ဖြစ်လာနိုင်ချေတော့မရှိပေမယ့် ဂျူဗင်တပ်စ်ဘက်ကတော့ အဲ့နည်းနဲ့ကြိုးစားလာနိုင်ပါတယ်။

သူတို့ ဆာရီနဲ့တုန်းကလည်း ကြိုးစားခဲ့သလို အခုလည်း ပီယာလိုနဲ့ထပ်ကြိုးစားလာနိုင်ပါတယ်။ ရော်နယ်ဒိုနဲ့သာ ကမ်းလှမ်းမယ်ဆိုရင် ဖြစ်လာနိုင်ချေကတော့ များနေပါတယ်။ ရော်နယ်ဒိုက အကောင်းဆုံးအသက်အရွယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမယ့် အခုအချိန်မှာက အကျပိုင်းကိုတော့ ရောက်လာနေပါပြီ။ ဒါပေမဲ့ ဂျူဗင်တပ်စ်အနေနဲ့ ပေါ့ဂ်ဘာကိုရနိုင်ချေများတဲ့နည်းလမ်းက ဒီတစ်လမ်းပဲရှိနေတာကြောင့် သေချာပေါက်ဒီနည်းလမ်းကိုပဲ သုံးလာမှာပါ”လို့ ဒီလာနေးက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့ပြီး ရီးရဲလ်ကိုပေါင်သန်း ၈၀ နဲ့ မပြောင်းခင် အသင်းအတွက် ၂၉၂ ပွဲမှာ ၁၁၈ ဂိုးအထိသွင်းယူပေးခဲ့ကာ ဆုဖလားအောင်မြင်မှုတွေအပြင် ပထမဆုံးအကြိမ်ဘော်လွန်းဒီအော်ဆုကိုပါရရှိခဲ့ပါတယ်။

အခုလပိုင်းအတွင်းမှာ ရော်နယ်ဒို ယူနိုက်တက်ကိုပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာဟာလည်းသတိထားစရာဖြစ်လာခဲ့ပေမယ့် ယူနိုက်တက်အသင်းက ချန်ပီယံလိဂ်ကနေထွက်ခဲ့ရတာဟာ ရော်နယ်ဒိုလိုကစားသမားတစ်ယောက်အသင်းကိုရောက်ရှိလာဖို့အတွက်ကြီးမားတဲ့အတားအစီးတစ်ခုဖြစ်စေပါတယ်။

ပေါ့ဂ်ဘာကတော့ ၂၀၁၆ ခုနှစ်တုန်းက ယူနိုက်တက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ရောက်လာခဲ့ပေမယ့် စွမ်းဆောင်ရည်တွေ ဆက်တိုက်ကျဆင်းခဲ့ပါတယ်။

တနလာၤနေ့တုန်းက လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေႏြရာသီမွာ ေပါ့ဂ္ဘာနဲ႔ ေရာ္နယ္ဒိုအေျပာင္းအေရႊ႕အလဲအထပ္ျဖစ္လာႏိုင္

Independent သတင္းေထာက္ မီဂြယ္ဒီလာေနးကေတာ့ ေႏြရာသီမွာ ေပါ့ဂ္ဘာ နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ အေျပာင္းအေရႊ႕အလဲအထပ္ျဖစ္လာႏုိင္တယ္လို႔ သံုးသပ္ေျပာၾကားလုိက္ပါတယ္။ ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာကေတာ့ မၾကာေသးခင္က ေပါ့ဂ္ဘာရဲ႕ယူႏုိက္တက္ကစားသမားဘ၀ ကုန္ဆံုးခဲ့ျပီလို႔ ေျပာၾကားခဲ့ကာ ယူႏုိက္တက္ကေန ထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။ “ေပါ့ဂ္ဘာ နဲ႔ ယူႏိုက္တက္တို႔အနာဂတ္က ျပီးဆံုးသြားခဲ့ပါျပီ။ အေကာင္းဆံုးအေျဖက ေနာက္ရာသီအေျပာင္းအေရႊ႕မွာျဖစ္လာႏိုင္ပါတယ္”လို႔ ရြိဳင္းအိုလာက ေျပာၾကားခဲ့ပါတယ္။

ေပါ့ဂ္ဘာကလည္း သူ႕ရဲ႕အေကာင္းဆံုးအခ်ိန္ေတြကိုျဖတ္သန္းခဲ့ဖူးတဲ့ ဂ်ဴဗင္တပ္စ္ကိုျပန္ဖြယ္ရွိေနေပမယ့္ ဒီလာေနးကေတာ့ အဆိုပါအေျပာင္းအေရႊ႕ဟာ ဂ်ဴဗင္တပ္စ္စတား ေရာ္နယ္ဒိုအေပၚမူတည္ေနတယ္လို႔ ဆိုခဲ့ပါတယ္။ “အခုအပတ္ထဲမွာ လူေတြေျပာဆိုေနၾကတာေတြၾကားရပါတယ္။ ေပ့ါဂ္ဘာရဲ႕အေျခအေနကလည္း တစ္ခုခုထူးျခားေနပါတယ္။ အဲ့တာက ေရာ္နယ္ဒိုနဲ႔လည္း ဆက္စပ္ေနပါတယ္။ ဂ်ဴဗင္တပ္စ္က ေပါ့ဂ္ဘာကိုလိုခ်င္ေနေပမယ့္ အလဲအထပ္ပဲလုပ္ဖို႔ စိတ္၀င္စားေလာက္ပါတယ္။ ျဖစ္လာႏိုင္ေခ်ေတာ့မရွိေပမယ့္ ဂ်ဴဗင္တပ္စ္ဘက္ကေတာ့ အဲ့နည္းနဲ႔ၾကိဳးစားလာႏိုင္ပါတယ္။

သူတို႔ ဆာရီနဲ႔တုန္းကလည္း ၾကိဳးစားခဲ့သလို အခုလည္း ပီယာလိုနဲ႔ထပ္ၾကိဳးစားလာႏိုင္ပါတယ္။ ေရာ္နယ္ဒိုနဲ႔သာ ကမ္းလွမ္းမယ္ဆိုရင္ ျဖစ္လာႏိုင္ေခ်ကေတာ့ မ်ားေနပါတယ္။ ေရာ္နယ္ဒိုက အေကာင္းဆံုးအသက္အရြယ္ဆုိရင္ေတာ့ ျပႆနာမရွိႏုိင္ေပမယ့္ အခုအခ်ိန္မွာက အက်ပိုင္းကိုေတာ့ ေရာက္လာေနပါျပီ။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္အေနနဲ႔ ေပါ့ဂ္ဘာကိုရႏုိင္ေခ်မ်ားတဲ့နည္းလမ္းက ဒီတစ္လမ္းပဲရွိေနတာေၾကာင့္ ေသခ်ာေပါက္ဒီနည္းလမ္းကိုပဲ သံုးလာမွာပါ”လို႔ ဒီလာေနးက ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္မွာ ေအာင္ျမင္မႈေတြစိုက္ထူႏုိင္ခဲ့ျပီး ရီးရဲလ္ကိုေပါင္သန္း ၈၀ နဲ႔ မေျပာင္းခင္ အသင္းအတြက္ ၂၉၂ ပြဲမွာ ၁၁၈ ဂိုးအထိသြင္းယူေပးခဲ့ကာ ဆုဖလားေအာင္ျမင္မႈေတြအျပင္ ပထမဆံုးအၾကိမ္ေဘာ္လြန္းဒီေအာ္ဆုကိုပါရရွိခဲ့ပါတယ္။

အခုလပိုင္းအတြင္းမွာ ေရာ္နယ္ဒို ယူႏိုက္တက္ကိုျပန္လည္ေျပာင္းေရႊ႕ႏုိင္တယ္ဆိုတဲ့ သတင္းေတြ ထြက္လာေနတာဟာလည္းသတိထားစရာျဖစ္လာခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက ခ်န္ပီယံလိဂ္ကေနထြက္ခဲ့ရတာဟာ ေရာ္နယ္ဒိုလိုကစားသမားတစ္ေယာက္အသင္းကိုေရာက္ရွိလာဖို႕အတြက္ၾကီးမားတဲ့အတားအစီးတစ္ခုျဖစ္ေစပါတယ္။ ေပါ့ဂ္ဘာကေတာ့ ၂၀၁၆ ခုႏွစ္တုန္းက ယူႏိုက္တက္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ ၈၉ သန္းနဲ႔ ေရာက္လာခဲ့ေပမယ့္ စြမ္းေဆာင္ရည္ေတြ ဆက္တိုက္က်ဆင္းခဲ့ပါတယ္။ တနလာၤေန႔တုန္းက လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက ယူႏိုက္တက္အေနနဲ႔ ေပါ့ဂ္ဘာကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ ေရာင္းထုတ္သင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။