နွေရာသီမှာ ရာမို့စ်အပြင် ဗာရာနီကိုပါ ဆုံးရှုံးရဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ရီးရဲလ်နောက်ခံလူ ရာဖေးလ်ဗာရာနီဟာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်လိုတာကြောင့် အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ ဗာရာနီဟာ ၂၀၁၁ ခုနှစ်က ရီးရဲလ်ကိုရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၅၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စပိန်သတင်းဌာနတစ်ခုကတော့ ပြင်သစ်သားဟာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ချင်တာကြောင့် စပိန်မြေကို စွန့်ခွာချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗာရာနီရဲ့စာချုပ်သက်တမ်းက ၂၀၂၂ မှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းက အလွတ်ထက် ငွေကြေးတစ်ရပ်နဲ့သာ ရောင်းချချင်နေပါတယ်။

ကစားသမားကလည်း စိန်ခေါ်မှုအသစ်တွေလိုချင်တာကြောင့် စာချုပ်သစ်မချုပ်ဘဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ ဇီဒန်း နဲ့ ဗာရာနီတို့ဟာ တစ်နိုင်ငံတည်းသားတွေဖြစ်တာကြောင့် ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေတော့ ရှိနေပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ အခြားတစ်ဖက်မှာလည်း ရာမို့စ်ထွက်ခွာဖြစ်ရင် ရေတိုအစားထိုးဖို့ နောက်တန်းကစားသမားရှာဖွေရဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်သားဟာ ယခုရာသီအကုန်မှာ ရီးရဲလ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

ရာမို့စ် နဲ့ ဗာရာနီတို့ ၂ ဦးဟာ နည်းပြ ဇီဒန်းလက်အောက်မှာ အဓိကနောက်ခံလူတွေအဖြစ် ခြေစွမ်းပြနေပြီး သတင်းတွေအရ ရာသီကုန်မှာ ၂ ဦးစလုံးကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ေႏြရာသီမွာ ရာမို႔စ္အျပင္ ဗာရာနီကိုပါ ဆံုးရႈံးရဖို႔ ရွိေနတဲ့ ရီးရဲလ္မက္ဒရစ္

=================
သတင္းေတြအရ ရီးရဲလ္ေနာက္ခံလူ ရာေဖးလ္ဗာရာနီဟာ စိန္ေခၚမႈအသစ္ေတြရင္ဆုိင္လိုတာေၾကာင့္ အခုရာသီအကုန္မွာ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။
ဗာရာနီဟာ ၂၀၁၁ ခုႏွစ္က ရီးရဲလ္ကိုေရာက္လာခဲ့တာျဖစ္ျပီး အသင္းအတြက္ ၃၅၃ ပြဲအထိ ပါ၀င္ကစားေပးထားခဲ့ကာ ဆုဖလား ၁၈ လံုးအထိ ရယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ စပိန္သတင္းဌာနတစ္ခုကေတာ့ ျပင္သစ္သားဟာ စိန္ေခၚမႈအသစ္ေတြရင္ဆိုင္ခ်င္တာေၾကာင့္ စပိန္ေျမကို စြန္႔ခြာခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ဗာရာနီရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၂ မွာ ကုန္ဆံုးမွာျဖစ္ျပီး ရီးရဲလ္အသင္းက အလြတ္ထက္ ေငြေၾကးတစ္ရပ္နဲ႔သာ ေရာင္းခ်ခ်င္ေနပါတယ္။

ကစားသမားကလည္း စိန္ေခၚမႈအသစ္ေတြလိုခ်င္တာေၾကာင့္ စာခ်ဳပ္သစ္မခ်ဳပ္ဘဲ အသင္းကေန ထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။
ဇီဒန္း နဲ႔ ဗာရာနီတုိ႔ဟာ တစ္ႏိုင္ငံတည္းသားေတြျဖစ္တာေၾကာင့္ ေကာင္းမြန္တဲ့ဆက္ဆံေရးအေျခအေနေတာ့ ရွိေနပါတယ္။
ရီးရဲလ္အသင္းအေနနဲ႔ အျခားတစ္ဖက္မွာလည္း ရာမို႔စ္ထြက္ခြာျဖစ္ရင္ ေရတိုအစားထိုးဖို႔ ေနာက္တန္းကစားသမားရွာေဖြရဖြယ္ရွိေနတာျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္သားဟာ ယခုရာသီအကုန္မွာ ရီးရဲလ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈမရေသးတာျဖစ္ပါတယ္။
ရာမို႔စ္ နဲ႔ ဗာရာနီတို႔ ၂ ဦးဟာ နည္းျပ ဇီဒန္းလက္ေအာက္မွာ အဓိကေနာက္ခံလူေတြအျဖစ္ ေျခစြမ္းျပေနျပီး သတင္းေတြအရ ရာသီကုန္မွာ ၂ ဦးစလံုးကို လက္လႊတ္ရဖြယ္ရွိေနပါတယ္။